ကိုပါကြီး အတွက် အမှုမှန်ဖော်ထုတ်ရေး တောင်းဆိုခြင်းနဲ့ အတူ သမိုင်းစဉ်တလျှောက် စစ်တပ်က မြိန်ရည်ရှက်ရေ လုပ်ခဲ့တဲ့ လူသတ်ပွဲတွေ ရပ်တန့်အောင် လုပ်ကြရမယ်

ကိုပါကြီးဟာ ကိုပါကြီးတယောက်ထဲမဟုတ်ဘူး

ကိုပါကြီးဟာ ပြည်သူ ဖြစ်တယ်

ကိုပါကြီးဟာ စစ်အစိုးရ သမိုင်းတလျှောက် သတ်ခဲ့တဲ့ ရဟန်းရှင်လူ တောင်သူလယ်သမား အလုပ်သမား တိုင်းရင်းသား ပြည်သူ အားလုံးရဲ့ ကိုယ်စားဖြစ်တယ်-

ကိုပါကြီး အတွက် အမှုမှန်ဖော်ထုတ်ရေး တောင်းဆိုခြင်းနဲ့ အတူ သမိုင်းစဉ်တလျှောက် စစ်တပ်က မြိန်ရည်ရှက်ရေ လုပ်ခဲ့တဲ့ လူသတ်ပွဲတွေ ရပ်တန့်အောင် လုပ်ကြရမယ်-

ကိုပါကြီးတယောက်ထဲအတွက် တောင်းဆိုရမဲ့အချိန်အခါ မဟုတ်ဘူး-

ကိုပါကြီးနဲ့အတူ အာဏာရှင် စစ်တပ်ရဲ့ သေနတ်ပြောင်းဝ မှာ အသက်ပေးသွားသူအားလုံးအတွက် တောင်းဆိုရမယ်-

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြသူ အားလုံးရဲ့ ဘ၀တွေ လုံခြုံမှုအတွက် တောင်းဆိုရမယ်-

နောင်လာမဲ့ အနာဂတ်မျိုးဆက်တွေဘ၀ အာမခံချက်ရှိဖို့ တောင်းဆိုရမယ်-

စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆိုတာလောက်နဲ့ ချွေးသိပ်တာကို လက်မခံကြနဲ့-

မြန်မာပြည်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာ တရားဝင်လူလိမ် အဖွဲ့ ဖွဲ့စည်းပေးလိုက်တာသာဖြစ်တယ်-

နောက်ထပ် လူလိမ်မခံကြနဲ့-

နောက်ထပ် ကျောအသပ်မခံကြနဲ့-

နောက်ထပ် ပျားရည်နဲ့ ၀မ်းအချ မခံကြနဲ့-

5 Responses to “ကိုပါကြီး အတွက် အမှုမှန်ဖော်ထုတ်ရေး တောင်းဆိုခြင်းနဲ့ အတူ သမိုင်းစဉ်တလျှောက် စစ်တပ်က မြိန်ရည်ရှက်ရေ လုပ်ခဲ့တဲ့ လူသတ်ပွဲတွေ ရပ်တန့်အောင် လုပ်ကြရမယ်”

  1. drkokogyi Says:

    Abul Faiz Naw Louisa Benson 69, the Silver star of Karen, died on 2 February 2010. She was 1956 Miss Burma (Mai Burma) and was an actress of Burma film industry from 1956 to 1960.
    45 mins · Unlike · 1
    Ko Ko Gyi Look back….General San Yu’s PA, Kyone Teik @ Lone Taik @ Mg Mya infiltrated Burma Communist Party…and one the very first day he got the chance to go near Thakhin than Tun..(uncle of DASSK) killed, dug and buried the body and run back to the nearest military camp. So Myanmar Military has a very long history of assassinating its opponents…

  2. drkokogyi Says:

    Lynn Khar

    ————————-

    အိပ်ပျော်နေတဲ့ နိုင်ငံအတွက်
    မောင်းပြန်ရိုက်သံ ထွက်လာတယ်
    “သတင်းထောက် ကိုပါကြီး သေဆုံးခြင်း”
    လန့်နိုးကြ
    ယောင်ပြေးကြ
    အော်ဟစ်ကြ

    ကျည်ဆံထွက်တဲ့ သေနတ်က
    အလင်းရောင်နဲ့ ဓာတ်ပုံသာထွက်တဲ့ ကင်မရာကို
    ဒင်နဲ့ ရိုက်ချိုး အဖြစ်ဆိုးခဲ့ပြီ

    သတင်းထောက်တစ်ယောက်ဟာ
    ပြတင်းပေါက်တစ်ပေါက်ဖြစ်တယ်
    ကမ္ဘာကြီးကို ငါတို့ကြည့်ဖို့

    သတင်းထောက် ကိုပါကြီးတစ်ယောက်
    လိုရာခရီးမရောက်အောင်
    စစ်ဖိနပ်က ခြေထိုး အသေဆိုးသေခဲ့ရ
    သတင်းထောက်သေတာဟာ
    ဒီမိုကရေစီသေတာပဲ

    မုဆိုးမတစ်ယောက် တိုးလာတယ်
    တက်ခေါက်သူတွေ တိုးလာတယ်
    မုချ
    ပဲ့တင်သံဟာ တောင်ကြီးဖြိုလိမ့်မယ်

    တစ်နေ့ မင်းဆီလာမယ်
    တစ်နေ့ ငါ့ဆီလာမယ်မှန်းလည်း သိတယ်
    သေခြင်းတရား မဟုတ်ဘူး
    စစ်ဖိနပ်ရဲ့ နင်းဖျက်မှု။ ။

    လင်းခါး

  3. drkokogyi Says:

    Thuzar Mdy

    တိုင်းပြည်ငြိမ်းချမ်းရေးရမယ်တောင်မကျန်သေးဘူး

    သူ့ ရဲ့ ခင်ပွန်းသည်လည်း

    စစ်တပ်က သက်လို့ သေပြန်ပြီ

    ~
    ကိုပါကြီးရဲ့ ဇနီး မသန္တာဆိုတာ ဘယ်သူလဲ-
    သူထောင် ကျ တုန်းက ပြစ်ဒဏ်က တသက်တကျွန်း။
    သူ့အ ဖေက လေ ဖြတ် တော့ ပြုစုမယ့်သူ မရှိဘူး ။ အိမ် မှာ တယောက်ထဲ ကြွက် တွေ ကိုက် တာရယ်၊ အိပ်ယာ နာ ကြောင့် ဆေးရုံ တင် ထားတဲ့ အချိန် သူလွတ်ပြီး သိပ်မကြာ ဘူး သူ့အဖေ သေ သွားတယ်။
    အမက သူ့ အ ဖေ နာရေး ကိုအစကနေ အဆုံးထိ ကူပေးခဲ့တယ်။ သူအမှု့ က ပြည်ပသတင်း ဌာနကို အစိုးရနဲ့ပတ်သက် ပြီး ဝေဖန်တဲ့ ဆောင်းပါး တွေ ကဗျာ တွေပို့တဲ့အမှု။
    ထောင် ထဲမှာ တော်တော် ကြာကြာ နေခဲ့ရတယ်။ ထောင်ဝင်စာများများ လာနိုင်တဲ့ နိုင် ကျဉ်း မမ များရဲ့ နှိမ့်ချ ဆက်ဆံမှု တွေ ကိုလဲ ခါးခါးသီးသီးခံခဲ့ရတယ်။ သူလဲ အမလိုဘဲ ၊ ဘဝတူချင်းမို့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်တယ်လေ။
    မမာမာဦးပြောတဲ့ မသန္တာအကြောင်းပေါ့။

    ဘ၀တွေခါးသီးစွာဖြတ်သန်းလာခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေးရမယ်တောင်မကျန်သေးဘူး သူ့ ရဲ့ ခင်ပွန်းသည်လည်း စစ်တပ်က သက်လို့ သေပြန်ပြီ။

    ဘီဘီစီမှာ စစ်တပ်က ပေးတဲ့အကူအညီလုံးဝမယူဘူးလို့ အပြတ်ပြောခဲ့တဲ့သူပါ။ သူလိုချင်တာက သူ့ ခင်ပွန်း ကိုပါကြီးရဲ့ အ၀တ်အစားကအစ အားလုံးကို သူပြန်လိုချင်တယ်။ အလောင်းကိုလည်း လိုချင်တယ်။ တရားဆွဲချင်တယ်။

    ဒါပဲ။ အားလုံး စာနာနားလည်ပေးနိုင်ကြပါစေ။ သူမနေရာမှာ ခင်ဗျားတို့ သာ ဖြစ်ကြည့်။ ဘယ်လိုခံစားရမလဲ
    ””””ီ

  4. drkokogyi Says:

    Zaw Mdy Zaw Mdy
    22 hrs ·

    ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သေဆုံးမှုအတွက် တစ်နိုင်ငံရှိ အဖွဲ့စည်းပေါင်းစုံမှ
    သဘောထားတွေ ထုတ်ပြန်ကြတယ် ။
    အံ့သြဖို့ကောင်းတာက အမျိုးဘာသာ သာသနာ
    စောင့်ရှောက်ရေးဆိုတဲ့ အဖွဲ့က ဘာတခုမှမပြော
    ဘူးးး ရေငုံ နူတ်ပိတ် ပြီးးးး နေတယ်
    မုဒိမ်းသတင်းနောက်များ လိုက်နေလို့လားမသိဘူး

  5. drkokogyi Says:

    Win Ko Hlaing

    လူတစ်ယောက်ကို သတ်လိုက်တာဟာ မည်သူမဆို မည်သည့်အဖွဲ့အစည်းကိုမဆို လူသတ်မူသာလျှင် ဖြစ်ပါသည်။……
    ဒါ့အပြင် တိုင်းပြည်က ပြည်သူတွေကို အနိုင်ကျင့် ဖမ်းဆီး ထောင်ချ သတ်ဖြတ်နေသည်ကို တိုင်းပြည် ကိုယ်စားပြုဟုခံယူထားသောသူများ အဖွဲ့များက ဦးဆောင်ပြီး မပြောမဆို မတောင်းဆို ဖော်ထုက်မူများ မလုပ်ဆောင်ခဲ့လျှင် အသင်တို့လဲ သမိုင်းတရားခံ ဖြစ်လါပေလိမ့်မည်။……
    အရေမရ အဖတ်မရ အခန်းထဲမှ ဘာမှန်းမသိ ကြေငြာချက်တွေထုက်၊ ခန်းမအတွင်း သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြီး ဘာတစ်ခုမှ ထိရောက်မူ မရှိခဲ့တဲ့ လမ်းစဉ်တွေ နောင်မျိုးဆက်သစ်တွေကို လမ်းမှားပေါ်တွန်းပို့မူ ဖြစ်စေခဲ့တဲ့ အချိန်တွေဟာ ၂၆နှစ်ရှိခဲ့ပါပြီ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာကို အသင်တို့ စဉ်းစားပြီး လုပ်ကြပါတော့လို့ ခေါင်းဆောင်နာမည်ခံသူတွေကို အားကိုးစွာ တိုက်တွန်းလိုက်ပါတယ်ဗျာ။……..ကျွန်တော် ဘာကောင်မှ မဟုက်ပါ…..၀င်းကို

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: