ကိုပါကြီး ဟာ ဗိုလ်အောင်ကျော်ဖြစ်တယ် …ဖုန်းမော်ဖြစ်တယ် … ရဲရင့်စွာ ကျဆုံးခဲ့တယ်

Maung Maung Skw added 2 new photos.

ကိုပါကြီး ဟာ ဗိုလ်အောင်ကျော်ဖြစ်တယ်

ကိုပါကြီးဟာ ဖုန်းမော်ဖြစ်တယ်

ကိုပါကြီးဟာ ရဲရင့်စွာ ကျဆုံးခဲ့တယ်

သူရဲဘောကြောင်သူတွေဟာ သူရဲကောင်းတွေကို ခွေးအ အုပ်က အမဲဖျက်သလို ၀ိုင်းသတ်လိုက်ကြတယ်-

ခွေးအတွေဟာ အုပ်စုအားကိုး အစွယ်အားကိုးနဲ့ ရမ်းကား မိုက်ရိုင်းနေကြတယ်-

ခွေးအ အုပ်ရဲ့ အစွယ်တွေကိုရိုက်ချိုးဖို့

ခွေးအအုပ်ရဲ့ အင်အားတွေကို ဖြိုဖျက်ဖို့

ပြည်သူအားလုံးညီညွတ်စို့-

4 Responses to “ကိုပါကြီး ဟာ ဗိုလ်အောင်ကျော်ဖြစ်တယ် …ဖုန်းမော်ဖြစ်တယ် … ရဲရင့်စွာ ကျဆုံးခဲ့တယ်”

  1. drkokogyi Says:

    Bran Sai
    နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့ အတွက် သဘောထားထုတ်ဖော်ရန် နိုင်ငံရေးအင်အားစုများ ဆွေးနွေး
    ======================================================
    ယနေ့ အောက်တိုဘာ ၂၅ ရက် ၊ ၂၀၁၄ ခုနှစ် မွန်းလွဲ ၂း၀၀ နာရီအချိန်က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) ရုံးတွင် နိုင်ငံရေးအင်အားစု (၂၀) ဖွဲ့မှ ကိုယ်စားလှယ်များ စုစည်းကြပြီး နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့ အတွက် သဘောထားထုတ်ဖော်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
    အစည်းအဝေးဆုံးဖြတ်ချက်အရ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)၊ Generation Wave၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အ.က.သ. ( ၈၈မျိုးဆက် )၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ၊ 141 Plus နိုင်ငံရေး အင်အားစု၊ နိုဗယ် ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ ( 10 D )၊ မြန်မာ့လူမှုဘဝတိုးတက် မြင့်မားရေးအသင်း၊ အဖြူရောင်တွဲလက်များအဖွဲ့၊ Triangle Women၊ ၇၄/၇၅/၇၆ အင်အားစုများ၊ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့၊ Yangon School of Political Science၊ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ၊ Myanmar Institute for Democracy၊ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ယက် တို့ စုပေါင်းပြီး “ နိုင်ငံသား တဦးဖြစ်သူ ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ ရခြင်းအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ စုပေါင်းသဘောထား ထုတ်ပြန် ကြေညာချက် ” ကို ထုတ်ပြန်ရန်နှင့် မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်၊ ညနေ ၄း၀၀ နာရီတွင် အထက်ပါအဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ် ခံရမှုတို့ အတွက် သဘောထားထုတ်ဖော်သည့် လှုပ်ရှားမှု ” ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ ကြသည်။

  2. drkokogyi Says:

    Bran Sai
    59 mins ·

    ကိုနေမျိုးဇင် လုပ်မယ့် ကိုပါကြီးအတွက် အမှတ်တရပွဲနဲ့

    ဆန္ဒထုတ်ဖော်တောင်းဆိုပွဲ ၊ အိတ်ဖွင့်ပေးစာ ဖတ်ပွဲ တို့ကို

    ဒါ့ကြောင့် နောက်တရက် ဆုတ်လိုက်ရတာကိုး …

    တောက် … မယောင်ရာဆီလူး … ပြည်သူကို မှိုင်းတိုက် …

    အစိုးရရဲ့ အကြိုက် … ဒါ သေချာ တိုက်လုပ်တာ ….

    ဒါနဲ့ … ခင်ဗျားတို့ မနက်ဖြန် ညနေ ၄ နာရီကော …

    ဘာလုပ်စရာ ရှိသေးလဲ …။

    အဓိပ္ပါယ်မရှိ ရှိပြီးသား ဥပဒေနဲ့တောင် မလုံလောက်ရအောင်

    မြန်မာမတွေ အတော် ထ နေကြတဲ့ သဘော … ဘာလဲကွာ။

    တထောင့်တနေရာက တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်

    လုပ်နေတာပဲ … အတော် စိတ်ကုန်ဖို့ ကောင်းတယ် ။

    ဒီလို လူစုလို့ ရနေဦးမယ် ဆိုရင် … အင်း

    ဒီတိုင်းပြည် … လွယ်ပါဘူး ….။

    ဗြန် ။

  3. drkokogyi Says:

    Bran Sai
    3 hrs ·

    မုန်းတီးမှု ကို အားကောင်းအောင် ပြုကြရမယ် …

    နာကျည်းမှုတွေကို အမြစ်တွယ် နက်ရှိုင်းစေကြရမယ် …

    အဲဒါ အင်အားတွေလေ … အာဏာရှင်ကို တော်လှန်ဖို့

    အင်အားမွေးနေတာ …

    ပွင့်ပွင့်လင်းလင်း ပြောရရင် … ကျနော်တို့ မမွေးခင်ကတည်းက

    နှိပ်စက်ခဲ့တဲ့ အာဏာရှင်တွေကို ကျနော်တို့ ပြောသလောက်

    မမုန်းကြသေးပဲကိုး …

    ဗမာလူမျိုးဆိုတာ ကိုယ့် ဆွေမျိုးသားချင်းနဲ့ ကိုယ်တိုင်ကို

    ထိမှာ နာတတ်တာမျိုး မဟုတ်လား … ဒါတောင် …

    အော် … အတိတ်ဘ၀ က ၀ဋ်ကြွေးပဲလေ ဆိုပြီး … ခွင့်လွှတ်

    ဖို့ကလည်း အင်မတန် လွယ်ကူတာပါ … ကံ အကြောင်းတရား

    ပေါ့လေ … ဆိုတာမျိုး …

    လက်စားချေဖို့ ပြောနေတာမဟုတ်ပါဘူး …

    စစ်အာဏာရှင်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြုတ်ချနိုင်ဖို့

    အားမွေးခိုင်းတာပါဗျာ … ကဲ အခု … ဒီ အာဏာရှင်တွေ

    လောကပါလ နတ်မင်းတွေကြောင့် အလိုလို ကြောက်ရွံ

    ထိတ်လန့်ပြီး အေးအေးသက်သာ အာဏာစွန့်သွားရင်

    ခွင့်မလွှတ်မယ့်သူ မရှိဘူး မဟုတ်လား … ဒါပဲပေါ့ …

    ကဲ အားမွေးကောင်းအောင် ဒီအစိုးရ နဲ့ စစ်တပ်

    ပြည်သူ့ အပေါ် အစွမ်းကုန် ရက်စက် ယုတ်မာ ပြနေတယ်

    လို့ပဲ … တွေးလိုက်ကြရအောင်ပါ …။

    ဗီလိန်ကောင်းမှာ မင်းသား မင်းသမီး ဇာတ်ရုပ် ပိုကြွတက်

    လာတာ မဟုတ်လား …။

    ဗြန် ။

  4. drkokogyi Says:

    The ‘Spark’ That Started it All ‎….Tunisia’s “Jasmine Revolution” is the first popular uprising to topple an established government in the Middle East and North Africa since the Iranian revolution of 1979; it’s also the spark that ignited and inspired other Revolutions in the region. It unfolded in three phases: First, on December 17, 2011, a young Tunisian street vendor, Mohamed Bouazizi, set himself on fire in hopelessness and to protest his treatment at the hands of the authorities. Demonstrations broke out in his rural hometown followed by protests in other areas of the country. A brutal security crackdown followed, reported in chocking details by online social media. Second, when protests reached the capital, Tunis, the government responded with even more brutality, arresting demonstrators, activists, and shutting down the Internet. Lastly, the President, Zine el-Abedin Ben Ali, shuffled his cabinet and promised to create 300,000 jobs, but it was too late; protesters now just wanted the regime to fall and its President stripped of any power. On January 14, Ben Ali and his family fled the country taking refuge in Saudi Arabia. This act marked the end of one of the Arab world’s most repressive regimes. It was a victory for people power and perhaps the first time ever in history that an Arab dictator has been removed by a revolution rather than a coup d’Etat.http://guides.library.cornell.edu/c.php?g=31688&p=200750

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: