လူဆိုတာ …ဘ၀အတွက် ရှင်သန်ရေးဟာ အာဏာ၊ ငွေကြေး မဟုတ်ဘူး … ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း သွားနိုင်ဖို့ပဲ

လူဆိုတာ …

မတောင့်မတ မကြောင့်မကြ … လုံခြုံမှုရှိရှိ ရှင်သန်ခွင့် ရလာပြီး

လူ့ဘောင်လောကအတွင်းက ထိုက်သင့်တဲ့ လွတ်လပ်ခွင့်တွေ

ကို ရလာတဲ့အခါ …

စိတ်ဓာတ် ၊ အပြုအမှု နဲ့ အတွေးအခေါ်တွေက အစ ပြောင်းလဲ

လာပါတယ် …။

ဘ၀အတွက် ရှင်သန်ရေးဟာ အာဏာ၊ ငွေကြေး မဟုတ်ဘူး …

ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း

သွားနိုင်ဖို့ပဲ ဆိုတာ တွေးလာကြပါတယ် …။

လူသားချင်း တန်ဖိုးထားလာတဲ့ စိတ် ၊ လူ့အခွင့်အရေးကို

ကိုယ်ချင်းစား မြတ်နိုးလာတဲ့စိတ်နဲ့ ဂုဏ်သိက္ခာ ဆိုတာ

အရာအားလုံးထက် အရေးကြီးပါလား ဆိုတဲ့ အသိတွေ

ဝင်လာပါတယ် …။

ငွေကြေးအတွက် ၊ အစားအစာအတွက် ၊ အ၀တ်အထည်နဲ့

နေထိုင်စရာ အိုးအိမ်တွေ အတွက် ၊ ကျန်းမာရေး၊ ပညာရေးနဲ့

အခြားသော လိုအပ်ချက်တွေ ၊ နောက်ဆုံး သေဖို့ အတွက်တောင်

ပူပန်နေကြရတဲ့အခါ … အတ္တဆန်လာကြပါတယ် …။

ရှင်သန်ဖို့ လုံခြုံမှုမရှိ ၊ လွတ်လပ်ခွင့်မရှိ ၊ အာဏာရှင် စနစ်

လက်အောက်မှာ လူတိုင်း အတ္တကြီးပြီး တကိုယ်ကောင်းဆန်

လာကြတယ် ၊ အကျင့်စာရိတ္တ ပျက်ပြားလာကြတယ် ဆိုတာ

သိပ် အံ့သြစရာ ကိစ္စ တခု မဟုတ်ပါဘူး …။

ဘ၀ အတွက် လိုအပ်ချက်တွေက သိပ်များနေတာကိုး …

ဂုဏ်သိက္ခာကို ချနင်းပြီး … ဘာဝ အာမခံချက် အတွက် ကြိုးစား

တတ်လာကြပါတယ် ။။။ အဓိက ပြောချင်တာကတော့ …

စနစ် … အဲဒီ နိုင်ငံတခုရဲ့ စနစ်ဟာ … အဲဒီ တိုင်းသူပြည်သား

တွေကို စာရိတ္တ ပျက်စေတယ် … ပျက်စေအောင် ဖျက်ဆီးပစ်

တယ် လို့ ဆိုချင်တာပါ … ပွင့်ပွင့်လင်းလင်း ပြောရရင် …

လက်ရှိ မြန်မာနိုင်ငံ ပေါ့လေ …။

အရပ်သား ခေါင်းဆောင်ရဲ့ လက်အောက်မှာ စစ်မှန်တဲ့

ဒီမိုကရေစီစနစ်ကို ကျင့်သုံးခွင့်ရကြမယ် ဆိုရင်တော့ ….

နောက်ပြီး လုံလောက်တဲ့ အာမခံချက်တွေကို ရမယ် ဆိုရင်

မြန်မာပြည်သူတွေလည်း ဂုဏ်သိက္ခာ နဲ့ လူ့အခွင့်အရေးကို

တန်ဖိုး ထားတတ်လာကြမှာ မလွဲပါဘူး …။

ခုတော့ … ရှားပါတယ် ။ အင်မတန် ရှားပါတယ် ။

ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: