House of Cards (U.S. TV series) and နိုင်ငံရေးမှာ နိုင်ငံရေးပါတီအချင်းချင်း အပေးအယူ လုပ်တဲ့ ဒီမိုကရေစီ သဘောကို နားမလည်ကြသေးပါဘူး

IF U R interested in manipulating and intense lobbying the opposition or those who disagree with the mainstream…please watch this TV series…which is waited and watched regularly even by President Mr. Barack Obama.

Read ihe above stories in Wikipedia

မြန်မာ့နိုင်ငံရေး အတွေးအခေါ် ( အပိုင်း – ၁၆ )
————————————————–
အခြေခံဥပဒေ ရေးဆွဲအတည်ပြုတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ လွတ်လပ်ရေးရပြီး ကျင်းပတဲ့ ပါလီမန်လွှတ်တော်တွေမှာဖဆပလ အဖွဲ့ချုပ်က ကြီးစိုးပါတယ် ၊ ဖဆပလ အဖွဲ့ထဲမှာ တဦးချင်းအနေနဲ့ရော၊ ပါတီဝင်အနေနဲ့ရော ၊ ပါဝင်တာမို့
တသီးပုဂ္ဂလ အမတ် ရှိသလို ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်အမတ်လည်း ရှိပါတယ် ။

နောက်တော့ ကွန်မြူနစ်နဲ့ ပြည်သူ့ရဲဘော်တို့က တောခိုပြီး လက်နက်ကိုင်တော်လှန်ကြလို့ ပါလီမန်လွှတ်တော်ထဲမှာ
ဆိုရှယ်လစ်ပါတီဝင်နဲ့ တသီးပုဂ္ဂလအမတ်တွေပဲ ကျန်ပါတော့တယ် ။

အားလုံး ဖဆပလ အဖွဲ့ဝင်တွေ ဖြစ်နေလို့ ဖဆပလအစိုးရကို အတိုက်အခံလုပ်မယ့်သူ ပါလီမန်လွှတ်တော်ထဲမှာမရှိသေးပါဘူး ။

၁၉၅၀ မှာတော့ အာဏာရ ဖဆပလအဖွဲ့ဝင် ဆိုရှယ်လစ်တွေက ခွဲထွက်ပြီး သီးခြားပါတီ တည်ထောင်တဲ့ အခါမှာတော့လွှတ်တော်ထဲမှာ အတိုက်အခံ ဆိုတာ ပေါ်ထွက်လာပါတော့တယ်။

မြောက် နဲ့ တောင် ကိုရီးယား စစ်ပွဲ ကိစ္စကို အကြောင်းပြုပြီး သဘောထားမတူတဲ့ သခင်လွင်နဲ့ သခင်လှကြွေကို ဖဆပလ အဖွဲ့ကြီးက ထုတ်ပယ်ပစ်လိုက်ပါတယ်။

ပါတီတွင်း သဘောထားကွဲလွဲမှုကို လက်မခံကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ဒီမှာ သခင်လွင်နဲ့ သခင်လှကြွေတို့ဟာ အလုပ်သမား ၊ လယ်သမား ပါတီကို တည်ထောင်ခဲ့ပါတယ်။

ကွန်မြူနစ်အယူအဆကို လက်ခံတဲ့ ဆိုရှယ်လစ်မို့ သူတို့ကို ဆိုရှယ်နီလို့ ခေါ်ပါတယ်။
၁၉၅၁ မှာတော့ လွှတ်တော်ထဲမှာ ဆိုရှယ်နီ အမတ် ၁၀ ယောက်ထိ ရှိလာပါတယ်။

နောက်တခါ ဗိုလ်ချုပ်ရဲ့ အကို ဦးအောင်သန်းခေါင်းဆောင်တဲ့ လွှတ်တော်အမတ် ၇ ဦး ဖဆပလက ခွဲထွက်ပြန်တဲ့အခါလွှတ်တော်ထဲမှာ အတိုက်အခံအမတ်ဦးရေ တိုးလာခဲ့ပါတယ် ။ ဒါပေမယ့် တသီးပုဂ္ဂလ အမတ်ရော ထည့်ရေတွက်
ရင်တောင် အတိုက်အခံအမတ်ဟာ ၃၀ မကျော်ပါဘူး ။ ဖဆပလအမတ်ကတော့ ၂၀၀ လောက် ရှိနေပါတယ်။

ဒီလို အတိုက်အခံအမတ်တွေ ရှိလာတာကို ဖဆပလအဖွဲ့ဝင် ပဲခူးအမတ် ဗိုလ်ခင်မောင်က လွဲလို့ ကြိုဆိုတဲ့သူမရှိခဲ့ပါဘူး ။ အာဏာရ ပါတီက ခွဲထွက်ပြီး အတိုက်အခံလုပ်နေတာကို စက်ဆုပ်ရွံရှာစရာအဖြစ်မြင်ကာ မထီမဲ့မြင်
လုပ်ခဲ့ကြပါတယ် ။

ဒီလို အတိုက်အခံအမတ်တွေကို အာဏာရပါတီက မထီလေးစားလုပ်ပြီး လှောင်ပြောင်ကဲ့ရဲ့တာများလာတဲ့ အတွက် ၁၉၅၁ မတ်လ ၁၉ ရက်နေ့ ပါလီမန် အစည်းအဝေးပြီးတဲ့အခါမှာ အတိုက်အခံအမတ် ၁၈ ဦးဟာ အပြင်မထွက်ဘဲ
လွှတ်တော်ထဲမှာ ၂၄ နာရီ ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။

ပါလီမန် လွှတ်တော်သမိုင်းမှာ အခုလို လွှတ်တော်အမတ်တွေ သပိတ်မှောက်တာဟာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပါ။

သပိတ်မှောက်ရတဲံ ရည်ရွယ်ချက်ကတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရရှိမှု၊ အစည်းအဝေးမှာ အဆိုတင်သွင်းခွင့်မရမှု၊ အတိုက်အခံတွေ ပြောခွင့်မရအောင် လုပ်ထားမှု စသဖြင့် ပါဝင်ပါတယ်။

ဒီလိုနဲ့ ပါလီမန်လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တွေ သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

အစိုးရ အဆိုပြုတာကို အလေးအနက် မဆွေးနွေးဘဲ အမြဲတမ်းထောက်ခံ အတည်ပြုနေတဲ့ လွှတ်တော်ဟာ အင်မတန် ငြီးငွေ့စရာကောင်းတဲ့ နေရာပါ။

ခုလို အတိုက်အခံအမတ်တွေရှိလာတော့ ပြောကြဆိုကြ ဝေဖန်ကြမို့ အဓိပ္ပါယ်ရှိတာ မရှိတာ အပထား ။စိုစိုပြေပြေ ဖြစ်လာတာတော့ သေချာပါတယ်။
ဒါပေမယ့်လို့ အတိုက်အခံတွေရဲ့ တင်ပြချက်တွေ ဆွေးနွေးမှုတွေဟာ တခုမှ အစိုးရက အသိအမှတ်ပြုခြင်းမခံခဲ့ကြရပါဘူး ။

• အတိုက်အခံကို လစ်လျူရှုထားဖို့ ဒါမှ မဟုတ် မလှန်နိုင်အောင် ဖိထားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဗမာမင်း စိတ်ဓာတ်မျိုးပဲလို့ ဆိုပါတယ်။ ဗမာဘုရင်ခေတ်မှာ အတိုက်အခံလုပ်သူကို အဖျက်သမား၊ သူပုန်လို့ယူဆသလို ဖဆပလ ခေတ်မှာလည်း ဒီလို ယူဆနေတုန်းပါ။ နိုင်ငံရေးမှာ နိုင်ငံရေးပါတီအချင်းချင်း အပေးအယူ လုပ်တဲ့ ဒီမိုကရေစီ သဘောကို နားမလည်ကြသေးပါဘူး ။

လက်ရှိ ဒီမိုကရေစီ သဘောတရားတွေနဲ့ နှိုင်းယှဉ်နိုင်အောင် ကျနော် ကျော်ချလိုက်တယ် ဗျာ ။ နောက် အပိုင်းတွေ ဘယ်သူ မှ စိတ်မ၀င်စားချင်နေ ကျနော် တင်သွားမှာပါ ။

ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: