မွတ်စလင်မ်တွေကို ဆန့်ကျင်ဖို့ အသေအကြေမဟာမိတ်ဖွဲ့လျက်ရှိ

မွတ်စလင်မ်တွေကို ဆန့်ကျင်ဖို့ အသေအကြေမဟာမိတ်ဖွဲ့လျက်ရှိ

လူအသက်တွေ အသတ်ခံခဲ့ရမှု မြင့်မားခဲ့ရတဲ့ မွတ်စလင်မ် လူနည်းစုတွေကို တိုက်ခိုက်ခဲ့တာတွေ ဖြစ်ပွားစေဖို့ လှုံဆော်ခဲ့တာတွေနဲ့ပတ်သက်ပြီး ရပ်တန်းက ရပ်ကြဖို့ သီရိလင်္ကာနဲ့ မြန်မာပြည်က ဗုဒ္ဓဘာသာ အစွန်းရောက် အုပ်စုတွေကို
ပြီးခဲ့တဲ့ ဇူလိုင်လ က ကျရောက်ခဲ့တဲ့ သူရဲ့ ၇၉ နှစ်မြောက်မွေးနေ့မှာ ဒလိုင်းလားမားက မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။
ဗုဒ္ဓဘာသာရဲ့ ကျောရိုး သတင်းစကားဖြစ်တဲ့ မေတ္တာ တရားကို ဆန့်ကျင်လို့ကာ ဒီအုပ်စုခေါင်းဆောင်တွေဟာ မွတ်စလင်မ်တွေကို ဆန့်ကျင်ဖို့ အကြောင်းပြု မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။


” အပြည်ပြည်ဆိုင်ရာ မိတ်ဖက်ပြု ပေါင်းစည်းကြရမဲ့ အချိန် ရောက်လာပြီ ” လို့ လွန်ခဲ့တဲ့လက ကိုလံဘိုမှာကျင်းပတဲ့ ညီလာခံတစ်ခုမှာ သီရိလင်္ကာ အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စု ” ဗုဒ္ဓ ဗလ စီန” ရဲ့ခေါင်းဆောင် ဖြစ်တဲ့ ဂါလာဂိုဒါသဲ နာနာဆာရ က ကြေငြာ ခဲ့ပါတယ်။
ဒီညီလာခံ မှာ ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့တဲ့သူကတော့ ဇူလိုင်လ ၁ ရက်နေ့က တိုင်းမဂ္ဂဇင်း မျက်နှာဖုံးမှာ ဗုဒ္ဓဘာသာ အကြမ်းဖက် မျက်နှာစာ လို့ သူရဲ့ မျက်နှာနဲ့ ဖေါ်ပြခြင်း ခံခဲ့ရသူ တစ်ဦးဖြစ်တဲ့ အရှင်ဝီရသူပဲဖြစ်ပါတယ်။

တိုင်းပြည်အတွင်းမှာ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု တွေ ပိုမိုတိုးပွားလာမှာကို စိုးရိမ်ရတဲ့ အတွက် ၀ီရသူကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးခြင်း မပြုဖို့ သီရိလင်္ကာ မွတ်စလင်မ် နဲ့ ခရစ်ယာန် အဖွဲ့တွေရဲ့ မေတ္တာရပ်ခံချက်ကို သီရိလင်္ကာဝန်ကြီးချုပ် မဟိန္ဒ ရာဂျပတ်ဆရဲ့ အစိုးရက မျက်ကွယ်ပြုခဲ့ပါတယ်။
ဝီရသူကို ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုလိုက်ခြင်းက အစိုးရက ဗုဒ္ဓစွမ်းအားရှင်တပ်လို့ အဓိပ္ပါယ် ထွက်တဲ့ ” ဗုဒ္ဓ ဗလ စီန” အုပ်စုကို ဒေသတွင်း ပိုပြီးအင်အားတောင့်တင်းစေဖို့ ကျားကန် ပေးတာကလွဲလို တခြားဘာမှ မဟုတ်နိုင်ဘူး ဆိုတဲ့ မွတ်စလင်မ်တွေရဲ့စိုးရိမ်မှုကို တိုးပွားစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ အပတ်က နာနာဆာရ က အိန္ဒိယ ဟိန္ဒူ လက်ယာ အစွန်းရောက် အုပ်စုဖြစ်တဲ့ Rashtriya Swayam Sevak အုပ်စုနဲ့ တောင်အာရှ အတွင်း ဟိန္ဒူ-ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးဇုံတစ်ခု တည်ထောင်ရေးအတွက် အထူးအဆင့်မြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Rashtriya Swayam Sevak အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်တဲ့ Ram Madhav က တော့ ဒီလိုဆွေးနွေးခဲ့တာ မျိုးမရှိခဲ့ပါဘူးလို့ ချက်ချင်းပဲ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အိန္ဒိယ အာဏာရပါတီ Bharatiya Janata Party ရဲ့ အထွေထွေ အတွင်းရေးမှုးဖြစ်တဲ့ Mr. Madhav က Bodu Bala Sena အဖွဲ့နဲ့ မြန်မာနိုင်ငံက ၀ီရသူရဲ့ ၉၆၉ အဖွဲ့ တွေကို ကိုယ်ချင်းစာတယ်လို့ သူရဲ့ ဖေ့ဘွတ်နဲ့ တွစ်တာ အကောင့်တွေမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါဟာ အစ္စလာမ် ကြောက် အုပ်စုတွေအတွက် ဘာသာရေးဆိုင်ရာ အုပ်စုကွဲတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ အကြောက်အရွံမရှိ မကြာခဏပြုလုပ်တာတွေနဲ့ ပတ်သက်ပြီး မျက်ကွယ် ပြုသွားမယ့် သဘောရှိတဲ့ သီရီလင်္ကာ က ရာဂျာပတ်ဆ မြန်မာ သမ္မတ သိန်းစိန် နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီ တို့ရဲ့ နိုင်ငံရေး အရ မိတ်ဖက်ပြုမှု က ဖြစ်လာတဲ့ ရူးသွပ်မှု တစ်ခုသာဖြစ်ကြောင်းသိရှိရပါတယ်။

ဘာသာပြန် – နိုင်ဦး (မြန်မာမွတ်စလင်မ် မီဒီယာ)
Ref : The New York Times –

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: