နောက်ဆုံးရ မြန်မာနိုင်ငံက စကုမြို့ ရဲဒမြ သတင်း

နောက်ဆုံးရ မြန်မာနိုင်ငံက ရဲဒမြ သတင်း-
***************************************
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း-စကုမြို့ ကလေး မှာ မွတ်စလင် အိမ်ခြေအနည်းငယ်သာရှိပါတယ်-

မင်းဘူးမြို့နဲ့ ၁၀ မိုင်ခန့်သာဝေးကွာသဖြင့် ယခင်ခေတ်က
မင်းဘူး-စကုမြို့နယ် လို့ပူးတွဲထားခဲ့ပေမဲ့ ယခုအခါ သီးခြား မြို့နယ်များအဖြစ်တည်ရှိနေပါတယ်-

စကုမြို့မှ အစ္စလာမ်သာသနာဝင်များက သူတို့မြို့နယ်အတွင်း သာရေးနာရေးကိစ္စများမှာ အသုံးပြုရန်အတွက် မြို့နယ် အတွင်းနေထိုင်သူများ စုပေါင်းထည့်ဝင်ငွေနဲ့ စူပါကပ်စတန် ကားတစီးကို ၀ယ်ယူခဲ့ပါတယ်-

အလှူငွေ မလောက်ငလို့ ကားဘိုးတောင် အကြေ မပေးခြေ နိုင်သေးပါဘူး-

လူမှုရေးလုပ်ငန်းမှာအသုံးပြုဖို့အတွက်ဆိုလို့ ကားရောင်းတဲ့ ကုပ္မဏီက အကြွေးစနစ်နဲ့ ရောင်းပေးလိုက်တာပါ-

အဲ့ဒီကားဟာ လိုင်စင်အပြည့်အစုံနဲ့ အခွန်ပေးဆောင်ထားတဲ့ ကားဖြစ်ပါလျက် စကုရဲစခန်းက ကားကိုလာရောက်သိမ်းယူ သွားခဲ့ပြီး- ကားဝယ်ယူနိုင်ရေးအတွက် ဆော်သြော် အလှူခံခဲ့ ကြတဲ့ သာရေးနာရေးအသင်းဝင်များကို အဖွဲ့အစည်း မှတ်ပုံ မတင်ရသေးဘဲ ကားဝယ်လို့ဆိုပြီး ပြသနာရှာနေပါတယ်-

ကားကိုလဲ ဗြဟ္မစိုရ် အသင်းကိုလှူပေးဖို့ ဖိအားပေး တောင်းဆို
နေတယ်လို့ သတင်းရရှိပါတယ်-

မကွေးတိုင်း-စကုမြို့က ရဲဒမြတိုက်တဲ့သတင်းဖြစ်ပါတယ်-။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: