ဒီနေ့အချိန်ဟာ တော်လှန်ရေးတရပ်ကို မီးဖွားသန့်စင်ရတော့မဲ့အချိန်…လူ.အသက်တစ်ချောင်းကို တန်ဖိုးမထားတက်တဲ့ အဓမ္မ၀ါဒီတွေ ကြီးစိုးနေတဲ့အမှောင်ခေတ်ကို အဆုံးသတ်ကြဖို့အချိန်ရောက်ပါပြီ။

ဒီနေ့အချိန်ဟာ တော်လှန်ရေးတရပ်ကို မီးဖွားသန့်စင်ရတော့မဲ့အချိန်…
ဒီနိုင်ငံကိုအုပ်ချုပ်နေတာ ..ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသမားအယောင်ဆောင်ထားတဲ့ ဗိုလ်ချုပ်သိန်းစိန်အုပ်ချုပ်နေတာမဟုတ်ဘူး ..စစ်အာဏာရှင်တွေ ဆက်အုပ်ချုပ်နေတာသာဖြစ်ပါတယ်။လက်နက်အားကိုးပြီးလူ.အသက်တစ်ချောင်းကို တန်ဖိုးမထားတက်တဲ့ အဓမ္မ၀ါဒီတွေ ကြီးစိုးနေတဲ့အမှောင်ခေတ်ကို အဆုံးသတ်ကြဖို့အချိန်ရောက်ပါပြီ။

“ပုဒ်မ ၄၃၆ ကိုမပြင်ရင် လူထု လှုပ်ရှားမှုတစ်ခု ပေါ်လာမည်”–မင်းကိုနိုင်

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင် ဆင်ဖို့လိုအပ်ကြောင်း မြန်မာပြည်သူ ၅ သန်းက သူတို့ဆန္ဒတွေကို အထင်အရှားဖော်ထုတ်ပြသခဲ့ ပြီးဖြစ်ပါတယ်၊ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုမပြင်ဘူးဆိုရင် လူထုဆန္ဒကို ဥပက္ခာပြုတာဖြစ်တဲ့အတွက် မိမိတို့က လူထုလိုက်ပါနိုင်တဲ့ လှုပ်ရှားမှုတစ်ခုကို ဖော်ထုတ်မှာဖြစ် တယ်လို့ RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့လို အပ်ကြောင်း မြန်မာပြည်သူ ၅ သန်းက သူတို့ဆန္ဒတွေ ကို အထင်အရှားဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်၊ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုမပြင်ဘူးဆိုရင် လူထုဆန္ဒကို ဥပက္ခာပြုတာဖြစ်တဲ့အတွက် မိမိတို့က လူထုလိုက်ပါနိုင် တဲ့ လှုပ်ရှားမှုတစ်ခုကို ဖော်ထုတ်မှာဖြစ်တယ်လို့ RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

“ကောင်းပြီ ၄၃၆ ကိုမပြင်ဘူးဆိုရင် ဖွဲ့စည်းပုံကို မပြင်ဘူးလို့ ပြောတာနဲ့အတူတူပဲဗျ၊ အဲ့ဒီတော့ ဗမာပြည်ရဲ့ ပြဿနာတွေကို မဖြေရှင်းကြတော့ ဘူးလားလို့ပဲ ကျနော်တို့က မေးရလိမ့်မယ်၊ အဲ့ဒီတော့ အင်အားသာလျှင် ပဓါနဝါဒ ကိုပြန်ရောက်တော့မှာလား၊ ဘာကိုမှ အဖြေ မရှာဘူးဆိုရင် ကျနော်တို့ အင်အားကိုစုပြီးတော့ အင်အားချင်းဆိုင်ကြဖို့ပဲ ရှိတော့တယ်၊ မပြင်လို့ မရဘူးဆိုတာကို ကျနော်တို့ အခိုင်အမာကို ပြောရလိမ့်မယ်၊ ကျော်သွားလို့မရဘူး၊ ငြင်းဆန်လို့မရဘူး”

ဒါ့အပြင် ကိုမင်းကိုနိုင်က ပြည်သူတွေလိုက်ပါနိုင်ရေးအတွက် ပထမဦးစွာ လူထုကိုအခြေအနေမှန်တွေသိအောင် မိမိတို့က ရှင်းလင်းပြောကြားရမှာဖြစ်တယ်၊ အဲ့ဒီနောက် လူထုရဲ့သဘောတူညီချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရယူပြီးလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: