“ဘုရားကလက်နဲ့ရေး…..ဘုရားသားတွေကခြေနဲ့ဖျက်”…

“ဘုရားကလက်နဲ့ရေး…..ဘုရားသားတွေကခြေနဲ့ဖျက်”…
.
ဘုန်းကြီးတွေဈေးထဲ ဆိုင်ထဲတွေထိဝင်ရောက်အလှုခံကြသဖြင့်သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းကအရေးယူခဲ့ရသည့်အဖြစ်တွေကို မ
ကြာခဏတွေ့မြင်ကြားသိနေရသည်။ဝိနည်းကွယ်လျှင်သာသနာကွယ်မည်ဟု အမရပူရမဟာဂန္ဒာရုံဆရာတော် ရှင်ဇနကာဘိဝံသ ကရေးခဲ့ဖူးသည်။မြတ်စွာဘုရားကိုယ်တိုင်ကလည်း ငါဘုရား၏သာသနာကို ငါ့ဘုရားသားတော်များသာဖျက်ဆီးလီမ့်မည်ဟူသော စကားရှိခဲ့သည်ကိုပင် မ.ဘ.သ များ..၉၆၉ များက တစ်ခြားဘာသာဝင်များကြောင့်ဘာသာသာသနာ ပျက်ဆီးတော့မယောင်ယောင် လီမ်လည်ပြောဆိုနေကြသည်ကိုလည်းတွေ.နေရပေသည်။ဘုရားစကားကိုပင်မြောင်းထဲလွှင့်ပစ်ပြီးသူ့တို့စကားကပဲ ဘုရားစကားထက်မှန်နေသယောင်ယောင်…ဘုရားထက်သူ့တို့ကပဲ ပိုသိသယောင်ယောင်ဖြစ်နေသေးတော့သည်။ယခုလည်းမစိုးရီမ်တိုက်သစ်အတွင်း ၁၉.၁၀.၂၀၁၄ ရက်နေ့ကကျင်းပခဲ့သောအလှုတစ်ခုတွင် သံဃာဆိုသူများက ၀ိနည်းတော်အရတားမြတ်ထားသောရွှေ၊ငွေ အလှုခံခြင်းကို ရဲတင်းစွာပြုလုပ်ခဲ့ကြပါသည်။ပေးတဲ့သူကလည်းပေးသည်၊ယူတဲ့သူကလည်းယူသည်။

ဤသည်ကိုကြည့်၍နောင်တွင် သည်ထက်ဆိုးဝါးသောဝိနည်းချိုးဖောက်မှုများကိုအတင့်ရဲစွာပြုလုပ်လာကြမည်မလွဲပါ။ယခုအခါတွင်ပင်လျှင် မုဒီမ်းကျင့်သောဘုန်းကြီး၊သူခိုးဘုန်းကြီး၊အရက်သမားဘုန်းကြီး၊လောင်းကစားဘုန်းကြီး၊မူးယစ်ဆေးဝါးသုံးစွဲ သောရောင်းဝယ်သောဘုန်းကြီး၊ငွေတိုးချေးသောဘုန်းကြီး၊ကားဆိုင်ကယ်ကိုယ်တိုင်မောင်းသောဘုန်းကြီး၊ဆိုင်ကယ် TAXI ထောင်ထားသောဘုန်းကြီး၊စီးပွားရေးလုပ်ငန်းများတွင်ရှယ်ယာထည့်ထားသောဘုန်းကြီး၊သာသနိကအဆောက်အဦးထဲတွင် ပွဲရုံ၊ထမင်းဆိုင်၊၀ပ်ရှော့၊ကားဂိတ် ဖွင့်ကာစီးပွားရှာနေသောဘုန်းကြီး၊ဆွမ်းခံရလာသော ဆွမ်းဟင်းကိုပင်ပြန်ရောင်းစားသောဘုန်းကြီးး……. စသည်ဖြင့်မြင်တွေ.နေကြရပြီးဖြစ်ပေသည်။ရွှေငွေအလှုခံခြင်းနှင့်ပက်သက်၍ ၀ိနည်းတော် သံဃာဒိသေသအခဏ်း ကာယသံသဂ္ဂ သိက္ခာပုဒ်မှာ အခုလို ၀ိနည်းတော်လာရှိပါတယ်။ “ပုလဲ ပတ္တမြားမှစ၍ ရွှေငွေ(ပိုက်ဆံ,ငွေစက္ကူတို့ပါ) ရတနာအမျိုးမျိုးကို မထိ မကိုင်ရ။(ငွေကိုင်လျှင် ဒုက္ကဋ်အာပတ်,မိဘ ဒကာဒကာမတို့ကလှုသည်ကိုခံယူလျှင်၎င်း,ကိုယ်နှုတ်ဖြင့်မခံယူသောလည်း စိတ်ထည်း၌သာယာနေလျှင်၎င်း၊သက်သက်အလှုခံ၍ယူလျှင်၎င်း,ပါစိတ်အာပတ်သင့်၍,ကိုင်ကိုင်း ဒုက္ကဋ်အာပတ်သင့်၏။)ရွှေငွေဖြင့်ပြုလုပ်ထားသော စေတီ၊ကြူတ်၊ဆင်းတုတော်များကို မထိမကိုင်ရ၊ထိုဆင်းတုစေတီတော်ပေါ်ရှိတင်နေသောအမှိုက်အညစ်အကြေးကိုကား ရှင်းလင်းသုတ်သင်ကောင်းသည်။လှုထားသောရွှေငွေလုပ်ပစ္စည်းများကိုမူ ဘုရားစောင့်ရဟန်းတော်သည် ကိုင်၍ ဟိုဟိုသည်သည် ရွေ.ကောင်းသည်ဟု ၀ိနည်းတော်ကလာရှိသည်။ရွှေ ငွေ ကိုင်ဆောင်ခြင်းသည်အဘယ်မျှကြီးလေးသောဝိနည်းချိုးဖောက်မှုဖြစ်သနည်း…ဗုဒ္ဓကွယ်လွန်ပြီးနှစ်ပေါင်းတစ်ရာ ဘီစီ ၃၈၃ ခုတွင် ဘိက္ခုသံဃာ့အဖွဲ.အစည်းအတွင်းပထမဆုံးသံဃာ့ ဂိုဏ်းကွဲမှုကြီးစတင်ပေါ်ပေါက်လာပါသည်။အကြောင်းမှာ-ဝေသာလီပြည် ၀ဇ္ဖီတိုင်းသားရဟန်းများက ဒဿဝတ္ထုခေါ် ၀ိနည်းတော်များကိုဆန့်ကျင့်သည့်အချက် ၁၀ချက်ကို ကျင့်သုံးရန်ကြိုးစားကြသည်။၎င်းတို့တင်ပြသော အချက် ၁၀ ချက်တွင် ရဟန်းများ ရွှေ ငွေ ကိုင်ကောင်းသည့်အချက်သည် နံပါတ်(၁၀) နေရာတွင်ပါဝင်နေပါသည်။ဆိုလိုသည်မှာ သံဃာ များရွှေ ငွေ ကိုင်ဆောင်ခြင်းသည် သင်္ဂါယနာ တင်ရလောက်အောင်ကြီးကျယ်သော ၀ိနည်းချိုးဖောက်မှုများမှ (အဓိကစေ့ဆော်မှု)ထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ထိုကြောင့်ဝေသာလီပြည်တွင် အသျှင်ယဿကြီးမှုးပြီးဒုတိယသင်္ဂါယနာတင်ခဲ့ရသည်။သို့သော်၎င်းသင်္ဂါယနာတင်ပွဲကို သံဃာအားလုံးကလက်မခံကြပဲ ဝေသာလီပြည် ၀ဇ္ဖီတိုင်းသားရဟန်းများကကောသမ္ဖီ ပြည်တွင်စင်ပြိုင်သင်္ဂါယနာ တင်ခဲ့လေသည်။ ထိုအချိန်မှစ၍ မဟာသံဃိကဂိုဏ်းဟူ၍စတင်ပေါ်ပေါက်လာခဲ့လေသည်။
စာကိုး- (၁)အမရပူရမဟာဂန္ဒာရုံဆရာတော် ရှင်ဇနကာဘိဝံသရေးသားသော ဘုရားဥပဒေတော်ကြီး
(၂) တတိယနံတော်ဆရာတော် ၀ိနန္ဒာသဘ၏ သီလ၀ိသောဓနီကျမ်း
(၃)အသျှင် သုနန္ဒ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒတွေးမြင်ယူဆမှု(ဒုတိယတွဲ)
(၄) ဦးစိန်ထွန်း(မာမက-သုတေသီ)၏ ကမ္ဘာပတ်၍ဘုရားရှာခြင်း
ဓါတ်ပုံနှင့်သတင်းကို ၀ီရသူ၏ဘလော့စာမျက်နှာမှရယူပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: