Justice for reporter Ko Par Gyi murdered by Myanmar Military

ALL those who cover-up, lied and protect the criminals should be arrested for obstruction of justice and could consider PARTNERS at crime and punished severely.

South-East Division Commander and Min Aung Hlaing must be held responsible for this crime.

Advertisements

One Response to “Justice for reporter Ko Par Gyi murdered by Myanmar Military”

  1. drkokogyi Says:

    Bran Sai
    Yesterday at 12:11am ·

    ၂၀၈ မို့ ၂၂ မို့ မဟုတ်ပါဘူး ဗျာ … ဒီနေရာမှာ ၃၃ ဖြစ်ဖြစ်

    ၇၇ ဖြစ်ဖြစ် ။။။ ဖြစ်ရင်လည်း … အာဏာရှင် ခိုင်းသမျှ အထက်

    အမိန့်ကို လွန်ဆန်မယ့်သူ မရှိပါဘူး …

    ဦးနှောက်ဆေးခံထားရသူတွေချည်း ကျန်တဲ့ ဗမာတပ်မတော်ဟာ

    ဗမာ့ တပ်မတော် ဆိုတာထက် နေ၀င်း တပ်မတော် ၊ သန်းရွှေ

    တပ်မတော် ၊ မင်းအောင်လှိုင် တပ်မတော်လို့ ခေါ်တာက ပို

    မှန်ကန်မယ် လို့ ထင်ပါတယ် ….။

    ပြည်သူတွေကို လုံးဝ ကိုယ်စားမပြုပါဘူး … ။

    ကျောင်းသားလည်း သတ်ခဲ့တာပါပဲ ၊ ဘုန်းကြီး၊ မယ်သီလည်း

    သတ်ခဲ့တာပါပဲ … အမျိုးသမီး ၊ ကလေးနဲ့ ဆန့်ကျင်လာတဲ့

    ဘယ် ပြည်သူကိုမှ အလွတ်ပေးခဲ့တာ မရှိခဲ့ပါဘူး ….။

    နာဇီ ဂတ်စတာပိုလ် စစ်ပုလိပ်တွေ ၊ အက်စ်အက်စ် တပ်သား

    တွေထက် သာပါတယ် …။ IS အဖွဲ့ထက် ပိုဆိုးပါတယ် …။

    ဒါပေမယ့် … ကျနော်တို့ တခုတော့ စဉ်းစားသင့်တယ် ထင်ပါတယ်။

    အခု ကိုပါကြီး ကိစ္စမှာ သူတို့ တရားဝင် မကြေငြာရင် ဘယ်ပြည်သူမှ

    မသိနိုင်တဲ့ ကိစ္စပါ …။ပြည်သူတွေ ကိုပါကြီး ပျောက်လို့ နှစ်ပေါက်

    အောင် ရှာနေရမှာပါ …။ သတ်ဖြတ်မီးရှို့ပြီး ရုပ်ကလပ် အကြွင်း

    အကျန်ကိုတောင် မြေမြုပ်ဖျောက်ဖျက်ခဲ့တယ် ဆိုတော့ …

    စစ်ကြောရေးမှာ ဒဏ်ရာ အတော်ပြင်းထန်တယ်လို့ ယူဆရပါမယ်။

    ဘာကို စစ်သလဲ … ဘာကြောင့် အခုလို နှုတ်ပိတ် သတ်ဖြတ်ပစ်

    ခဲ့သလဲ …။ သူတို့ လိုချင်တာက ဘာလဲ ။

    နောက်ဆုံး တချက် ဘာကြောင့် ဒီသတင်းကို အန္တရာယ်များမှန်း

    သိလျှက်နဲ့ တရားဝင် ထုတ်ပြန်ကြေငြာပြီး ပြည်သူ့ ဒေါသကို

    ဆွပေးခဲ့သလဲ … အာရုံလွှဲတယ် ဆိုတဲ့ အဆင့်ထက် ပိုပါတယ်။

    ခု သတင်းဟာ နိုင်ငံတကာကိုလည်း ချက်ချင်း ပျံ့သွားပါပြီ ။

    နိုင်ငံတကာက မေးခွန်းတွေကိုလည်း သူတို့ ဖြေဖို့ လိုပါ

    လိမ့်မယ် …။ KKO ဗိုလ်ကြီး ဆိုတဲ့ အဖြေလောက်နဲ့ မရ

    တော့ပါဘူး ။။ သေနတ်လုလို့ ဆိုတဲ့ အကြောင်းပြချက်လောက်

    နဲ့လည်း မဖြစ်နိုင်တော့ပါဘူး …။

    နောက် … အလောင်းကို ပြန်စစ်လို့ မရအောင် ဘာကြောင့်

    မီးရှို့ ဖျောက်ဖျက်ခဲ့တာလဲ … တွေးကြည့်ရင်တော့ …

    အင်မတန် ရက်စက်ယုတ်မာတဲ့ ရာဇ၀တ်မှု တခုဆိုတာ

    အထင်းသား ပေါ်နေပါတယ် ။

    ဆက် စဉ်းစားသင့်တဲ့ အချက်တွေကတော့ အထက်မှာ

    ရေးခဲ့ပါပြီ … လူယုတ်မာတို့ရဲ့ အကြံအစည်ကို …

    ဆက်လက် သုံးသပ်ကြပါဦး စို့ ……။

    ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: