ကိုပါကြီး သည် ကိုဘုန်းမော် လက်သစ်များ ဖြစ်လာလေမည်လား

ကိုပါကြီး သည် ကိုဘုန်းမော် လက်သစ်များ ဖြစ်လာလေမည်လားဟု ထင်မြင်မိပါ၍
လွန်ခဲ့သော ၂ နှစ်ကျော်က ရေးထားသော စာတစ်ပုဒ်အား ပြန်လည် ဆန်းသစ်လိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~

တစ်လိမ် နှစ်လိမ်
August 1, 2012 at 2:10pm
၁၉၈၈ အေပြီလ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းသား ဘုန်းမော်လုံထိန်းရဲတွေရဲ့ ကျည်မှန်လို့ကျဆုံးခဲ့ရတယ်။

ပထမဆန္ဒပြကြတာ ”အမှုမှန်ပေါ်ရေး” ဒါလေးပဲ ကျောင်းသားသီးသန့်။သီးသန့်မှ စက်မှုတက္ကသိုလ်ကျောင်းသားသီးသန့်။

အဲဒီနောက်မှ အခြားတက္ကသိုလ်ကောလိပ် တွေပါကူးဆက်ပြန့်ပွါးပြီးကျောင်းတွေ ပိတ်လိုက်ရတယ်။

ဥက္ကဌကြီးဦးနေဝင်း ကသမတကြီးဦးစန်းယုကိုကျော်ပြီးဒီကိစ္စ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးတယ်။

ကော်မရှင်ကလည်း ဘယ်မှသွားမစစ်ပဲ စားပွဲမှာထိုင်ကာ ရမ်းတုတ်ထဲ့လိုက်ကာ

”ပထမ”
ဘုန်းမော် ရန်ပွဲမှာ ရုန်းရင်းဆန်ခပ်ဖြစ်ကာရိုက်ကြပုတ်ကြရင်းနဲ့သေတယ်လို့လိမ်လိုက်တယ်။

ကျောင်းသားတွေက ပေါ်တင်လိမ်ဆင်ကြီးကြောင့် ရုတ်ရုတ် ရုတ်ရုတ်ထပ်ဖြစ်လာပြန်တော့

”ဒုတိယအကြိမ်” ကော်မရှင်ကချွန်ထက်သော ဒါဏ်ရာကြောင့်သေဆုံးရကြောင်း ဆိုပြီး ထပ်လိမ်ပြန်တယ်။

ဒီမှာတင်ကျောင်းသားထိမ်းမရတော့ဘူး။

ဒါနဲ့ပျားရည်နဲ့ ဝမ်းချ ရင် ရမယ်ထင်ပြီး”တတိယကော်မရှင်” ကို ခိုင်းပြန်တော့

လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေကိုထိမ်းသိမ်းနိုင်စေရန်လူစုကွဲစေလိုသဖြင့် မိုးပေါ်ထောင်ဖောက်လိုက်သော ကျည်ဆံသည်
အနီးအနားရှိဓာတ်တိုင်ကိုမှန်ကာ လမ်းလွဲပြီးဆူပူရမ်းကားသူ လူအုပ်ထဲရှိ မောင်ဘုန်းမော်အားထိမှန်ကာ သေဆုံးခဲ့ကြောင်း ဆိုပြီး
ထပ်လည်းလိမ်ရောတစ်နိုင်ငံလုံး တားလို့မရတော့ဘူး။

ဟုတ်တယ်လေဆူပူရမ်းကားသူ လူအုပ်လို့ပြောရအောင်စက်မှုတက္ကသိုလ်ကျောင်းသားတွေခြည်း သီးသန့်စည်းကမ်းတကျလေ။
အမှုမှန်ပေါ်ရေးပဲတောင်းဆိုတာဘယ်သူမှ မဆူပူ၊ မရမ်းကားခဲ့ကြဘူး။

အဲဒါနဲ့နေဝင်းလည်း နောက်ဆုံးအသက်ကယ်ဆေးဟဲ့ဆိုပြီးလူရိုသေ ရှင်ရိုသေ တရားသူကြီးအဖွဲ့ဥက္ကဌ “ဦးတင်အောင်ဟိန်း” ကို
စုံစမ်းစစ်ဆေးရေး ကော်မရှင်ထပ်ဖွဲ့ပေးပေမဲ့အသက်မမီတော့ပဲ မ၊ဆ၊လ စံနစ်သေဆုံးသွားလေတော့တာပဲ။

ဒါတောင်အဲဒီခေတ်က မီဒီယာဆိုလို့BBC ၊ VOA နဲ့ All India ၃ ခုပဲအားကိုးရှိတာ။

ဘီဘီစီ သတင်းထောက် “ခရစ္စတိုဖာဂါးနစ်” ကတော့အဲဒီအချိန်က မြန်မာတစ်နိုင်ငံလုံးအတွက် ဟီးရိုးပေါ့။

အခုလည်း တစ်ခုပြီးတစ်ခုလိမ်နေတာကိုတွေ့လာရပြန်ပြီ။

အခုတော့ ခရစ္စတိုဖာဂါးနစ် အစား Facebook ရှိလေရဲ့။

လူဆိုတာ ”သတင်းအမှန်မရရင် အတင်းတွေနောက်ပါသွားတတ်ကြတယ်” ဆိုတဲ့ကျနော့အကို စကားကြားယောင်မိတယ်။
အတိတ်ဆိုတာ သင်ခန်းစာမယူတတ်သေးရင်တော့ ရင်လေးတယ်။

***
ကျနော်ရေးထားတဲ့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေကိုဖတ်ရင်မြန်မာ့အသံက ဒေါ်မြနှစ်ရဲ့အသံ၊
မြန်မာ့ရုပ်မြင်က ဒေါ်ခင်မလေးရဲ့ရုပ်နဲ့အသံတို့ကိုကြားယောင်မြင်ယောင်ပြီးဖတ်ဗျာ။
အလွမ်းပြေတာပေါ့။အသက် ၄၀ ကျော်တန်းတွေဆိုရင်တော့ဒီနှစ်ယောက်ရဲ့အသံ မှတ်မိမယ်လို့ထင်ပါတယ်။

One Response to “ကိုပါကြီး သည် ကိုဘုန်းမော် လက်သစ်များ ဖြစ်လာလေမည်လား”

  1. drkokogyi Says:

    Early democracy protests

    On 12 March 1988, students from the RIT were arguing with out-of-school youths inside the Sanda Win tea shop about music playing on a sound system.[6][23] A drunken youth would not return a tape that the RIT students favored.[27] A brawl followed in which one youth, who was the son of a BSPP official, was arrested and later released for injuring a student.[23] Students protested at a local police department where 500 riot police were mobilized and in the ensuing clash, one student, Phone Maw, was shot and killed.[23] The incident angered pro-democracy groups and the next day more students rallied at the RIT and spread to other campuses.[28] The students, who had never protested before, increasingly saw themselves as activists.[23] There was growing resentment towards military rule and there were no channels to address grievances, further exacerbated by police brutality, economic mismanagement and corruption within the government.[6]

    By mid-March, several protests had occurred and there was open dissent in the army. Various demonstrations were broken up by using tear gas canisters to disperse crowds.[20] On 16 March, students demanding an end to one party rule marched towards soldiers at Inya Lake when riot police stormed from the rear, clubbing several students to death and raping others.[29] Several students recalled the police shouting, “Don’t let them escape” and “Kill them!”.[30] Stories, some of which were later found out to have been fabricated,[31] were circulating of the events of that day and quickly spread gaining popular support for the movement. Unrest over economic mismanagement and political oppression by the government led to widespread pro-democracy demonstrations throughout the country. https://en.wikipedia.org/wiki/8888_Uprising#Background

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: