သူတို့ ယုံကြည်လို့ အဝတ်စုတ် တိုင်ပတ်ပြီး ကိုးကွယ်ချင် ကိုးကွယ်မယ်။ ရွှံ့ပုံ ကို အမြတ် တနိုးထားပြီး ထိုင်ရှိခိုးချင် ခိုးမယ်။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်

“အဝိုင်းထဲ လေးထောင့် ရိုက်သွင်းမရပါ “

အမြင်ချင်း ဖလှယ် ဆွေးနွေးပွဲ မဟုတ်တဲ့ ဘာသာရေး ငြင်းခုံ ယုတ်ကန်းပွဲတွေ အွန်လိုင်းပေါ်မှာ မကြာခဏ မြင်ရတယ်။

အဝိုင်းထဲ လေးထောင့်ရိုက်သွင်းလို့မရ သလို ဗုဒ္ဓဘာသာ နဲ့ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာ တွေက ပြဒါးတလမ်း
သံတလမ်း ခြားသလို နေရာ ဒေသ အယူအဆ အတွေးအခေါ်ကအစ အားလုံးကွဲပြားပါတယ်။

နှစ် ၂ သန်း သာသာခန့် ရှိနှင့် ဖြစ်ပေါ်ခဲ့ပြီးသော လူသားတို့ ရဲ့ ကောင်းကျိုး ဆိုးကျိုးကို
မြင်၍ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်လောက်ကမှ ချိန်ဆ တွက်ချက် သံဝေဂ ရပြီး သတ္တမ
အာရုံ ရသည် အထိ ရှင်ဂေါတမ ကျင့်ခဲ့တဲ့လမ်းစဉ်ဟာ ဗုဒ္ဓဘာသာ ပါ။

ကျန်တဲ့ (၃) ဘာသာ က လောကမှာ လူကိုမရှိသေးတာ၊ ဘာမှ မရှိ၊ မဖြစ်သေးတာကနေ စတယ်။

စကြာဝဠာ ဂြိုလ် နက္ခတ် ကြယ် တာရာတော၊ တောင် ရှိရှိသမျှ “ထာဝရဘုရားသခင်”
က ဖန်ဆင်း ပြီးမှ လူ ကို ဖန်ဆင်းတယ် လို့ ယုံကြည်ကြတယ်။

ဖန်ဆင်းရှင်၊ ဖန်တီးရှင်၊ထာဝရ ဘုရားသခင် ဘယ်လို အမည်တွေ တပ်တပ် သဘော အနှစ်
က အားလုံး ကို ဖန်တီးခြင်းကစတယ်။ အလိုလို ဘာမှ ဖြစ်မလာပါ။

ဒါ့ကြောင့် “ထာဝရဘုရားသခင်” က “အရှင်သခင်” လူတွေက အဖန်ဆင်းခံ “လူသား”
လို့ ခံယူကြတယ်။

လူကို ဘာ့ကြောင့် ဘယ်လိုအခြေအနေကြောင့်ဖန်ဆင်းပြီး ဘယ်လို အခြေအနေမျိုးမှာ ရုပ်သိမ်း
ခြင်း ဆိုတာမျိုး “ကျမ်း မှတ်တမ်း” တွေနဲ့ အသိပေးထားတယ်။

အဲတော့ ဒီအုပ်စု နဲ့ ဖြစ်နှင့်ပြီးသား လူသားကိုကြည့်ရှု သုံးသပ်ပြီး ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာ
နဲ့ က ဘယ်လိုမှကို ဆက်စပ်လို့မရတာ။

ပေးချင်တဲ့ မက်ဆေ့ခ်ျ က ပိုးသာကုန် မောင်ပုံစောင်းတီးတတ်စရာကို မရှိတာ ငြင်းနေမဲ့အစား
မသိကျိုးကျွံပြုတာ အကောင်းဆုံးလို့ မိမိ ခံယူတယ်။

တစ်ခုက သိချင်လို့ ငြင်းတာမျိုး မဟုတ်ပဲရန်စ ချိုးနှိမ်လိုတဲ့ သဘောတွေ ပါနေတာ
မို့ ပိုတောင် မဆွေးနွေးသင့်သေးတယ်။

သုံး ဘာသာက စိတ်ရှည် လက်ရှည် ယဉ်ကျေးစွာ ရှင်းပြနေလည်း ကျန်တဖက်က ရန်လို နေ
မှတော့ ဆွေးနွေးမှုမှ မဟုတ်တော့တာ။

သုံးဘာသာ နဲ့ ကျန် တစ်ဘာသာ မှန်လား၊မှားလား သိပ္ပံလည်း မသိသေးသလို ဝိဇ္ဇာလည်း မသိပါ။

အများမထိခိုက်အောင် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ရပ်တည် ကြပါစေ။ မြှောက်ပင့်စရာ
လည်း မလိုသလို ရှုတ်ချစရာလည်း မလိုပါ။

သူတို့ ယုံကြည်လို့ အဝတ်စုတ် တိုင်ပတ်ပြီးကိုးကွယ်ချင် ကိုးကွယ်မယ်။ ရွှံ့ပုံ ကို အမြတ်
တနိုးထားပြီး ထိုင်ရှိခိုးချင် ခိုးမယ်။ ဒါလူတိုင်းရဲ့မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ အလွယ်လေး
နားလည်ပေးလိုက်ယုံပါ။

ဘယ်လို ဘာသာရေး ဘာ စည်းကမ်း စည်းမျဉ်း မျိုးတွေနဲ့ သံပုရာသီး တစ်လုံး မှာ
ငါ့ဘက်က အခြမ်းထက် မင်းဘက် အခြမ်းက ပိုချဉ်တယ် စွပ်စွဲစွဲ ၊ အသေချာဆုံးက လူသား
အားလုံး သေရင် မြေကြီးထဲရောက်တာ မမြင်ချင်မကြားချင်လည်း မြင်နေ ကြားနေရမှာ မလွဲပါ
ဆိုတာ သတိပေးလိုက်တယ်။

အချုပ်ကတော့ “အဝိုင်းထဲ လေးထောင့် ရိုက်သွင်း မရပါ ” ။

Andrew Soe
၂၁ အောက်တိုဘာ ၂၀၁၄ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: