အစွန်းရောက်ဝါဒ နွံထဲ ရခိုင်ပြည်နယ် သက်ဆင်းနိုင်တယ်လို့ ICG သတိပေး

အစွန်းရောက်ဝါဒ နွံထဲ ရခိုင်ပြည်နယ် သက်ဆင်းနိုင်တယ်လို့ ICG သတိပေး

အယုံကြည်မဲ့ သံသယ ၀ဲနွံဂယက်ထဲ ကွဲပြားခြားနားမှုတွေက ဘယ်လိုမှ ညှိလို့မရတဲ့အဆုံး မြန်မာနိုင်ငံရဲ့ မတည်ငြိမ်သေးတဲ့ ရခိုင်ပြည်နယ်ဟာ ဖိနှိပ်ခံ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအတွက် အခွင့်အရေုး နည်းနည်းလေးတောင် မပေးနိုင်ဘဲ အစွန်းရောက်ဝါဒနဲ့ စနစ်တကျ ကြိုးကိုင် အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်လာမယ့် အန္တရာယ် တစတစ ကျရောက်နေတယ်လို့ နိုင်ငံတကာ ပဋိပက္ခအကြပ်အတည်းလေ့လာရေးအဖွဲ့(ICG)က သတိပေးလိုက်ပါတယ်။


ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ထုတ်ပြန်လိုက်တဲ့ ICG ရဲ့ စာမျက်နှာ ၄၅ မျက်နှာပါ “ရခိုင်ပြည်နယ်၏ နိုင်ငံရေး အခြေအနေများ”အစီရင်ခံစာမှာ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွေဖြစ်ပြီးနောက်ပိုင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူနည်းစု ရိုဟင်ဂျာ ၁၄၀၀၀၀ လောက်ဟာ ရွှံ့နွံထူထပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရပြီး ထာဝရ ခွဲခြားကန့်သတ်ခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာတွေ၊ မဲပေးခွင့်ရုပ်သိမ်းခံရတာတွေ စတဲ့ ပဋိပက္ခနောက်ဆက်တွဲအကြောင်းအရာတွေကို ပိုမိုနားလည်သိရှိဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ဗမာလူမျိုးကြီးတို့ရဲ့ လွှမ်းမိုးမှုကို သမိုင်းနဲ့ချီ ခုခံခဲ့ရသလို တရားမ၀င် မွတ်စလင်ရွှေ့ပြောင်းလာ သူတွေကို ကြောက်ရွံ့တဲ့စိတ်နဲ့ နွံနစ်ခဲ့ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာရခိုင်လူမျိုးတို့ရဲ့ သမိုင်းဝင် မကြေနပ်ချက်တွေကိုလည်း ကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်လို့ ICG က သတိပေးပါတယ်။

“ဒီပြဿနာဟာ ရခိုင်တွေရဲ့ ကြောက်ရွံ့မှုကို ဖြေလျော့ပေးမှုနဲ့အတူ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ အခွင့်ရေးတွေကို အကာအကွယ်ပေးနိုင်မယ့် နည်းလမ်း ရှာဖွေရေးအပါအ၀င် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အုပ်ချုပ်ရေး နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းတစ်ခုဖြစ်ပါတယ် ” လို့ ICG က ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် လူများစု ရခိုင်အသိုင်းအ၀ိုင်းဟာ တစ်ချို့သော ကျိုးကြောင်းပြချက်တွေအရ ဗဟိုနိုင်ငံရေးရဲ့ ခွဲခြားဆက်ဆံရေး သားကောင်တွေဖြစ်တယ်ဆိုတာ ကောင်းစွာ သတိမူမိကြသလို သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ အရှိန်အဟုန်နဲ့ မွတ်စလင်တွေကို ခွဲခြားဆက်ဆံရေးသားကောင်အဖြစ် ဆန့်ကျင်အကြမ်းဖက်ခဲ့တဲ့ အတွေ့အကြုံတွေလည်း ရှိထားပါတယ်။

အစိုးရရဲ့ တုန့်ပြန်ခြေလှမ်းတွေကတော့ လုံခြုံရေးထိန်းသိမ်းတာတွေ၊ ရှေ့ပြေး နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်တာတွေနဲ့ အထူးစီမံချက်တစ်ခုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီစီမံချက်ဟာ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်နေတဲ့အချိန်မှာ လူမျိုးရေး ဘာသာရေး သီးသန့်ခွဲခြားမှု အန္တရာယ်နဲ့ တင်းမာမှုတွေ ပိုမိုဖြစ်ပွားစေဖို့ မီးလောင်ရာ လေပင့်သလို ပြဿနာအကြီးအကျယ်ဖြစ်ပေါ်စေနိုင်ပါတယ်။

ICG ရဲ့ အစီရင်ခံစာပါ အနှစ်ချုပ်အကြောင်းအရာတချို့ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

• ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ကိုယ်တိုင်က ကာလရှည်ဖိနှိပ်ခံ လူနည်းစုဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ ဖြစ်ပေါ်တည်ရှိနေတဲ့ မတူကွဲပြားမှု သဘောတရားတွေကို လစ်လျူရှုပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစွန်းရောက်တွေအဖြစ် လူလုံးထွက်ပြဖို့ အားသန်လေ့ရှိပါတယ်။

• သူတို့ရဲ့ ယဉ်ကျေးမှုတွေဟာ ခြိမ်းခြောက်ခံနေရပြီး မကြာခင် သူတို့ဟာ ပြည်နယ်မှာ လူနည်းစုဖြစ်တော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။ တကယ်လို့ ပြဿနာဖြေရှင်းမှုတွေ တိုးတက်ချင်တယ်ဆိုရင် ဒီကြောက်ရွံ့မှုတွေဟာ စနစ်တကျတည်ဆောက်ထားတဲ့ စိုးရိမ်မှုတွေ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါကို အသိအမှတ်ပြုဖို့တော့ လိုပါမယ်။

• ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေရဲ့ တောင်းဆိုချက်၊ မျှော်လင့်ချက်တွေကို စေ့စပ်ညှိနှိုင်းပေးဖို့ဆိုတာက တကယ့်ကို မလွယ်ကူတဲ့ကိစ္စဖြစ်လို့ အစိုးရအတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွတ်စလင်အသိုင်းအ၀ိုင်းရဲ့ အခြေခံအခွင့်ရေးတွေကို လေးစားမှုပြုရမှာဖြစ်သလို ရခိုင်တွေရဲ့ စိုးရိမ်မှုကိုလည်း ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရပါမယ်။ ဒဏ်ခတ်မခံရဘဲ လွတ်မြောက်နေမှုကို အဆုံးသတ်ဖို့အတွက်ကတော့ အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ စီစဉ်ညွှန်ကြားသူတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာဖို့ လိုပါမယ်။

• နိုင်ငံသားပြုခွင့်မပါဘဲ သူတို့ရဲ့ တရားဝင်တဲ့ အဆင့်အတန်းတစ်ရပ်ကို အလွယ်တကူရှင်းလင်းပေးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် မွတ်စလင်အများစုက နိုင်ငံသားအခွင့်ရေးကို ငြင်းပယ်ဖို့ ရှေ့ပြေးဖြစ်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သူတို့ကို “ဘင်္ဂါလီ”လို့ သတ်မှတ်တာကို လက်မခံပါဘူး။ နိုင်ထက်စီးနင်း အကျပ်ကိုင်တာတွေကတော့ ပဋိပက္ခမီးကိုပဲ တောက်လောင်စေပါတယ်။

• နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ အထူးသဖြင့် မြေပြင်မှာလက်တွေ့ ကွင်းဆင်းနေတဲ့ ကုလအေဂျင်စီတွေအနေနဲ့ နှစ်စဉ်ဆိုသလို အားနည်းတဲ့ အသိုင်းအ၀ိုင်းတွေအတွက် လိုအပ်ချက်တွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေပေးတဲ့နေရာမှာ ချင့်ချင့်ချိန်ချိန်လုပ်ရမယ့် အနေအထားရှိပါတယ်။ အစိုးရကိုယ်တိုင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုမိုလုပ်ဆောင်ရပါမယ်။

• မြန်မာနိုင်ငံဟာ တိုင်းပြည်မှာ မှီတင်းနေထိုင်တဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ကွဲပြားခြားနားတာတွေကို အမျိုးသားရေးလက္ခဏာအသစ်အဖြစ် အောင်အောင်မြင်မြင် မဖန်တီးနိုင်ခဲ့ဘူးဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို နိုင်ငံနဲ့အ၀ှမ်း ရှာဖွေတွေ့ရှိဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

“ပြဿနာကို ချဉ်းကပ်တဲ့ ဘယ်မူဝါဒမှာမဆို အလွယ်တကူ မပြေလည်နိုင်ဘူးဆိုတာနဲ့ စေ့စပ်ညှိနှိုင်းရေးကို အချိန်ကြာကြာ ယူရမယ်ဆိုတာကို အသိအမှတ်ပြုပြီးမှ စတင်ရပါမယ်”လို့ မူဝါဒရေးရာ အရာရှိနဲ့ အာရှရေးရာပရိုဂရမ်ဒါရိုက်တာ Jonathan Prentice က ဆိုပါတယ်။

“အစွန်းရောက် အကြမ်းဖက်မှုတွေကို ဟန့်တားတဲ့နေရာမှာ ရခိုင်နဲ့ မွတ်စလင်အသိုင်အ၀ိုင်းကို သူတို့ရဲ့ ဘောင်ဝင်တဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာနိုင်စရာရှိတဲ့ နိုင်ငံရေးဦးတည်လမ်းကြောင်းကို ချပြပြီး ယုံကြည်လက်ခံနိုင်လောက်တဲ့ လုပ်ငန်းစဉ်နဲ့ အစပြုဖို့ လိုအပ်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

Source : ICG/ The Straits Times
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: