ရွေးကောက်ပွဲမှာ ဘာသာရေးလူမျိုးရေး အသုံးချရင် ဝင်မစွက်ဘူးလား

ရွေးကောက်ပွဲမှာ ဘာသာရေးလူမျိုးရေး အသုံးချရင် ဝင်မစွက်ဘူးလား

လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ ဘာသာရေးနဲ့လူမျိုးရေးအရ မဲဆွယ်စည်းရုံးမှုလုပ်ရင် ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ ဦးတင်အေးက အောက်တိုဘာ ၂၁ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲမှာ လူမျိုးရေးဘာသာရေး အသုံးချမယ့်ပါတီတွေ ထင်ရာစိုင်းနိုင်ဖို့ အချက်ပြလိုက်တာလား။

ရွေးကောက်ပွဲဥပဒေအရ ဘာသာရေးနဲ့ လူမျိုးရေးအရ မဲဆွယ်စည်းရုံးလို့မရပေမယ့် နိုင်ငံရေးပါတီတွေ မဲဆွယ်နေတဲ့ကာလမှာ ကော်မရှင် ဘာမှဝင်ပြောမှာ မဟုတ်ဘဲ ရွေးကောက်ပွဲပြီးတဲ့အချိန် ကန့်ကွက်လွှာ တင်လာမှသာ ဥပဒေအရ ကိုင်တွယ်သွားမှာပါလို့ နိုင်ငံရေးပါတီတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပန်ဒါဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး ပါတီတွေ ရွေးကောက်ပွဲမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ တင်ပြချက်တွေကို နိုင်ငံရေးပါတီတွေဘက်က မကြေလည်ခဲ့ကြပါဘူး။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ပြီးဖြစ်ပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိတဲ့သူတွေ နိုင်ငံရေးပါတီထောင်ခွင့် မပေးထားတဲ့အပြင် White Card လို့ခေါ်တဲ့ ယာယီနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူတွေကို ပါတီဝင်အဖြစ်က မထုတ်ပယ်ရင် ပါတီဖျက်သိမ်းခံရမယ်လို့လည်း ဦးတင်အေးက ဆိုပါတယ်။

ပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ မကြိုက်တဲ့အချက်တွေ အများကြီးရှိပေမယ့် ဥပဒေက အတည်ဖြစ်သွားတာမို့ ဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်သွားမယ်လို့ မောင်တောအခြေစိုက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ဦးမိုဟာမက်စလင်းက ပြောပါတယ်။ သူတို့လို လူနည်းစုပါတီအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေဖြစ်တဲ့ IDP တွေ ဘယ်လိုမဲပေးနိုင်မလဲလို့ NLD ပါတီက မေးတဲ့အပေါ် ကော်မရှင်ရဲ့ပြန်ရှင်းလင်းချက်တွေက မရှင်းလင်းတာတွေ အများကြီးရှိနေပြီး မှတ်ပုံတင်မရှိပေမယ့် ကော်မရှင်ထောက်ခံရင် မဲပေးလို့ရတယ်လို့ ဆိုထားတာကြောင့် မတင်မကျဖြစ်မိတယ်လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: