N-Peace Award ဆုရသူများတွင် မြန်မာမှ ရိုဟင်ဂျာ အမျိုးသမီး မဝေဝေနုနှင့် အမျိုးသမီး ကွန်ယက်တဖွဲ့ ပါဝင်

N-Peace Award ဆုရသူများတွင် မြန်မာမှ ရိုဟင်ဂျာ အမျိုးသမီး မဝေဝေနုနှင့် အမျိုးသမီး ကွန်ယက်တဖွဲ့ ပါဝင်

သဂုတ် ၅ ၊ ၂၀၁၄ M-Media

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP အာရှ-ပစိဖိဒေသ ဌာနခွဲမှ ပေးအပ်သည့် ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆု N-Peace Award ရရှိသူများကို ကို ဇူလိုင် ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ လူငယ်ငြိမ်းချမ်းရေး တည်ဆောက်သူများဆုကို  မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် တက်ကြွလှုပ်ရှားသူ ရိုဟင်ဂျာအမျိုးသမီး မဝေေ၀နုက ရရှိသွားကြောင်းသိရှိရပါသည်။ 

ခေါင်းစဉ် ၄ ခုအတွက် ဆုချီးမြင့်ရာ မြန်မာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့မှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ ဦး ပါဝင်ခဲ့သည်။

ခေါင်းစဉ်လေးခု သတ်မှတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်း လှုပ်ရှားနေသူများအား ပေးအပ်သောဆုအတွက် ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသမီး မီရီယမ် ကိုရိုနယ်လ်ဖာရာနှင့် အာဖဂန်နစ္စတန်နိုင်ငံမှ အမျိုး ဟာဂျီ ခါလီလ်ကလည်းကောင်း၊ သမရိုးကျ အမြင်များကို ချေဖျက်ခြင်း အမျိုးသမီးနှင့် မီဒီယာကဏ္ဍတွင် ပါကစ္စတန်မှ ရာဘီယာ ဂျမီးလ် ဘဂ်က လည်းကောင်း၊ ငြိမ်းချမ်းရေးမျိုးဆက် လူငယ် ငြိမ်းချမ်းရေး  တည်ဆောက်သူများဆုကို မြန်မာနိုင်ငံမှ ဝေေ၀နုနှင့် ပါကစ္စတန်နိုင်ငံမှ ရှားဇမန်တို့ကလည်းကောင်း၊ ထပ်တလဲလဲဖြစ်နေသည့် ပြဿနာများအား ဖြေရှာခြင်းဆုကို မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ယက်တို့က အသီးသီး ရရှိခဲ့ကြသည်။

N-Peace  လူငယ်ငြိမ်းချမ်းရေး တည်ဆောက်သူများဆုကို ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ဝေေ၀နုမှာ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း လည်းဖြစ်သည်။ မိဘ ညီအကိုမောင်နှမများနှင့်အတူ အသက် ၁၈ နှစ်အရွယ်တွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။ ထောင်တွင်း၌ ၇ နှစ်နေခဲ့ရပြီးနောက်  ဒီမိုကရေစီကူးပြောင်းရေးကာလ ၂၀၁၂ ခုနှစ်တွင် သမ္မတ၏ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကြောင့် လွတ်မြောက်လာခဲ့သူဖြစ်သည်။

လွတ်မြောက်လာခဲ့ပြီးနောက် ဝေေ၀နုမှာ မြန်မာနိုင်ငံရှိ မတူညီသော တိုင်းရင်းသား လူမျိုးစုများအကြား အပြန်အလှန်နားလည်ရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးတို့ကို ဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်တွင် ဖယ်ကျဉ်ခြင်းခံထားရသည့် အမျိုးသမီးများ၏ အခွင့်အရေးကို ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်ကို ဖွဲ့စည်းခဲ့သည်။

လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နေသော်လည်း မီဒီယာပေါ်သို့ မရောက်ရှိသည့် အမျိုးသမီးများစာရင်းကိုလည်း ပြည်သူများ၏ မဲဖြင့် ရွေးချယ်ကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှ မီခင်ခင်ကြူအပါအ၀င် အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့မှ အမျိုးသမီး ၅ ဦး ရွေးချယ်ခံခဲ့ရသည်။

အလွှာစုံမှ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသူများကို ရွေးချယ်ချီးမြှင့်သည့် အဆိုပါဆုကို ၂၀၁၁ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဆုရရှိသူများအား ဆုပေးအပ်ပွဲကို ဘန်ကောက်မြို့တွင် လာမည့် အောက်တိုဘာလ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Ref: N-Peace Network

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: