“ဇရပ်ကိုမွတ်စလင်မ်တွေကဖျက်မပေးရင် ဦးပုညနှင့် မင်းကျောင်းဆရာတော်ဘုန်းကြီး တစ်ရာလောက်နဲ့ဖျက်မယ် သင်္ချိုင်းပါဖျက်ခိုင်းတယ်.. လူပါးဝလို့ရလို့လူပါးဝတဲ့သဘောပဲ”

“ဇရပ်ကိုမွတ်စလင်မ်တွေကဖျက်မပေးရင် ဦးပုညနှင့် မင်းကျောင်းဆရာတော်ဘုန်းကြီး တစ်ရာလောက်နဲ့ဖျက်မယ် သင်္ချိုင်းပါဖျက်ခိုင်းတယ်.. လူပါးဝလို့ရလို့လူပါးဝတဲ့သဘောပဲ”

ရဲ ရဲ>>ဇရပ်အကြောင်းပြကာ မွတ်စလင်မ်သချိုင်းကို မ.ဘ.သ ဘုန်းကြီးတစ်သိုက် ဖျက်ဖို့တာဆူ

ဟိန်းအောင်
အောက်တိုဘာ ၂၇၊ ၂၀၁၄
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးမြို့အနီး ကျွန်းစုကျေးရွာရှိ အစ္စလာမ့်သချိုင်းအတွင်းဆောက်လုပ်ထားသည့် ဇရပ်တစ်ဆောင်အား အကြောင်းပြချက်မရှိဘဲ ဖယ်ရှားခိုင်းထားပြီး ဖယ်ရှားခြင်းမရှိပါက ဘုန်းကြီး တစ်ရာလောက်နဲ့ဖျက်မယ် ဟူသော ခြိမ်းခြောက်စကားကို ဝေါမြို့ မြို့နယ်အုပ်ချုပ်ရေးမှ ဒေသခံမွတ်စလင်မ်များအားပြောကြားပြီး မကြာမှီပင် သချိုင်းကိုပါဖယ်ရှားရန်ဖိအားပေးခံနေရကြောင်း သိရသည်။

“အောက်ကြို့ပြီး ဇရပ်ကိုဖျက်ဖို့သဘောတူပေးပြီးတော့လည်း ကဘရ်စတန်(သင်္ခင်္ျိုင်း)ကိုပါ လက်ရှိနေရာနဲ့ လေးဖာလုံလောက်ဝေးတဲ့နေရာကို ရွှေ့ခိုင်းထားတယ်။ ရွှေ့ခိုင်းတဲ့နေရာက လက်ရှိကာလမှာ ခါးလည်လောက်အထိရေမြုပ်နေတဲ့နေရာလေ။”ဟု ဒေသခံအစ္စလာမ်ဘာသာဝင်တစ်ဦးက Myanmar Muslim Media သို့ပြောသည်။

ကျွန်းစုဘုန်းကြီးကျောင်းကျောင်းထိုင် မ.ဘ.သ ဘုန်းကြီး ဦးပုညကဦးဆောင်ကာ ရွာသားအချို့အား ကြိုးကိုင်ကာအစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းအတွင်းမြုပ်နှံမှု အခက်အခဲတွေ့စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်းစုရွာရှိ မွတ်စလင်မ်သင်္ချိုင်းမြေနေရာသည် မြစ်ကျိုးမြို့ဘက်မှ လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းကပြောင်းရွှေ့လာခြင်းဖြစ်ပြီး အဆိုပါ သင်္ချိုင်းမြေအတွင်း ယာယီခွင့်ပြုချက်ဟူသောအမိန့်စာဖြင့် ဂျနာဇာဆွလာသ်(သေသူအတွက်ဆုတောင်းပတ္တာနာလုပ်ရန်)နေရာအဖြစ် သွပ်မိုး ကွန်ကရိတိုင်ထောင်ကာ ဒူးပိတ်ကာထားသည့်ဇရပ်အား လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဆောက်လုပ်ထားသည်။

“ဇရပ်ကိုမွတ်စလင်မ်တွေကဖျက်မပေးရင် ဘုန်းကြီး တစ်ရာလောက်နဲ့ဖျက်မယ်လို့သတင်းထွက်နေတယ်။မင်းတို့ပဲဖျက်ပေးလိုက်ပါလို့ ဝေါမှာခေါ်ပြောတယ်။လူပါးဝလို့ရလို့လူပါးဝတဲ့သဘောပဲ။အခုတော့သင်္ချိုင်းပါဖျက်ခိုင်းတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကျွန်းစုမွတ်စလင်မ်သင်္ချိုင်းနှင့် ၃ မိုင်နီးပါးအကွာတွင်ရှိသည့် ကျွန်းစုဘုန်းကြီးကျောင်း ကျောင်းထိုင် ဦးပုညနှင့် မင်းကျောင်းဆရာတော်ဆိုသူတို့မှာ အထက်ပါလှုံ့ဆော်မှုတွင် အဓိက ဦးဆောင်ဦးရွက် ပြုနေကြသူများဖြစ်ကြောင်းလည်း ဒေသခံများ၏ပြောကြားချက်အရသိရသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: