“တစ်လုပ်စားဖူး သူ့ကျေးဇူး…”

“တစ်လုပ်စားဖူး သူ့ကျေးဇူး…”

ကထိန်တွေခင်းနေကြပြီ။ကထိန်အတွက် အလှုငွေတွေကို မဏ္ဍပ်တွေမှာ သီချင်းတွေ ဆူညံနေအောင်ဖွင့်ပြီး အလှုခံနေကြသလို၊ကားတွေ ဆိုက်ကားတွေနဲ့ လှည့်ပြီးတော့ တစ်ဖုံ၊ ဘောက်ချာ ဖြတ်ပိုင်းလေးတွေနဲ့တနည်း. အလှုခံဖလားလေးတွေ အဂွမ်ဂွမ်နဲ့တစ်မျိုး .အမျိုးစုံအလှုခံနေကြပါပြီ။ကောင်းပါတယ်.ဘာသာရေးကိစ္စလုပ်ကြတာ။အဲ ပြောချင်တာက အလှု.တကာတွေထဲမှာ မွတ်စလင်တွေလည်းပါတယ်ဆိုတာကိုပြောချင်တာ။ကျနော်က မန္တလေးမြို.မှာနေတာဆိုတော့ ဒီမြို.အကြောင်းပဲပြောပါ့မယ်။ကထိန်ရာသီရောက်ပြီဆိုရင် ကျောင်းတွေ..ဈေးတွေမှာ ကထိန်ခင်းဖို့အတွက် အလှုငွေကောက်လာတာ လွန်ခဲ့တဲ့အနှစ်(၂၀)ကျော်.ဒါကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့အပိုင်း။ဒီထက်ပိုပြီး ကြာနိင်ပါသေးတယ်။

အခု လူကြီးဖြစ်နေတဲ့သူတွေပိုသိကြမှာပါ။ကျနော်တို့ကျောင်းတွေမှာ ကျောင်းကထိန်ခင်းချိန်ရောက်လာရင် ကထိန်ကြေးနဲ့ ၀ါဆိုပန်းကပ်ကြေး..မုန့်စားဖို့ .စသည်ဖြင့် အလှုငွေထည့်ကြရပါတယ်။ကျောင်းမှာရှိသမျှလူ…မွတ်စလင်ရောခရစ်ယာန်ရော၊ဟိန္ဒူရော ..ဘယ်ဘာသာကိုးကွယ်ကွယ်ထည့်ကြရပါတယ်။အရင်က စေတနာရှိသလောက်ထည့်ခိုင်းရာကနေ နောက်တော့ ဘယ်လောက်အနည်းဆုံးဆိုတာဖြစ်လာပါတယ်။အလှုငွေထည့်ခိုင်းတာကဗမာတွေရဲ.ဒီဘာသာရေးပွဲအတွက်ပဲ ထည့်ကြရတာဖြစ်ပြီး ကျန်ဘာသာတွေက သူ့တို့ရဲ.ဘာသာရေးပွဲတွေမှာတော့ တစ်ခြားဘာသာဝင်တွေဆီကနေ ဘယ်တော့မှ ငွေမကောက်ကြပါဘူး။ကိုယ့်လူအချင်းချင်းပဲကောက်ခံတာဖြစ်ပြီးရှိတာလေးနဲ့ဖြစ်အာင်လုပ်လိုက်ကြတာပါပဲ။နောက်ဈေးတွေမှာလည်း ဒီလိုပါပဲ ဈေးချိုတော်ကြီး တိုက်တန်းကြီးကအစ မန္တလေးမြို.ကဈေးကြီးတွေမှာလည်း ကထိန်ပွဲလုပ်ဖို့အတွက်ဆိုင်တိုင်းအလှုငွေ မထည့်မနေထည့်ကြရပါတယ်။ဈေးချိုတော်ကြီးနဲ့တိုက်တိုက်ကြီး၊အခု မန်းမြန်မာပလာဇာ စတဲ့ဈေးထဲမှာ ဖွင့်ထားတဲ့ဆိုင်မှန်သမျှ တစ်ဆိုင်ကိုအနည်းဆုံး နှစ်သောင်းကနေ သုံးသောင်း စသည့်ဖြင့်ထည့်ကြရပါတယ်။မွတ်စလင်မို့..ခရစ်ယာန်မို့ ၊ဟိန္ဒူမို့ .ထည့်စရာမလိုဖူးဆိုတာမရှိပါဘူး…ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကနေ အခုအချိန်ထိဒီအတိုင်းပါပဲ(ကောက်တဲ့ငွေပမာဏတော့ နှစ်အလိုက်ကွာသွားတာပေါ့)။ဈေးချိုတစ်ခုတည်းမှာတင် မွတ်စလင်ဆိုင်ပေါင်းရာချီရှိပါတယ်..တစ်ခြားဈေးတွေရောပါတွက်လိုက်ရင် ထောင်ချီရှိပါတယ်..ဆိုတော့ ဒီမွတ်စလင်တွေ နှစ်ပေါင်းများစွာ ဒီနေ့အချိန်ထိထည့်ဝင်လှုဒါန်းထားတဲ့ငွေတွေကိုတွက်ကြည့်မယ်ဆိုရင် သိန်းထောင်ချီ.သောင်းချီရှိနေပြီလို့ပြောလို့ရပါတယ်။ဈေးလူကြီးလုပ်နေတဲ့သူတွေ ဈေးသူဈေးသားတွေ အသိဆုံးပါ။အဲဒီဘာသာခြားတွေလှုထားတဲ့ ငွေတွေနဲ့သံဃာတွေအတွက်လှုဖွယ်ပစ္စည်းတွေ၊ဘုန်းကြီးကျောင်းတွေ၊ ကျောင်းထဲလမ်းခင်းတာတွေထဲမှာ အများကြီးသုံးပြီးပါပြီ။ ဒါပေမဲ့ မွတ်စလင်တွေဆီမှာ ၀ယ်တဲ့ငွေတစ်ကျပ်က ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဖြုတ်ဦးနှောက်လောက်ရှိတဲ့သူတွေက လှုံဆော်ရေးသားတာတွေတွေ.ရတော့ သူတို့ကိုသနားမိတယ်။မွတ်စလင်မရှိတဲ့နေရာမှာနေပြီး မွတ်စလင်တွေက သူတို့ကို မလှုဘူးဆိုပြီး ဒေါသပွား အမုန်းစကားဆိုတဲ့သူတွေကိုဆိုလိုတာပါ။ကိုယ်သိသလောက်လေးနဲ့တော့ အဲဒီအသိဟာ အမှန်တရားမဖြစ်နိုင်ပါဘူး။လက်တွေ.မကျနိုင်ပါဘူး။ဥပမာ- ၀ီရသူလို မွတ်စလင်ပိုင်တဲ့ ဓါးနှစ်လက် အမှုန့်ကြိတ်စက်မှာ အလုပ်သမား ၀င်လုပ်ခဲ့တဲ့သူ၊မြို.ကြီးပြကြီးကျောင်းကြီးတွေမှာ မနေခဲ့ဖူးတဲ့သူက မွတ်စလင်တွေဟာ သူတို့မွတ်စလင်ဆိုင်အချင်းချင်းပဲအားပေးတယ်၊ကျန်တဲ့ဗမာဆိုင်တွေမှာ ဈေးမ၀ယ်ဖူးဆိုတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်လိုအတွေးတွေ သူ့မှာရှိနေတာအံ့သြစရာမရှိပါဘူး။ အင်မတန်သနားစရာကောင်းတဲ့ သူပါ။တကယ်တော့ မွတ်စလင်တွေကနေ ရဟန်းသံဃာတွေအတွက် ပစ္စည်းလေးပါးနဲ့ သာသနိက အဆောက်အအုံများအပါအ၀င် ထည့်ဝင်လှုတန်းထားတာတွေမနဲမနောရှိနေတာအမှန်ပါ။ဒါလေးတော့ သိအောင်မြင်အောင် နားလည်အောင်ကြိုးစားကြပါ။ဦးနှောက်မရှိတဲ့ကောင်တွေပြောတိုင်း ယုံစရာမလိုပါဘူး။အခုတိုက်တိုက်ဆိုင်ဆိုင်ပဲ.အခု-မုန့်ဟင်းခါးအနံ့ရတယ်။ဘယ်သူချက်နေတာလည်းမေးတာ့ ဈေးကထိန်အတွက် မွတ်စလင်မကြီးက မုန့်ဟင်းခါးချက်ပေးနေတာတဲ့ အနံ့လေးကမွှေးလိုက်တာ ဗိုက်တောင်ဆာလာပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: