The ROAD to campaign misusing Ma Ba Tha…Race and Religion…i.e. Ultra-Nationalism, Hyper-Patriotism and using Apartheid ideology is OPENED for the USDP and Myanmar Military မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်

NLD, DASSK, 88, 2007 Monks and Democratic forces are acting deaf and dumb like a lame sitting duck without any sound strategy but just naively hoping to win by playing to the gallery. Daw Suu is ignorant that the GOOD leader should not always follow the people’s popular opinion but must have the quality and ability to shape their opinion and lead forward.

Now the flood-gates are shamelessly opened.

The ROAD to campaign misusing Ma Ba Tha…Race and Religion…i.e. Ultra-Nationalism, Hyper-Patriotism and using Apartheid ideology is OPENED for the USDP and Myanmar Military.

This proves that the USDP and Myanmar Military are ready to play dirty politics to rob the votes from NLD.

So they hope to win the 2015 GE Myanmar by hook or by crook.

မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်
===================================================
ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာများအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“လူမျိုးရေး ဘာမှမပြောဘူး။ ဘာသာရေးလည်း လုပ်ချင်လုပ် ဖွင့်ပေးမယ်၊ သိပ်ပေါ်တင်ကြီး ဖြစ်လာလို့ ရွေးကောက်ပွဲပြီး ကန့်ကွက်လွှာတင်တိုင်လာမှ ဥပဒေအရ အဆုံးဖြတ်ပေးမယ်။ ဒါကတော့ ကျွန်တော့် တို့ လက်ထဲရောက်လာပြီ။ ဥပဒေအတိုင်း လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများ နှင့် ပါတီကိုယ်စား လှယ်လောင်းများသည် မဲဆွယ်စည်းရုံးခြင်းကို ရွေးကောက်ပွဲ ကာလ တွင် သတ်မှတ် စည်းမျဉ်းများအတိုင်း လှုပ်ရှားဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့၏ မဲဆွယ်စည်းရုံး ရေးလုပ် ဆောင်ချက်များကိုမူ အရပ်ဘက် အဖွဲ့အစည်များက လေ့လာစောင့်ကြည့်မည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီ ဒေါက်တာ အေးမောင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြီးသည့်အချိန်တွင်မှ ပါတီအချင်းချင်း ပုဂ်္ဂိုလ်ရေးထိုးနှက်မှုများ၊ ဘာသာရေးခုတုံးလုပ်မှုများကို အရေးယူမည်ဟု ပြောကြားချက်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် ဟုပြောသည်။

၎င်းက “ကော်မရှင်က ရွေးကောက်ပွဲမှာ ဘာမှမပြောဘဲ ပွဲပြီးမှ ကျင့်ဝတ်နဲ့ ထိန်းမယ်၊ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အရေးယူတာတွေ ဖြစ်လာတော့မယ်”ဟု ပြောသည်။

ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများဘက်မှ ကျင့်ဝတ်လိုက်နာရန် လိုအပ်သည့် တိုက်တွန်းပြော ကြားချက်အပေါ် ချင်းဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇိုဇမ်က “မြို့နယ်ဒိုင်တွေက သူ့လူ ကိုယ့်လူရှိနေတယ် လေ၊ ကော်မရှင်ဥက္ကဋ္ဌပြောတာကို ယုံပါတယ်။ သူ့ဘေးဒိုင်တွေကို မယုံဘူး။ဘေးဒိုင်ဖြစ်တဲ့ မြို့နယ်ကော်မ ရှင်တွေက အခရာ။ မြို့နယ်ကော်မရှင်တွေက ကျင့်ဝတ်လိုက်နာဖို့အရေးကြီးဆုံး။ ဒိုင်လူကြီး တွေဖြစ်တဲ့ ကော်မရှင်အဖွဲ့ခွဲတွေက မတရားဘူးဆိုရင် ဒီကစားပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူး။ဥပဒေ ဘောင်ပေါ်မှာ ခွပြီး ထိုင်နေတာ ကော်မရှင်ဖြစ်တယ်” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲနှင့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလများတွင် နိုင်ငံ ရေးပါတီအချို့၏ မသင့်လျော်သော မဲဆွယ်စည်းရုံးမှုများ၊ ပုဂိ္ဂုလ်ရေးထိုးနှက်မှုများကြောင့် ပဋိပက္ခ အသွင် ဆောင်သည့် ဖြစ်ရပ်အနည်းငယ်ရှိခဲ့ သည့်အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထပ်မံမဖြစ်စေ ရန် ပါတီ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များသည် ကိုယ်တိုင်လိုက်နာရမည့် ကျင့်ဝတ် များကို ထိန်း သိမ်းကာ သိက္ခာရှိသော မဲဆွယ်စည်းရုံးမှုများရှိရန် လိုအပ်သည်ဟုလည်း ဦးတင်အေးက အသိပေးပြော ကြားခဲ့သည်။

ဓါတ်ပုံ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (Myanmar Peace Center) တွင်ပြုလုပ်ကျင်းပရာ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ရှင်းလင်းနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ – ဟိန်းထက်၊ မဇ္ဈိမ)
ှSource – Mizzima Daily

One Response to “The ROAD to campaign misusing Ma Ba Tha…Race and Religion…i.e. Ultra-Nationalism, Hyper-Patriotism and using Apartheid ideology is OPENED for the USDP and Myanmar Military မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်”

  1. drkokogyi Says:

    Bran Sai
    14 hrs ·

    ဖင်အေးရဲ့ လှည့်ကွက်က ရှင်းရှင်းလေးပါ …။

    ဥပမာ .. ကျနော် ပြောမယ် … ကြားဖြတ်တုန်းက ကျနော်တို့မှာ

    စည်းမျဉ်းစည်းကမ်း လိုက်နာလိုက်ကြရတာ …

    အမတ်ကြီးကလည်း တဖွဖွ … မတော် တိုင်ခံရမှာကိုး …

    ကော်မရှင်ကို တပတ်ခွာတင်ပါဆို တင်ရတယ် …။

    ဆိုင်းဘုတ်အောက်မှာသာ ဟောပြောခွင့်ရှိတယ်ဆိုလို့

    အမြဲ ပါတီ ဆိုင်းဘုတ် ဆောင်ထားရတယ် …

    ဆိုင်းဘုတ်တင်ပွဲ အရင်လုပ်ပြီးမှာ ဟောပြောပွဲ တန်းလုပ်ရတယ်။

    ဘာသာရေးနဲ့ ဆိုင်တဲ့ နေရာ ၊ ဌာနဆိုင်ရာနဲ့ ဆိုင်တဲ့နေရာ

    အစရှိတဲ့ နေရာတွေမှာ မလုပ်ရဆိုလို့ … ရှောင်ကြ ရှားကြ

    ရတယ် … စကားကို အင်မတန် သတိထား ပြောရတယ် …။

    ဟာသတွေတောင် အချင်းချင်း လုပ်မိကြတယ် …

    အမတ်လောင်းကြီး ဆရာက သူဆေးကုပေးခဲ့တဲ့နယ်

    မွတ်စလင်ရွာရောက်တော့ “ ဆလမ်မာလေးကွမ်း ” လို့

    နှုတ်ဆက်တော့ ကျနော်တို့က …

    “ ဟာ ဆရာ ခင်ဗျား ရွေးကော် ဥ နဲ့ ငြိပြီ ” လို့ စကြတယ်။

    ဒီလောက်ထိ ကျနော်တို့ အစွန်းအထင်း မရှိအောင်

    ဂရုစိုက်ခဲ့ကြရတယ် …။

    ဒါပေမယ့် ကြံ့တွေကတော့ စိတ်ကြိုက်နေရာမှာ လုပ်တယ်။

    အများစု ဘုန်းကြီးကျောင်း ၊ ဘုန်းကြီးကို ဇွတ် အပူကပ်ပြီး

    မလာမနေရ ကြေငြာတာမျိုး လုပ်တယ် … ပြောချင်ရာပြောတယ်။

    ဥပမာ … မွတ်တွေကို မှတ်ပုံတင် လုပ်ပေးမယ် ဆိုတာမျိုးကအစ

    စည်းရုံးတယ် … တိုင်တော့လား … ငတိုင်ပေါ့ … ပုလင်းတူ ဘူးဆို့

    တွေလေ … ဘယ် အရေးယူမလဲ …

    ခုလည်း ဒီ အပေါက်ကို ချိုးတာ ဒီမို အမတ်တယောက်က

    ဘာသာရေးနဲ့ မဲဆွယ်ကြည့်ပါ့လား … အစောက ပုဒ်မ ၄၀၆ တို့

    ၄၀၇ တို့ နဲ့ ကိုယ်စားလှယ်ကို ပယ်ပစ်မယ် … ကဲ ။။။

    ဒါ တကယ်တော့ … ( ဖင်အေး စကားက ) ထောင်ချောက်ပါ ။

    ဒါပေမယ့် ထောင်ချောက်အပြင် သူတို့ကျတော့ စိတ်ကြိုက်

    စည်းရုံးခွင့်ရအောင် လုပ်သွားတာ … ဒေါင်းဇား အေဘေး ။။။

    ကလိမ်ကကျစ်ကောင် … လုံးဝ ဒီ စကားလုံးကို ခုကတည်းက

    အပြင်းအထန် ဆန့်ကျင်ရမယ် ။ ဆန့်ကျင်သင့်တယ်။

    ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: