ဟေ့ အိုဘားမား နဲ့ ကွန်ဒိုလီဇာရိုက်စ် ခင်ဗျား တို့လူမည်းတွေကို ခင်ဗျားတို့ခေါ်ပြီး အာဖရိကကိုပြန်

ဟေ့ အိုဘားမား နဲ့ ကွန်ဒိုလီဇာရိုက်စ်
ခင်ဗျား တို့လူမည်းတွေကို ခင်ဗျားတို့ခေါ်ပြီး
အာဖရိကကိုပြန်။

ဟေ့ ဂျွန်ကယ်ရီ၊ ဘွတ်ရှ် နဲ့ ကလင်တန် တို့
ခင်ဗျားတို့ လူဖြူတွေကို ခင်ဗျားတို့ ခေါ်ပြီး အင်္ဂလန်ကိုပြန်။
ခင်ဗျားတို့အားလုံး ဧည့်သည်တွေ။

ဟေ့ ဂျွန်မက်ကွိုင်း
ခင်ဗျား တို့ လူနီအင်ဒီးယန်း တွေကို ပြန်စုစည်း၊
မက္ကဆီကို ကိုရောက်ကုန်တဲ့ လူနီတွေကိုပြန်ခေါ်၊
ခေတ်သစ် အဖနိုင်ငံတော်
“အမေရိကန်ပြည်ထောင်စုကြီး” ကို
မူလအိမ်ရှင် တွေနဲ့သာ ဧည့်သည်တွေမပါပဲ ပြန်လည်ထူထောင်ကြလော့။

ဟေ့ ဂျူလီယာ ဂီလားဒ်
နင့်လူဖြူတွေကို နင်ကိုယ်တိုင် ခေါ်ပြီးအင်္ဂလန်ကိုပြန်။
နင်တို့အားလုံး ဧည့်သည်တွေ။

ဟေ့ နိုဗာပယ်ရီးစ်
နင့် အာဘိုရီဂျင်းစ် တွေကို ပြန်လည်စုစည်းပြီး
နင်တို့ရဲ့ မူလ ”ဩစတေးလျ” အဖနိုင်ငံတော်သစ်ကြီးကို
ဧည့်သည်တွေမပါပဲ အိမ်ရှင်တွေနဲ့တင် တည်ထောင်ကြ။

ဟေ့ ဂျွန်ကေး
ခင်ဗျား ရဲ့ လူဖြူတွေကို ခင်ဗျားကိုယ်တိုင်ခေါ်ပြီးအင်္ဂလန်ကိုပြန်။
ခင်ဗျားတို့အားလုံးဧည့်သည်တွေပဲ။

ဟေ့ ဝင်စတန် ပီတာစ်
ခင်ဗျားတို့ ရဲ့ မူလအိမ်ရှင် မော်ရိ ပိုလီနီးရှန်း တွေကိုပြန်စုစည်း။
ခင်ဗျားတို့ရဲ့ ခေတ်သစ် ”နယူးဇီလန်” အဖနိုင်ငံတော်သစ်ကြီးကို
ဧည့်သည်တွေမပါပဲ အိမ်ရှင်တွေနဲ့တင် တည်ဆောက်ကြ။

ဟေ့မောင်တန်
မင်းလည်း မင်းသားလေးကိုခေါ်ပြီး မင်းအိမ် မင်းပြန်။
ငါ့သမီးကတော့ ငါ့အိမ်မှာ အိမ်ရှင်စာရင်းဝင်တယ်…… တဲ့
ယောက္ခမကြီးက။

ကဲသားရေ
ပါပါ့ မိဘတွေအိမ် တစ်လှည့်ပြန် အားပေးကြဦးစို့။

Patrick Tan Nay San ရေ နင်တို့ရဲ့ချစ်ခင်လေးစားစရာကောင်တဲ့ ဇော်အေးမောင် ရဲ့ statement ကိုဖတ်ပြီးရွံလို့ အငေါ်တူးလိုက်တာ။

Nay San Lwin အဟက် .. သိပါတယ်ဗျာ .. နောက်တာပါဦးလေးရယ် .. ဒီကောင်တွေမရှက်တတ်လို့ပါဗျာ .. မနေ့က မြန်မာတိုင်းမ်မှာ Phil Robertson နဲ့ Chris Lewa တို့ ၀င်းမြိုင်ငပေါကြီးကို ပြောထားတာ – ဒီကောင်တွေ ရှက်တတ်ရင် ကိုယ့်မျက်နှာကိုယ် ဓါးနဲ့ပါးပါးလှီးပစ်ဖို့ကောင်းတယ် ..

Kyaw Moe Aung ဒီမှာလည်း သရေခေတ္တရာ/ သုဝဏ္ဏဘူမိ နေပြည်တော်ကို ပျူတွေနဲ့ပဲ ထူထောင်မယ်။ တကောင်း အဘိရာဇာက ဆင်းသက်ပါတယ်ဆိုတဲ့ အိန္ဒိယကုလား သာကီနွယ်တွေလည်း (ဗာရာနသီခေါ်ခေါ်) ကိုယ့်အရပ်ကိုယ်ပြန်။

Bob Elhose မြောက်ပိုင်းက ဟိမ၀န္တာ ကုန်းမြင့် က ဆင်းလာတဲ့ တိဘက်တိုဘားမန်း တွေ ကိုယ့်အရပ် ကိုယ်ပြန်ကြ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: