“မွတ်ဆလင်မ်တွေ ဘာလုပ်မိလို့မုန်း ? “

ကိုဆွေမွန် ရေးသားသည်။

“မွတ်ဆလင်မ်တွေ ဘာလုပ်မိလို့မုန်း ? ? ´´

ဒီလူတွေ ဒီမွတ်ဆလင်မ်တွေ ဒီနိုင်ငံ ဒီထီးနန်းတွေ တည်တံ့ခိုင်ခံ့ဖို့ တစ်ခုမှ မလုပ်ပေးဖူးဘူးလို့ ပြောပြနိုင်သူတွေရှိရင်ပြောပြပေးကြပါ။ မြန်မာဘုရင်တွေခေတ်ကစပြီး မြန်မာ့ လွတ်လပ်ရေးသမိုင်း၊ ကျောင်းသားသမဂ္ဂသမိုင်း၊ ၈၈ အရေးအခင်း၊
ဒီမိုကရေစီရရှိရေးစတဲ့ ခေတ်အဆက်ဆက်မှာ မြန်မာပြည်အတွက် မြန်မာလူမျိုးတိုင်းအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အခိုင်အမာ သစ္စာရှိရှိ ရပ်တည်ပါဝင်တာမျိုး လုံးဝမရှိဖူးဘူးလို့ ပြောနိုင်သူရှိရင် ထောက်ပြကြပါ။ မရှိရင်
ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေထဲမှာ မြန်မာပြည်သူတွေ စီးပွားရေး လူမှုရေးထိခိုက်အောင်၊ မြို့ရပ်ကွက်တွေကိုရွှေ့ပစ်၊ ဘုန်းကြီးကျောင်းတွေပြောင်း၊ ဘုန်းကြီးတွေကိုသေနတ်နဲ့ပစ်၊ ဆန္ဒဖော်ထုတ်သူတွေကို မီးခိုးဗုံး(မီးဗုံး)နဲ့ထု စတဲ့ ဆုံးဖြတ်ချက်တွေပေးတဲ့ အစိုးရအဖွဲ့ဝင် အာဏာပိုင် မွတ်ဆလင်မ်ဝန်ကြီး ရှိဖူးပါသလား၊ မြန်မာပြည်ကို ဘယ်လိုနည်းနဲ့ဖြစ်စေ နည်းနည်းလေးဖြစ်ဖြစ် ထိခိုက်စေခဲ့ဖူးတဲ့ သစ္စာဖောက်ဖူးတဲ့ မွတ်ဆလင်မ် အာဏာပိုင်ရှိခဲ့ရင် ထောက်ပြကြပါ။ မရှိရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေက မြန်မာပြည်စီးပွားရေးထိခိုက်အောင် ဒီနိုင်ငံက လယ်ယာမြေတွေသိမ်း၊ မြေကွက်တွေဝယ်၊ ရွှေ ဒေါ်လာ ဈေးကစား၊
သစ်တွေခိုးခုတ်၊ gas တွေရောင်းပစ်သလား၊ လယ်သမားတွေ နိုင်ငံသားတွေကိုဒုက္ခပေးဖူးတဲ့ မွတ်ဆလင်မ် ခရိုနီတစ်ဦးလောက်ရှိရင် ထောက်ပြကြပါ။ မရှိရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေက မြန်မာပြည်သူတွေ စီးပွားရေးထိခိုက်အောင် သာမန်လူသုံးပစ္စည်းတွေကိုအမြတ်ကြီးတင် ရောင်းနေသလား၊ အပြိုင်အဆိုင်လုပ်နေရတဲ့ ဒီခေတ်ထဲမှာ အမြတ်ကြီးစားဆိုင်မှာ နှစ်ခါ သုံးခါဝယ်မိလောက်အောင်တုံးတဲ့လူ ရှိရင်ပြကြပါ။ ဒီမွတ်ဆလင်မ်တွေက မြန်မာပြည်သူတွေစီးပွားရေးထိခိုက်အောင် စီးပွားရေး ဂုတ်သွေးစုပ်၊ စတီးချိုင့်ကအစ ထမိန်အဆုံး၊ ရွှေငွေ စက်ဘီး အိမ်ခြံမြေ အားလုံးအပေါင်ခံတဲ့ ချစ်တီးအပေါင်ဆိုင်တွေဖွင့်ပြီး အတိုးကြီးကြီးစားနေသလား၊
မွတ်ဆလင်မ်ဖွင့်ထားတဲ့ အပေါင်ဆိုင်တစ်ဆိုင်ရှိရင် ထောက်ပြကြပါ။ မရှိရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်သူတွေအကျင့်စာရိတ္တပျက်အောင် အရက်ဆိုင် KTV ဖွင့်နေသလား၊ ရန်ကုန်တစ်မြို့တည်းမှာ အရက်ဆိုင်၊ မာဆတ်ခန်းအရေအတွက်က
ဘုန်းကြီးကျောင်းအရေအတွက်၊ ဗလီအရေအတွက်၊ ချခ်ျအရေအတွက်ထက် ပိုများတာ မသိချင်ယောင်ဆောင်နေကြတာလား။
မြန်မာပြည်မြို့တိုင်းက တည်းခိုခန်းတွေမှာ ကျောင်းစိမ်းကျောင်းဖြူဝတ်အရွယ်ကစပြီး
အသက် ၅၀၊ ၆၀ တွေထိ ၀င်လာမစဲ၊ စနေ တနင်္ဂနွေနေ့ တွေမှာ အတွဲတွေ အခန်းအလှည့်ရဖို့ ထိုင်စောင့်နေရလောက်အောင် အမျိုးကောင်းသားသမီးတွေ များလာတာ ဘယ်သူ့ကြောင့်လဲ။ ဒီမွတ်ဆလင်မ်တွေလုပ်လိုက်လို့လား၊
ညပိုင်းမြို့ကြီးတိုင်းမှာ နိုက်ကလပ်၊ ဒေးကလပ်တွေဖွင့်ခွင့်ပေး၊ ညနက်ပိုင်းတွေထိ မူးကြ ဈေးညှိကြ၊ ရန်ဖြစ်ကြ၊
ကားပြိုင်မောင်းကြ၊ မသိသူမရှိ။ မသိယောင်ဆောင်နေရင်တော့ မတတ်နိုင်။
ဒီဖာခန်း တည်းခိုခန်း လိုင်စင်တွေကို မွတ်ဆလင်မ်တွေထုတ်ပေးနေတာလား။
မြန်မာပြည်သူတွေအကျင့်စာရိတ္တပျက်ပြားအောင်လုပ်နေတဲ့ မွတ်ဆလင်မ်ပိုင် ကလပ်၊ ဖာခန်း၊ အရက်ဆိုင် KTV ရှိရင်ထောက်ပြကြပါ။
မရှိရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေရဲ့ ပင်ကိုယ် အကျင့်သိက္ခာ လုံးဝမကောင်းဘူး၊ မြန်မာတွေရဲ့ ပင်ကိုယ်အကျင့်စရိုက်ကောင်းတွေ ပျက်အောင်လုပ်နေတယ်လို့ ပြောနိုင်လောက်အောင် မွတ်ဆလင်မ်ရိုက်တဲ့ သရုပ်ဆောင်ထားတဲ့ blue 18+ အပြာ အဖော်အချွတ်
အပူးအခွ အတိုအပြတ် ဗီဒီယို၊ ဓါတ်ပုံမြင်ဖူးပါသလား။ မွတ်ဆလင်မ်စုံတွဲတွေ ကိုယ်တိုင်ပါဝင် လိင်ဆက်ဆံနေကြတဲ့ အင်တာနက် အခွေတိုတွေ ဘယ်နှစ်ခု မြင်ဖူးပါသလဲ။ မမြင်ဖူးရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်ထဲကို ခိုးဝင်တယ်ပြောခြင်းကိုယ်တိုင်က အစိုးရဘယ်လောက်ညံ့ဖျင်းတယ် ထောက်ပြနေတာနဲ့ အတူတူပါပဲ။
ခိုင်မာတဲ့ အထောက်အထားမရှိရင် နိုင်ကဒ်မပြောနဲ့ white card တောင်မရပါ။
နိုင်ကဒ်ကိုင်ထားသူ အားလုံးဟာ တင်းကျပ်လှတဲ့ လ၀က ဥပဒေနဲ့ အကြိမ်ကြိမ်စစ်ဆေးပြီးမှ ရလာတဲ့ နိုင်ငံသားအစစ်တွေချည်းပါပဲ။ ရပ်ကွက်ထဲမှာ ဧည့်မတိုင်ဘဲ မှတ်ပုံတင်အထောက်အထားမပါဘဲ ခိုးဝင် ခိုးတည်းလို့ရတဲ့ ရပ်ကွက်၊ လမ်း၊ ခရီးသွားလို့ ရတဲ့မြို့ရှိရင် ပြောပြကြပါ။ သံသယနဲ့ကြည့်ရင် တစ်နိုင်ငံလုံးခိုးဝင်သူတွေပဲ ဖြစ်နေပါလိမ့်မယ်။ ခိုးဝင်သူမဟုတ်ရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ကျောင်းတက်ဖူးတဲ့လူတွေကို ထပ်မေးပါမယ်၊ မွတ်ဆလင်သူငယ်ချင်းတွေထဲမှာ နိုင်ငံတော်အလံကို အလေးမပြုတဲ့လူ ရှိဖူးရင် ထောက်ပြကြပါ။ နိုင်ငံတော်အလံ ကိုအလေးပြု/ မပြု သာမက ကြိုက်တဲ့ ဘာသာရေးဗလီဆရာတွေကို မေးကြည့်ပါ။
ရှင်းပြပါလိမ့်မယ်။ မိမိနေထိုင်ရာ ဇာတိမြေကို ချစ်မြတ်နိုးခြင်းသည် အစ္စလာမ်အားယုံကြည်သက်ဝင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ မွတ်ဆလင်မ်တွေ လက်ခံတဲ့ ဗုခါရီကျမ်းထဲမှာ ခေါင်းစဉ်တစ်ခုအနေနဲ့ တင်ထားတာတောင်ရှိပါတယ်။ ငပိန်းတွေ နားလည်နိုင်စွမ်းမရှိတာတော့ မတတ်နိုင်ပါ။ ဒီလိုဆိုရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်သူတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာပျက်အောင် အိမ်တိုင်ယာရောက် အုပ်စုလိုက် အဖွဲ့လိုက် ဘာသာရေးစာရွက် စာစောင်တွေ ကျမ်းစာတွေ အခမဲ့လိုက်ဝေတာ၊ ဆွဲဆောင်တာ လုပ်နေသလား၊ အလ္လာဟ်ကိုသာ ကိုးကွယ်ကြပါ၊ အလ္လာဟ်သာလျှင် အပြစ်အားလုံးကို ခွင့်လွှတ်နိုင်တယ်။ ကောင်းကင်နိုင်ငံတော်ကို အလ္လာဟ်အားဖြင့်သာရောက်နိုင်တယ် စသည်ဖြင့် ပြောခံ ဆွယ်ခံရဖူးတဲ့ ဘာသာခြားတစ်ဦးရှိခဲ့ဖူးရင်ပြောကြပါ။
မြင်ဖူးချင်လွန်းလို့ပါ။ ၀င်ချင်ရင်တောင် ၀င်ဖို့ အခက်ဆုံးဘာသာတရားထဲမှာ အစ္စလာမ် ထိပ်ဆုံးက ပါပါတယ်။ ဒီလိုဆိုရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဒီမွတ်ဆလင်မ်တွေ မြန်မာပြည်သူတွေ လူမျိုးပျောက်အောင်၊ မွတ်ဆလင်မ်တွေက အတင်းအဓမ္မလက်ထပ်တာကို ခံရလောက်အောင် တုံးတဲ့ မြန်မာတိုင်းရင်းသူ ငပိန်းမတွေ (sorry စော်ကားတာမဟုတ်ပါ) ရှိရင်လည်း တစ်ယောက်လောက်
မြင်ဖူးအောင်ပြကြပါ။ ဖိုမ သဘာဝအရ ကျားမနီးစပ်မှုကြောင့် လက်ထပ်သွားကြသူတွေ ရှိကြလိမ့်မယ်။ ဗုဒ္ဓဘာသာနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားပြီး ဗုဒ္ဓဘာသာဝင်ဖြစ်သွားတဲ့ မွတ်ဆလင်မ်တွေအများကြီးရှိသလို
မွတ်ဆလင်မ်ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်တွေလည်းရှိတာပါပဲ။ မိမိသာ တကယ်ယုံကြည်တာပြင်းထန်ရင် ဘယ်အရာနဲ့မှ ဘာသာတရားကို မလဲကြပါဘူး။ (ဘုရား နဲ့ ဖင်) လဲစရာ အကြောင်း ဘယ်နည်းနဲ့မှ မရှိပါဘူး၊ ဦးနှောက်ပါတဲ့ ခေါင်းလေးနဲ့သာ စဉ်းစားကြည့်ကြပါ။ ဒီလိုဆိုရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကိုမှ တကူးတက ရည်ရွယ်ချက်ရှိရှိ ရအောင်လိုက်၊ အတင်းလိုက်ဖျက်ဆီးတဲ့ မွတ်ဆလင်မ်ရှိဖူးရင် အထက်တန်းကျောင်း၊ တက္ကသိုလ်တွေတက်ဖူးသူတွေ ဒီလိုအဖြစ်အပျက်တွေကို သေချာပေါက် မြင်ဖူးရမှာပါ။ တရားဥပဒေမရှိတဲ့ နိုင်ငံလားဗျာ၊ မွတ်ဆလင်မ် လုပ်တိုင်း ငြိမ်ခံနေရတယ်လို့ ယုံရအောင်၊ မပိန်းစမ်းပါနဲ့။ ဦးနှောက်ပါတဲ့ ခေါင်းကြီးနဲ့ တွေးကြစမ်းပါ။ အထက်တန်းကျောင်းသားဘ၀မှာ မွတ်ဆလင်မ်ကျောင်းသားက ဗုဒ္ဓဘာသာဝင်ကျောင်းသူကို အတင်း မရမက လိုက်နှောင့်ယှက် စာပေး စကားပြောတာ၊ အထက်တန်းကျောင်းသူကို လက်ထပ်ယူပြီး ခေါင်းမြီးခြုံခိုင်းပစ်တာ၊ တက္ကသိုလ်ကျောင်းသားဘ၀မှာ မွတ်ဆလင်မ်ကျောင်းသူက ဗုဒ္ဓဘာသာဝင်ကျောင်းသားကို အတင်း မရမက လိုက်ကြိုက် အတင်းအဓမ္မ လက်ထပ်ယူပစ်ပြီး မွတ်ဆလင်မ်လုပ်ပစ်၊ မုတ်ဆိတ်ဖွားဖွားကြီးတတ်ပစ်တာ မြင်ဖူးကြပါသလားဗျာတို့။ မမြင်ဖူးဘဲ ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ကျောင်းသားဘ၀မှာ၊ အရပ်သားဘ၀မှာ မမြင်ဖူးရင် သူတို့တွေ ဒီလိုမျိုး မလုပ်ကြလို့ပါပဲ။ ဒီမွတ်ဆလင်မ်တွေက ဒီလိုပဲ ၀ါးလုံးချီးသုပ်ရမ်းရင်တော့ မတတ်နိုင်ပါ။ တစ်သက်လုံးဝက်သားစားလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ မွတ်ဆလင်မ်နဲ့ ယူသွားလို့ ၀က်သားမစားဘဲ မနေနိုင်သလို အနှစ်ပါတဲ့ အချစ်ပါတဲ့ အသက်ပါတဲ့ မွတ်ဆလင်မ်တစ်ဦး ဘယ်တော့မှ မဖြစ်လာပါဘူး။ ဘုရားစေတီတွေ့ရင် ရင်ထဲကဖြစ်စေ ဦးမချဘဲမနေပါဘူး။ ကိုယ့်ကိုကိုယ်သာ နှိုင်းယှဉ်ကြည့်ကြပါ။ ကိုယ်ပတ်ဝန်းကျင်မှာ မဖြစ်တာကို မမြင်ဖူးတာကို တစ်ခြားနေရာမှာ ဖြစ်တယ် ဖြစ်နေတယ်လို့ယုံတဲ့လူကတော့ အံ့သြစရာပါ။ ကိုယ့်ဒုက္ခ နဲ့ ကိုယ်ပါပဲ။ ချွင်းချက်တစ်ခုကတော့ လူမျိုးတိုင်း ဘာသာတိုင်းမှာ စုန်းပြူးဆိုတာတော့ရှိတယ်။ သူတို့ကိုကြည့်ပြီး ဒီကောင်တွေက ဒီလိုပဲကွလို့ ယူဆနေရင်တော့ မတတ်နိုင်ပါ။ ဒီလိုဆိုရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

မွတ်ဆလင်မ်နဲ့ ယူရင် ရွှေတိဂုံစေတီပုံတော်၊ ဘုရားပုံတော်တွေကို ခြေထောက်နဲ့နင်း ရိုက်ခွဲရတယ်တို့၊ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ရအောင်ယူနိုင်ရင် သွေးထည့်ပေးနိုင်ရင် ဗလီက ငွေဘယ်လောက်ပေးမယ်၊ ၁၀ တန်းအောင်ရင်
ဘယ်လောက်၊ ဘွဲ့ရဆိုရင် ဘယ်လောက် စသည်ဖြင့် အပုပ်ချ သိက္ခချတာကို ယုံတယ်ဆိုရင် နိုင်ငံတကာတန်းဝင် ကမ္ဘာ့အဆင့်မီ ငပိန်းဖြစ်သွားပါပြီ။ ဗလီတွေက ဒီလိုသာ တကယ်သတ်မှတ်ခဲ့ရင် ကမ္ဘာမှာ ကိုးကွယ်တဲ့ဘာသာဝင် လူသန်းပေါင်း
၁၇၀၀ လောက်ကိုယ်တိုင်က ဒီအစ္စလာမ်ဘာသာကို ရွံ့ရှာလွန်းလို့ ကမ္ဘာမှာ ကိုးကွယ်သူတစ်ဦးမှ ကျန်တော့မှာမဟုတ်တာ သေချာပါတယ်။ ဒီလောက်စာရိတ္တပျက်ယွင်းနေတဲ့ ဘာသာကို ကိုးကွယ်စရာအကြောင်းလည်း (လုံးဝ) မရှိပါဘူး။ ဒီလို သတ်မှတ်စေတဲ့ ဘုရားကိုလည်း သာမန်ပညာတတ်၊ တွေးတတ်တဲ့ ဘယ်သူမဆိုလည်း ဦးချစရာ မရှိပါဘူး။ ကဲ ဒီလိုဆိုရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

အများသူငါ သေချာ လုံးဝမသိသေးတဲ့ အချက်တစ်ခုက မွတ်ဆလင်မ်ကို ယူလိုက်လို့ မွတ်ဆလင်မ် (လုံးဝ) ဖြစ်မလာပါဘူး။ မွတ်ဆလင်မ်ဖြစ်လာခြင်း၊ ဖြစ်မလာခြင်းဟာ ဖန်ဆင်းရှင်နဲ့သာ ဆိုင်တယ်လို့ ကျမ်းမြတ်ကုရ်အာန်မှာ အတိအလင်းပြောထားတဲ့ နေရာတွေ အများကြီးပါ။ လူတစ်ယောက်က နေချင်တိုင်းနေရင် မွတ်ဆလင်မ်လို့ (လုံးဝ) မခေါ်နိုင်ပါဘူး။ ဖန်ဆင်းရှင်က ပြဌာန်းသတ်မှတ်ထားတဲ့ဘောင်အတိုင်း ကွက်တိနေမှသာ မွတ်ဆလင်မ်လို့ ခေါ်နိုင်ပါတယ်။ လူတစ်ယောက်ကို အမြဲတမ်း မွတ်ဆလင်မ် ဖြစ်နေမယ်လို့ ဘယ်သူမှ အာမ, မခံ ထားပါဘူး။ ကြိုက်တဲ့ မွတ်ဆလင်မ်ကိုမေးကြည့်ပါ။ အပြင်လူတွေ ဘယ်လိုမှ နားမလည်သေးတာက မွတ်ဆလင်မ်တွေကိုယ်တိုင် မွတ်ဆလင်မ်ဘ၀နဲ့
ဆက်လက်ရပ်တည်နေနိုင်ဖို့၊ သေရင်တောင် မွတ်ဆလင်မ်ဘ၀နဲ့ သေဆုံးဖို့ (အချိန်ပြည့်) ကြိုးစား ဆုတောင်း အားထုတ်နေရပါတယ်။ ဘာတစ်ခုမှ မကြိုးစားဘဲ ရင်ထဲက မပါဘဲ သူ့အလိုလို မွတ်ဆလင်မ် (ဘယ်တော့မှ) ဖြစ်မလာပါဘူး။ ဖြစ်မနေပါဘူး၊ ဖန်ဆင်းရှင်နှစ်သက်တဲ့ မွတ်ဆလင်မ်အဆင့်မှာ (လုံးဝ) ရှိမနေပါဘူး။ ဒီအချက်ကို သေချာသိရင် ဘယ်သူ့ကိုယူလိုက်လို့ မွတ်ဆလင်မ်ဖြစ်လာတယ်ဆိုရင် (လုံးဝ) ဟာသအကြီးစားပါပဲ။ ဒီလိုစွပ်စွဲ ပြောဆိုနေသူတစ်ဦးဟာ အစ္စလာမ်ကို လုံးဝမသိဘဲ ချီးသုတ်ရမ်းကားနေသူ အန္ဓ ဗာလ တစ်ဦးမျှသာပါပဲ။ ပညာမဲ့တစ်ဦးနဲ့ ယှဉ်ကိုက်စရာ အကြောင်းမရှိပါ။

တွေးစရာ ထပ်ပေးပါ့မယ်။
မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားအောင် စီမံအုပ်ချုပ် မင်းလုပ်သူ အစိုးရအဆက်ဆက်မှာ မွတ်ဆလင်မ်( လုံးဝ) မပါပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းကို ကာယကံမြောက်သတ်သွားသူတွေဟာ မွတ်ဆလင်မ်( လုံးဝ) မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်တွေပါ။
မဟတ္တမဂန္ဒီကို ကာယကံမြောက်သတ်သွားတာ မွတ်ဆလင်မ်( လုံးဝ) မဟုတ်ပါဘူး၊ ဟိန္ဒူဘာသာဝင်ပါ။
အင်ဒီရာဂန္ဒီကို ကာယကံမြောက်သတ်သွားတာ မွတ်ဆလင်မ်( လုံးဝ) မဟုတ်ပါဘူး၊ ဆစ်ခ်ဘာသာဝင်တွေပါ။

ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံးကမ္ဘာ့စစ်ကြီးတွေကို စတင်တာရော၊ ၀င်ချခဲ့တဲ့ နိုင်ငံတွေဖြစ်ခဲ့ကြတဲ့ ၀င်ရိုးအုပ်စုတွေ (ဂျာမနီ၊ အီတလီ၊ ဂျပန်၊ သြစထြီးယား၊ ဖင်လန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားစတဲ့နိုင်ငံတွေ) ရော၊ မဟာမိတ်နိုင်ငံတွေ ( သြစတြေးလျ၊ ဘယ်လဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ချက်၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ပြင်သစ်၊ ဂရိ၊ အိန္ဒိယ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ တောင်အာဖရိက၊ အင်္ဂလန်၊ အမေရိကန်၊ ရုရှ၊ ယူဂိုဆလပ်စတဲ့နိုင်ငံတွေ) ရော မွတ်ဆလင်မ်တစ်နိုင်ငံမှ မပါပါဘူး။
ကမ္ဘာသမိုင်းမှာ ဘယ်ဘာသာဝင်တွေက စစ်ဖြစ်ဖို့ အလိုလားဆုံးလဲ၊ စစ်သွေးအကြွဆုံးတွေလဲ ဆိုတာ မျက်လုံးကို ဖြဲသာကြည့်ကြပါတော့။
ဒီလိုဆိုရင် ဘာကြောင့်မွတ်ဆလင်မ်တွေကို မုန်းနေရသလဲ ? ဖြေပေးပါ။

ငြိမ်းချမ်းရေး၊ စစ်ကိုအကြောင်းပြပြီး လူ့သမိုင်းတစ်လျှောက် တစ်ချိန်တည်း လူအများဆုံးသေစေတဲ့ နယူးကလီးယားဗုံးကြဲပြီး လူသန်းနဲ့ချီသတ်တဲ့ အမေရိကန်က ခရစ်ယာန်တွေပါ။
ကမ္ဘာ့သမိုင်းတလျှောက် လူအသတ်ဆုံးဖြစ်တဲ့၊ အိုစမာဘင်လာဒင်ထက် အဆတစ်သိန်း ဆိုးတဲ့၊ ဂျူး ၆ သန်းကျော်ကိုသတ်ပစ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး အကြမ်းဖက်ခေါင်းဆောင် ဟစ်တလာနဲ့ အပေါင်းပါတွေဟာလည်း ခရစ်ယာန်အစစ်တွေပါ။
လက်ရှိလည်း ၁၀ နိုင်ငံလောက်မှာ နေ့စဉ် ဒုံးကျည်နဲ့ပစ်၊ မောင်းသူမဲ့လေယာဉ်က ပစ်သတ်လို့ တစ်နေ့ကို အပြစ်မဲ့ လူကြီး ကလေး ၄၀၊ ၅၀ သေစေတာ အမေရိကန် ခရစ်ယာန်တွေပါ။ သတင်းစာကို မျက်စိဖြဲဖတ်တဲ့ အကျင့်ရှိရင် မြင်တတ်မှာပါ။
ကမ္ဘာမှာ နေ့စဉ်တိုင်း ဘာသာခြားသတ်လို့ သေတဲ့ မွတ်ဆလင်မ် အရေအတွက်နဲ့ မွတ်ဆလင်မ်သတ်လို့သေတဲ့ ဘာသာခြားအရေအတွက်ကို ယှဉ်ကြည့်တတ်သူတွေပါရင် ယှဉ်ကြည့်ကြပါ။ ဒါတွေဟာ နိုင်ငံရေးတွေသာဖြစ်ပြီး ဘာသာရေးနဲ့ ဘယ်လိုမှမပတ်သက်ပါ။ ဘာသာနာမည်တပ်ပြောရင် ဘယ်တော့မှမပြီးတော့ပါ။ ဘာသာအမည်တပ်ပြောစရာလည်း မလိုပါ။ ပုဂ္ဂလဓိဋ္ဌာန် နဲ့ ဓမ္မဓိဋ္ဌာန် ကွဲဖို့သာလိုပါတယ်။ တစ်ဦး တစ်ဖွဲ့ကို အကြောင်းမဲ့ (သို့) အကြောင်းအမျိုးမျိုးပြ မုန်းတီးနေသူဟာ အမှန်ကို ဘယ်တော့မှမမြင်နိုင်သူ မောဟ ဒေါသဖုံးနေသူသာ ဖြစ်ပါတယ်။

ဒါပေမယ့်
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လူသတ်မှိုင်းတိုက် ဘာသာရေးနာမည်တပ်နေသူတွေဟာ အင်မတန်နူးညံ့သိမ်မွေ့တဲ့ ဘာသာတရားတိုင်း (ဘာသာတရားတိုင်း) နဲ့ လုံးဝ (လုံးဝ) မပတ်သက်ပါ။ မထောက်ခံပါ။ မကြိုက်ပါ။ ညစ်ပတ်တဲ့ နိုင်ငံရေး နဲ့
မွန်မြတ်တဲ့ ဘာသာရေးကို ရောသမမွှေတဲ့ လူတွေသာလျှင် အင်မတန် စိတ်ဓါတ်အောက်တန်းကျ ညစ်ပတ်စုတ်ပြတ်တဲ့ လူ့အောက်တန်းစားတွေပါ။

အဆုံးသတ်ပါမယ်။
လောကမှာ ပန်းရောင်စုံရှိပါတယ်။ လူရောင်စုံရှိပါတယ်။ အတွေးရောင်စုံရှိသလို ကိုယ့်ကျင့်တရားရောင်စုံရှိပါတယ်။
ငါနဲ့မတူ ငါ့ရန်သူ၊ ငါနဲ့ ငါသာနှိုင်းစရာ၊ အမုန်းတရားကို အခြေခံထားသူအတွက် အမှား အမှန်ဆိုတာ ဘယ်လိုမှ မမြင်တတ်ပါ။ သတင်းမှား တွေ အခြေခံပြီး လူမုန်းအောင်လုပ်၊ အမုန်းအခြေခံထားသူတစ်ယောက် နိဗ္ဂ္ဗာန်ရောက်နိုင်တယ်လို့
ပြောထားတဲ့ ဘာသာတစ်ခုရှိရင်လည်း ပြောပြကြပါ။
မှန်တာလုပ်တဲ့ ကိုယ်ကျင့်တရားကောင်းသူတိုင်းအတွက် မိတ်ဆွေ ဘယ်တော့မှ မရှားပါ။ နိဗ္ဗာန်မရောက်စရာလည်း မရှိပါ။
လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။

ဆွေမွန် ၁ရ၊ ၈၊ ၂၀၁၃

Credit to Swe Mon

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: