”လော်ဥပဒေ”

(လော်တိုင်းပြည်)ဟာ ဘယ်သူ့ ကိုမှ နစ်နာ စေလို တဲ့စိတ်နဲ့ ရေး တာ မဟုတ် ပေမယ့် ပရဟိတအကျိုးတော် ဆောင်တွေကတော့ ကြိုက်ပုံမရဘူး။ မင်းဗုဒ္ဓဘာသာ မဟုတ်ဘူးလားတဲ့။
စတိတ်ရှိုးတွေဆူညံနေတာ ဘာပြော မလဲတဲ့။ဗလီတွေ မနက်အစောကြီး အော်ပြီးရှစ်ခိုးနေတာကျတော့ကောတဲ့။
မဆိုင်တဲ့ အကြောင်းအရာနှစ်ခုကို တန်း မညှိစေချင်ပါဘူး။
အခုပြောတာ အလှူခံတာကို အဓိကဆိုလို တာမဟုတ်ဘဲ လော်သုံးတာကိုပြောနေ တာ ပါ။


ကျွန်တော်သာအမှတ်မမှားဘူးဆိုရင် ဒီကိစ္စဟာ အရေးအခင်းနောက်ပိုင်းမှ ပေါ်လာတာပါ။ကားလမ်းတွေပေါ်မှာ ကားဂိတ်တွေနားမှာ လော်တွေနဲ့အော် မောင်းထောင်ဂျိုင့်ထဲကျောက်ခဲထည့် ခလောက်ရင်း အဲ့ဒီရောဂါစတင်လာ တာပါပဲ။နောက်ပိုင်းအကျိုးရှိမှန်းသိလာ တော့ ရပ်ကွက်တိုင်းလိုလို လိုက်လုပ်လာ တယ်။ဒါပေမယ့် ရပ်ကွက်အ၀ကားဂိတ် တွေ အနှေးယဉ်ဂိတ်တွေ လောက်ပဲ။အရပ်ထဲ လမ်းထဲမ၀င်ကြသေး ဘူး။နောက်ပိုင်းမှာမှ လမ်းထဲထိ ဓမ္မာရုံ ရှေ့တွေထိ ရောက်လာတာပါ။ဒါ လော်သမိုင်း အမှန်ပါ။
ကျွန်တော် မြန်မာပြည်နဲ့ပတ်သက်တဲ့ ကားလေးတစ်ကားရိုက်ဖို့စဉ်းစားတော့ အခွေထိုးလိုက်တာနဲ့ မြန်မာပြည်က ရိုက်မှန်း ကမ္ဘာက သိအောင် ဘာပြရမလဲတွေးနေတာတော်တော်ကြာပါပြီ။
အန္ဒိယကားတွေက သူတို့တီးလုံးနဲ့ မွန်ဘိုင်းက ကားကြပ်တဲ့လမ်းမ။ပိုက်ဆံတောင်းနေသူတွေပြလိုက်ရင် အိန္ဒိယကားမှန်း ကမ္ဘာကသိတယ်။ထိုင်းကလည်း ရေပေါ်ဈေးရောင်းနေတဲ့ လှေတွေပြလိုက်ရင် သိတယ်။ထိုင်ဝမ်ကတော့ ချိုင်းနားတောင်း က အခေါက်ကင်အသားကင်ဆိုင်တန်းတွေ လူရှုတ်နေတဲ့ လမ်းမတွေပြလိုက်ရင် သိတယ်။မြန်မာကို ရွှေတိဂုံနဲ့ပုဂံမပါဘဲ လမ်းပေါ်က လူတွေပြရုံနဲ့ ဗီယက်နမ်နဲ့မမှားအောင် မြန်မာမှန်းသိအောင် ဘယ်လိုပြရမလဲပေါ့။နောက်ဆုံးတော့ အဖြေပေါ်လာတယ်။NYဆိုရင် ရုပ်ရှင်ထဲ ရဲကားသံပါရသလို မြန်မာကကားဆိုရင်လည်း အလှူခံအသံ အလှူခံမဏ္ဏပ်တွေ ပါရမယ် လို့ သဘောပေါက်လာပါတယ်။
ဒါပေမယ့် ကမ္ဘာ့အမြင်မှာတော့ လော်တွေအသံကုန်ဖွင့်နေတာဟာ အများပြည်သူရဲ့ အေးချမ်းစွာနေပိုင်ခွင့်ကို ထိပါးနေတာဖြစ်လို့ ဂုဏ်ယူစရာ Image တော့ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့သာ အချိန်မီ မပြင်ဆင်ရင် သိပ်မကြာခင်ရောက်လာတော့မယ့် နိုင်ငံတကာရုပ်ရှင်အဖွဲ့တွေက အဲ့ဒါကိုထည့်ရိုက်ကြပါလိမ့်မယ်။လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂျာမန်က သားအမိ၂ယောက်လာတော့ ယောက်ဖကအကူညီတောင်းလို့ ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုလေဆိပ်မှာသွားကြိုပေးခဲ့ရဖူးတယ်။အမေက ဂျမဏီကဆရာမဖြစ်ပြီး သမီးကတော့ဘန်ကောက်မှာကျောင်းတက်နေ တာပါ။ရင်းနှီးသွားတော့ ရန်ကုန်နဲ့ပတ်သက်ပြီး သူတို့အမြင်ကိုမေးကြည့်တော့
bkkက ငနဲမက ဘာမှမပြောပေမယ့်ဂျာမဏီကလာတဲ့ အဘွားကြီးကတော့ (ဆူလွန်းတယ်)တဲ့ အားနာပါးနာမှတ်ချက်ချတယ်။ထပ်မေးတော့ နောက်တစ်ခွန်း ထပ်ပြောတယ်။(နည်းနည်းလည်းညစ်ပတ်တယ်)တဲ့။သေရောဗျာ။ကျွန်တော်က ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဘာညာ ကြားရ မလားထင်ပြီး မေးလိုက်မိတာ တော်တော်အရှက်ရသွားတယ်။ဒါကြောင့် ဟိုတလောကလာတဲ့ သူငယ်ချင်းရဲ့မိန်းမ စလုံးမ ကိုတော့ ရန်ကုန်အကြောင်း လုံးလုံးမမေးရဲတော့ဘူး။ဒါတောင် စာချုပ်စာတန်းမှတ်ပုံတင်ရုံးသွားတော့ အရာရှိခန်း ထဲကိုဖိနပ်ချွတ်ပြီးဝင်ခဲ့ရလို့တဲ့ ရိုက်လာတဲ့ဓာတ်ပုံတွေထုတ်ပြပြီး မကျေမနပ်ရင်ဖွင့် သွားသေးတယ်။(ဘုန်းကြီးကျောင်းမို့ ဖိနပ်ချွတ်ခိုင်း တာလား)တဲ့။
သူတို့နိုင်ငံခြားသားတွေက ညှပ်ဖိနပ်စီးတာ မဟုတ်လို့ ဘုရားမဟုတ်ဘဲ ဖိနပ်ချွတ်ခိုင်းရင် တော်တော်အဆင်မပြေဘူးကိုး။စည်မြောင်းလမ်း ကြားထဲက စာချုပ်ရုံးအရာရှိ ခန်းဝမှာ ဖိနပ်ချွတ်ဝင်ပါဆိုတဲ့ စာတမ်းဘာကြောင့်ရှိနေမှန်းတော့ ကျွန်တော်လည်း တကယ်မသိပါ။
ဘာပဲဖြစ်ဖြစ်လော်လှူခံတွေနဲ့ပတ်သက်ရင်လည်း နိုင်ငံခြားသားတွေအမြင်မှာ တိမ်းစောင်းသွားမှာတော့စိုးရိမ်ပါတယ်။Bkkက တုပ်တုပ်မောင်းသူတွေကိုဆိုရင် နိုင်ငံခြားသားတွေက အမြင်မကြည်ဘူး။ဒါကြောင့် သူတို့ရိုက်တဲ့ကားတွေထဲမှာ Bkkက ဗီလိန်ဆိုရင် ပက်ပုန်းကပွဲစားတို့ တုပ်တုပ်မောင်းတဲ့သူတို့ကို ပြတော့တာပဲ။
နောက်ပြီးထိုင်းရဲနဲ့လ၀ကကိုလည်း အမြဲဗီလိန်ဇာတ်ရုပ်ထားလေ့ရှိတယ်။
နိုင်ငံတကာအမြင်မှာ အဲ့လိုဖြစ်သွားပြီ ဆိုရင်တော့ ပြန်ဖျက်ဖို့တော်တော်ခက်သွားပါလိမ့်မယ်။ကျွန်တော်တို့ဆီက ရဲနဲ့လ၀က ကတော့ကံကောင်းထောက်မစွာ ဗီလိန်စာရင်းမှာရှေ့တန်းမရောက်သေးဘူး။
လော်လှူခံတွေကိုလည်းမကောင်းတဲ့ imageတစ်ခုဖြစ်မသွားစေချင်လို့ပြောရ တာပါ။
မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တစ်ခုဟာ ကိုယ်ကျိုးရှာ အတ္တလွန်ကဲမှုကြောင့်ဖြစ်စေ။ လော်တွေကို တစုံတစ်ခုသော ရည်ရွယ်ချက်ကြောင့် အသုံးချချင်သူတွေကြောင့်ဖြစ်စေ။ နာမည်ပျက်သွားမှတော့ မလိုလားပါဘူး။
နေ နော်
၂၈၁၀၁၄

မှန်ပါ့ဆရာရေ
ခုလိုရာသီမှာ ပိုဆိုးတယ်
ကားတွေပေါ်မှာ Sound Box ကြီးတွေတင်ပြီး အလှူခံ
လှည့်ကြတာ ဒိန်းဒိန်း ဒိန်း
ဒိန်းနဲ့ မြေကြီးတွေတောင်
တုန်တယ် ကျမ တို့မှာလမ်းမ ဘေး နေ့စဉ်
အလုပ်ရှိနေတော့ ဘယ်မှ
ရှောင်လို့မလွတ် ကြိတ်မှိတ်
ခံနေရတာ ဆရာရေ
ထပ်ပီးတော့ ”လော်ဥပဒေ”
ဆိုတာလေးပါ ရေးပါဦးဆရာ ”’

ကျွန်တော်တို့ငယ်ငယ်က အာစိန္တကံ၅ပြားအလှူဆိုတာရှိတယ်။နေ့တိုင်း၅ပြားဆီ လှူတာမျိုးပေါ။ရွှေတိဂုံပေါ်က ၂ပြားတန်စောင်းကလည်း အဲ့လို အလှူခံပြီးဆောက်တာပဲ။ဘာလော်မှမလိုဘူး လှူနေကျလူတွေရဲ့ အိမ်ရှေ့သွားရပ်ရင် ထည့်လိုက်ကြတာပဲ။

အသွေးအသားထဲကကို လှူချင်စိတ်ပေါ်လာရင် အလှူခံရအောင်ရှာပြီးလိုက်လှူပါတယ်။လော်မလိုပါဘူး။

အာရပ်တိုင်းပြည်တွေမှာသူတို့ပိုင်ဆိုင်မှူရဲ့ ၅% လား ၁၀%လားမသိဘူး တနှစ်တခါ လှူရမယ်လို့ ဘာသာတရားကပြဌာန်းထားတော့ တနှစ်တခါလှူကြတယ်။(အစ်တယ်ဆိုတာလည်းထိုသဘောပဲ။)

အာရပ်တွေရေနံနဲ့ ချမ်းသာလာတော့ အလှူခံမယ့်သူမရှိတော့ဘူး။ဒီအခါ ဆော်ဒီတို့ဘာတို့မှာ လှူမယ့်ငွေတွေကို လမ်းပေါ်မှာစွန့်တာတွေဖြစ်လာတယ်။

အစိုးရက သိတော့ ဒီလိုတော့မလုပ်ကြနဲ့ လှူချင်ရင်လာကြဆိုပြီး အကောင့်ဖွင့်ပေးလိုက်တယ်။

အဲ့ဒီက ရတဲ့ငွေကို နွမ်းပါးတဲ့ အစ္စလမ်တိုင်းပြည်တွေပြန်လှူသတဲ့။

ကျွန်တော်တို့ဘာသာမှာ အဲ့ဒီလိုသွေးထဲသားထဲက လှူချင်တဲ့ သဒ္ဓာ မျိုးအားနည်းလာတော့
လော်တွေ စတိတ်ရှိုးကားတွေ
အထောက်အပံ့ယူလာရတယ်။

တကယ်ကသဒ္ဓာတရားထက်သန်အောင် ဘာသာရေး အဆုံးအမနဲ့ လမ်းညွှန်ရမှာပါ။

ကိုယ့်ကျောင်းကိုယ့်ဒကာလောက်နဲ့ကျေနပ်မနေဘဲ။တချို့သောရဟန်းငယ်တွေ နိုင်ငံခြားကျောင်းသွား ထိုင်ဖို့လောက်သာ စဉ်းစားမနေဘဲ တိမ်းစောင်းနေတာတွေကို တည့်ပတ်ပေးရပါလိမ့်မယ်။ကျွန်တော်တို့လူမျိုးက ဘာသာရေးနဲ့ပြောရင် နားဝင်ပါတယ်။


စတိတ်ရိုးဆူတာအချိန်ပိုင်းပါ့ဗလီဆူတာသူတို့ဘာသာတရာ့း
အဲအလူခံလော်ကိစ္စကသိပ်ကိုဆိုးဝါးတယ့်ရပ်ကွက်ဥပုဒ်နေ့မှာအလူ
ခံတာဆိုက်ကားကြီးပေါ်ကိုလော်ကြီးတင်ပီးဆူညံစွာအော်နေကြတာ
တကယ်ဆိုတအိမ်ကိုဥပုဒ်တပတ့်ဘယ်လောက်ဆိုပီးသတ်မှတ်လိုက်
ရင်ကောမပီးဘူးလာ့းနောက်ပီးထီသည်တွေ့စာမေးပွဲရက်ဆိုတာကို
နားမလည်ပဲ့အသကုန်ဖွင့်တာလေ့ကျတို့တော့နားမခံနိုင်လို့ထီသည်
ဆိုရင်ထွက်ပြောတာပဲ့နားညီးတယ်ဆိုပီ့းဒါပေမဲ့ဘာသာရေးအကြောင်း
ပြပီးကိုမိုက်ခဲ့ဦးဦးမိုက်ခဲ့ဘဘမ်ုက်ခဲတွေပြောခြင်ရာပြောနေကြတာကြ
ဘယ်လိုလုပ်မလဲ့ပဠန်းပွဲလည်းနားလည်ပါတယ့်အသံမစဲပဠန်းပွဲ
ဆိုတာ့ဒါပေမဲ့လော်ကိုတော်ရုံမဖွင့်ပဲ့ဂိတ်ကုန်ဖွင့်ကြတာဆိုးလွန်
လှပါတယ့်ဒါကြောင်ငါဒီအသံတွေနှဲ့ဝေးရာဆိုရင်တောထွက်ဖို့ပဲ
ရှိတော့မှာလို့တွေးမိပါတယ့်

ဟိုတနေ့ကရပ်ကွက်ထဲမင်္ဂလာဆောင်တယ့်အိုးးအသကုန်ဖွင့်တယ်
စကားပြောမရ့နားတွေအူထွက့်မြေကြီးတွေတုန့်ခေါင်းတွေကိုက်
ဘယ်လိုလုပ်ကြမလဲ့သွားမပြောနှဲ့အဲဒါနပတရွာမျက်နှာဖုံးအိမ်က
ဆောင်တာ့ပြသနာတက်သွားမယ်တဲ့စိတ်ကုန်ချက့်
ဆရာရေ့ဒီကိစ္စဒီပေါ်မှာဆွေးနွေးနေမဲ့အစားလွတ်တော်မှာလော်ဥ
ပဒေတခုခုကိုတင်ခိုင်းကြရင်ကောင်းပါမယ့်မြို့အနှံ့ပေါ့ဆရာ့
အမတ်တယောက်ယောက်ကိုတင်ပြခိုင်းရင်မကောင်းဘူးလားးးးးး
ဟုတ်ပါတယ်ဆရာ ဘုရားရှစ်ခိုးတာ တရားနာတာ အလှုခံတာ ရပ်ကွက်ထဲမင်္ဂလာဆောင်တာ နောက်ဆုံးသိပ်နာလညိမှုနည်းတဲ့ယူဆသူတွေနာရေးမှာတောင် လော်တပ်ပြီးအသုံးပြုနေကြတတွေဟာ ပီတိ (သို့ )ကုသိုလ် ကိုမခံစားရဘဲ ဆူညံလွန်းမှုကြောင့် ဒေါသ (သို့ )အကုသိုလ် ဖြစ်ရတာများတာအမှန်ပါရှင်

ဆရာရဲ့ status အောက်မှာ ၀င်မ မန့် တာကြာပါပြီ ဒါပေမဲ့လဲ မနေနိုင်တယ့်အတွက် အခုတော ၀င်ရေးလိုက်ပြန်ပြီ ( အမှန်ပြောရင်ဒီလိုပဲ ဆရာရေ သမီးတို့ရပ်ကွက်ဆို ပိုဆိုးတယ် တနေ့ကို 15 ခုလောက်မက ဘူး လာတာ မျိုးစုံပဲ ကြားနေမြင်နေရတာ တလမ်းတည်းမှာတင် 4 ခုလောက်မဏပ် ရှိတယ် ) အဲဒီတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး ဆရာရေ
ကျွန်တော်ကဆရာ လော်ကိစ္စ ပြောတိုင်း ဆရာ့ ဘက်ကပဲနော် အလှူခံတာတော့ ခံပါ နေ့စဉ် ရက်ဆက်ဆိုတော့ ……..
ရပ်ကွက် ရုံးကို သွားတော့ မပြောနဲ့ ဆရာ ကျွန်တော် တစ်ခါ သွားဆွေးနွေးတာ နောက်နေ့ ကား အခြစ်ခံရပါရောလား …..
ကျွန်တော်တို့က သတ်သတ်မှတ်မှတ် လေးထားပြီး လုပ်စေချင်တာပါ ။ မှတ်ချက် –
ကျွန်တော် ဗုဒ္ဓ ဘာသာ ပါ။

အရမ်းကိုပဲမှန်ပါတယ်ဗျာ။နိုင်ငံရဲ့အကျိုးကိုပြောပြတော့ကျေးဇူးတင်ပါတယ်။တကယ်တော့ဒါတွေဟာတလွဲဆံပင်ကောင်းနေကြတာပါ။နိုင်ငံရဲ့အကျိုး၊ထည့်မပြောပဲပတ်ဝန်းကျင်ကိုဘယ်လိုထိခိုက်စေတယ်ဆိုတာလေးတော့ထည့်တွက်စေချင်ပါတယ်ဗျာ။ဘာသာရေးကိုအခြေခံပြီးလှူချင်စိတ်ကိုနိုးဆွတယ်ဆိုပေမဲ့ငရဲခန်းတမျှဆူညံသံကြောင့်စိတ်ကလေးဟာဖြစ်တည်ချိန်တောင်မရလိုက်ပါဘူး။ကိုယ်လည်းအကျိုးမရှိ၊တပါးသူလည်းအကျိုးယုတ်၊အမျိုးအတွက်လည်းအရှက်ရစေမဲ့အဲဒီလော်ကြီးတွေကိုပြင်းပြင်းထန်ထန်အရေးယူသင့်နေပါပြီ။

ဘုရားရှင် မရှိတာ နာတယ်နော်
ရှိရင် ပြောတော်မူမှာ
ငါ ဘု ရား ကို ဗန်းပြ ပြီး အလွန်အကျွန်တွေ မလုပ်ကြဖို့ပေါ့ ဆရာ

မှန်ချက်ဆရာရေ..မြန်မာလူမျိုးတော်တော်များများက(ကိုယ်လဲမြန်မာလူမျိုးအစစ်ပါ)
Image ကိုဂရုမစိုက်ချင်ကြတော့ဘူး
ဆူလွယ်နပ်လွယ်
ပဲစဉ်းစာကြတော့တယ်.image ဆိုတာကိုမေ့ထားကြတယ်..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: