အစိုးရသတင်းထုတ်ပြန်ချက်အတိုင်း ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတာကို ယုံကြပေမယ့် ကိုပါကြီးသေနတ်လုလို့ပစ်သတ်ခံရတယ်ဆိုတဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို ဘာကြောင့်မယုံကြပါလိမ့်

Ko Ko Gyi One of my Japanese Human Rights Activist friend who is closed to a lot of Myanmar Monks keep on reminding me that most of the Myanmar Monks have Islamophobia in their blood.

X20 ဗုံးခွဲတယ်ဆိုပြီး အဲဒီအချိန်က ရဲချုပ်ခင်ရီရဲ့ ဖရိန်လုပ်တာကို ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်တုန်းက အသံပါမထွက်တဲ့ ပြည်သူလူထုကြီး ကိုပါကြီးအလှည့်ကျတော့ ခါချဉ်အုံတုတ်ထိုးသလိုပါပဲလား။
ပြည်တွင်းက မြန်မာပြည်သားစစ်စစ်တွေ မင်းမဲ့စရိုက်လိုသတ်ခံရတုန်းက အသံတောင်မထွက်တဲ့ ပြည်သူလူထုတချို့က ထိုင်းရောက်မြန်မာနှစ်ယောက် အများထင်မြင်ချက်အရ ဖရိန်လုပ်ခံရတော့ ခါချဉ်အုံတုတ်နဲ့ထိုးသလိုပါပဲလား။
အစိုးရသတင်းထုတ်ပြန်ချက်အတိုင်း ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတာကို ယုံကြပေမယ့် ကိုပါကြီးသေနတ်လုလို့ပစ်သတ်ခံရတယ်ဆိုတဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို ဘာကြောင့်မယုံကြပါလိမ့်။ <– ( ဦး ကင်း )
အစိုးရဘာပြောပြောသံသယစိတ်နဲ့အရင်နားထောင်တဲ့ ပြည်သူလူထုကြီးက မွတ်စလင်နဲ့ပတ်သတ်ပြီး ချောက်ချ ပြောသမျှကို မျက်စိမှိတ်ပြီး ဘာကြောင့်ယုံကြပါလိမ့်။


ကိုယ်နဲ့ကိုးကွယ်ရာဘာသာတူသူအတွက်ပဲနာတော့မှာလား။
လူကြီးတစ်ယောက်ပြောတယ်။ တချို့မြန်မာတွေရဲ့ DNA ထဲမှာ မွတ်စလင်မုန်းစိတ်က Code လုပ်ထားပြီးသားတဲ့။ အားလုံးတော့မဆိုလိုပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့အဲဒီလိုမြင်လာတယ်။ ဘယ်လိုဖြစ်လို့ ဗုဒ္ဓဘာသာဝင် မြန်မာတွေရဲ့ စိတ်ထဲမှာ Xenophobia ကြီးကို ဘယ်သူများရိုက်သွင်းပေးလိုက်ပါလိမ့်။
တန်းတူညီမျှအခွင့်အရေးလိုချင်ရင် လူတိုင်းအတွက် တန်းတူညီမျှအခွင့်အရေးပေးနိုင်ရမယ်။ လူတိုင်းအတွက် တန်းတူညီမျှအခွင့်အရေးတိုက်ပွဲဝင်ပေးနိုင်ရမယ်။
ဒီမိုအင်အားစုက စစ်အစိုးရ သော့ခတ်ထားတဲ့ တံခါးကိုမဖွင့်မခြင်း အတန်တန်ခေါက်နေကြပေမယ့် ဒီမိုအုပ်စုကတစ်ဆင့် သော့ပြန်ခတ်ထားတဲ့ တံခါးကို မွတ်စလင်တွေ တဘုံးဘုံးခေါက်နေတာကို ဖွင့်ပေးရကောင်းမှန်းမသိဘူး။ စစ်အစိုးရခတ်ထားတဲ့ တံခါးကို ဒီမိုတွေနဲ့အတူ မွတ်စလင်တွေ၊ တိုင်းရင်းသားတွေ အတူတူပေါင်းပြီးခေါက်ရင်အသံပိုကျယ်နိုင်တယ်ဆိုတာ မတွေးမိလေးသလား။
စတီဗင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: