ကိုယ်ချင်းစာနိုင်တဲ့ကမ္ဘာကြီးဖြစ်ပါစေ

ကို ထင် feeling ကိုယ်ချင်းစာနိုင်တဲ့ကမ္ဘာကြီးဖြစ်ပါစေ

တွေးမိတာလေး တွေးမိသလိုရေး

ယိုးဒယားလိပ်ကျွန်း လူသတ်တရားခံလို.အစွပ်စွဲခံရတဲ့ရွှေ.ပြောင်း ဗမာလုပ်သားလေးနှစ်ယောက်အတွက် ကာကွယ်ပြောဆိုကြပြီးတရားမျှတမှုကို တောင်းဆိုကြတဲ့အထဲမှာ သူ.နိုင်ငံသားတွေနဲ. သတင်းမီဒီယာတွေပါ ပါဝင်နေတဲ့ကိစ္စအပေါ် သူတို.နိုင်ငံသားတွေရဲ.ကြောင်းကျိုးဆီလျော်စွာ ဆင်ဖြင်စဉ်းစားနိုင်မှုဟာ သူတို.တိုင်းပြည်ရဲ. ပညာရေးကြောင့်လို.ထောက်ပြပြောဆိုတဲ့ ပိုစ့်လေးတစ်ခုကိုတွေ.လိုက်ရပါတယ်။ တစ်ဆက်ထဲဘဲ ဗမာပြည်ပညာရေးမှာ အခမဲ့မသင်မနေရအခြေခံပညာကိုတောင်မှ သင်ခွင့်မရ၊ သင်ခွင့်ရငြားသော်လည်း ဆင်ခြင်တုံတရားနဲ.ကျိုးကြောင်းဆက်စပ်မှုကို အားမပေးလှတဲ့စံနစ်အပေါ်ရင်မောမိပြီး ဓားစာခံ ကျောင်းသားကလေးသူငယ်များအတွက် စိတ်မကောင်းဖြစ်ရပါတယ်။

အကယ်၍သာအခုလိုအလားတူကိစ္စမျိုး ဗမာပြည်မှာဖြစ်ခဲ့ရင် ဘယ်လိုများတုန်.ပြန်ကြလေမလဲ၊ သိချင်လိုက်တာဗျာ

ကဲ … ဇာတ်လမ်းစပြောကြည့်မယ်ဗျာ၊
အသက် (၂၀) ကျော်ဘင်္ဂါလီကောင်လေးနှစ်ယောက်ဟာ ငပလီနားက ငါးပိ ငါးခြောက်လုပ်ငန်းမှာ လာပြီးအလုပ်လုပ်ကြပါတယ်။ တရုတ်သမီးရည်းစားလေးနှစ်ယောက် ငပလီကတည်းခိုခန်းတစ်ခုမှာ သူတို.အပေါင်းအသင်းတရုတ်လေးများနဲ.လာရောက်လည်ပတ်၊ စားသောက်ကြပြီး၊ နောက်တစ်နေ.မနက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက် စစ်တွေရဲစခန်းအမှုကိုင်ရဲအရာရှိက သီတင်းတစ်ပါတ်အကြာမှာ
ရွှေ.ပြောင်းလုပ်သား ဘင်္ဂလီလေးနှစ်ယောက်ကိုဖမ်းဆီး စစ်ဆေးပြီး လူသတ်တရားခံအဖြစ်ဝန်ခံကြောင်း အတည်ပြုလိုက်ပါတော့တယ်။

အဲသလိုဖြစ်လာတဲ့အခါမျိုးမှာ

– ငါ -ိုးမသားဘင်္ဂါလီတွေ တစ်ခါတည်းရိုက်သတ်ပစ်လိုက်
– ဖြစ်မှာပေါ့ ဘင်္ဂါလီတွေ ဒီလောက်များနေတာ
– အဲဒီကောင်တွေနေတဲ့ရွာကိုမီးရှို.လိုက်
– ဒီကောင်တွေကြောင့် မငြိမ်းချမ်းတာကွာ
– ခွေးကုလားတွေရှိနေသမျှ ဒါမျိုးတွေဖြစ်နေမှာဘဲ
– သွေးအေး၍မနေသင့်တော့ပြီ
– မြန်မာထလော့ ထလော့မြန်မာ (ကျိုးနေလျင်ထိုင်နေပါ)
– –ီးကုလားတွေ စောက်ကျင့်ကိုယုတ်တယ်
– ဒါကြောင့် ၉၆၉ ကသိပ်အရေးကြီးတယ်
… စသည်ဖြင့် တုန်.ပြန်ကြလေမလား

– တရားဥပဒေအတိုင်းဆောင်ရွက်ကြပါ
– နိုင်ငံတကာစံချိန်စံညွှန်းနဲ.အညီဆောင်ရွက်ပေးကြပါ
– လူသတ်တရားခံအစစ်ကိုဖော်ထုတ်နိုင်အောင်အားပေးကြပါ
– မှတ်တမ်းမှတ်ရာတွေကို ရဲတပ်ဖွဲ.ကိုပေးပို.ကြပါ
– နိုင်ငံတကာကကျွမ်းကျင်ပညာရှင်တွေကို ပြည်ဝင်လေ့လာခွင့်ပေးကြပါ
– တရားခံလို.မသေချာမခြင်း ဆိုးဆိုးဝါးဝါးတွေမစွပ်စွဲကြပါနဲ.
– ဆဲတာဆိုတာခြိမ်းခြောက်တာတွေ ရင့်ရင့်သီးသီးမလုပ်ကြပါနဲ.
– လူသားတစ်ဦးအဖြစ် နောက်ဆုံးပြစ်ဒဏ်ကျခံချိန်အထိ အခွင့်အရေးရပါစေ
… စသည်ဖြင့် တုန်.ပြန်ကြလေမလား

တကယ်တော့ ကိုယ့်အသားထိမှနာတတ်တယ်ဆိုရင် လူမဟုတ်လို.ပါဘဲ။
– ပြောမှသိ
– ထိမှနာ
– သာမှနေ
– သေမှခင် လူတွင်မကျင့်အပ် ရယ်လို.တော့ အဆုံးအမခံခဲ့ဖူးပါသဗျာ ။ ။

(မှတ်ချက်။ ။ စာကိုသေသေချာချာမဖတ်ဘဲနဲ. ဘင်္ဂါလီလော်ဘီဆိုပြီး ဆဲကြမှာတော့မြင်ယောင်သေးမိတော့တယ်။ ဆဲရင်တော့ဘလော့ခ်မှာပါ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: