စစ်ဆင်ရေးမြေပုံနဲ့ တူလွန်းလှတဲ့ ဒီမြေပုံကို ဘုန်းကြီးတွေက ဆွဲတတ်နေပြန်တယ်…မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါးလောက်တောင် ရှိနေပြီလည်းတော့ မခန့်မှန်းတတ်တော့ပါဘူး။

ဥပဒေကို ဘယ်သူတွေက ဘယ်လိုကျင့်သုံးနေကြသလဲ-မြန်မာနိုင်ငံမှာ ဥပဒေဆိုတာ သားရေကွင်း ဥပဒေဘဲ-
ဆန့်ချင်သလောက် ဆွဲလို့ရတယ်-
ပတ်ချင်သလောက် ရစ်လို့ရတယ်-

Swe Mon 

၎) မန္တလေးမျိုးစောင့်ထောက်ခံတဲ့ ဘုန်းကြီးအဖွဲ့က ထုတ်တယ်လို့ ယူဆရတဲ့ မြေပုံတစ်ခုကို တွေ့ရတယ်။ အရမ်းအံ့သြစရာကို ဒီမြေပုံစာရွက်မှာ တွေ့ရပြန်တယ်။

စစ်ဆင်ရေးမြေပုံနဲ့ တူလွန်းလှတဲ့ ဒီမြေပုံကို ဘုန်းကြီးတွေက ဆွဲတတ်နေပြန်တယ်။

အရေးပေါ်ထွက်ပေါက်၊ စတင်ထွက်ခွာမည့်နေရာ၊ (ချီတက်မည့်)လမ်းကြောင်း စတာတွေကို စစ်ဆင်ရေးမြေပုံတွေမှာ ဖော်ပြသလို သင်္ကေတတွေနဲ့ တိတိကျကျဆွဲသားဖော်ပြထားနိုင်တာကို တွေ့ရတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါးလောက်တောင် ရှိနေပြီလည်းတော့ မခန့်မှန်းတတ်တော့ပါဘူး။

ဒါပေမယ့် မျိုးစောင့်ဘုန်းကြီးတွေရဲ့ မြေပုံဆွဲသားနည်းစနစ်ကျလွန်းလှတာကို တကယ်အသိအမှတ်ပြု ချီးကျူးစရာ ကောင်းလှတယ်။

အသုံးအနှုန်းတောင်မှ ဘုန်းကြီးဖြစ်နေပေမယ့် ချီတက်မည့်လမ်းကြောင်းလို့ စစ်သားဆန်ဆန် သုံးနှုန်းသွားနိုင်တယ်။

သတိထားဖတ်ရှုမိတဲ့ ခွင့်ပြုစာ

၁) ဒီနေ့လုပ်မယ့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးထောက်ခံပွဲ မန္တလေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုတာ လူ ၂၀၀…. တကယ်ဝင်လာတာ ၂၀၀ ထက်ပိုရင် ခွင့်ပြုတဲ့လူတွေ ဘာလုပ်မလဲ….

၂) နောက်ဆက်တွဲ ခ စာရွက်မှာ ဆန္ဒပြတာကို (လူပုဂ္ဂိုလ်များဖြင့်သာ) ဆောင်ရွက်ရန် ဆိုပြီး တိုက်ရိုက် ညွှန်ကြားတာကို တွေ့ရတယ်။ အဓိပ္ပါယ်က ရဟန်း ဘုန်းကြီိး မပါရ ဆိုတာက ရှင်းနေတယ်။

ရဟန်း ဘုန်းကြီိး ပါလာရင် သက်ဆိုင်ရာခွင့်ပြုတဲ့အာဏာပိုင်တွေ ဘာလုပ်မလဲ….

၃) တစ်တွဲကို ၃ ယောက်ထက် ပိုမလျှောက်ဖို့ စီတန်းလှည့်လည်ရာမှာ စည်းကမ်းထုတ်တယ်။ ဒီနေရာမှာလည်း လူပုဂ္ဂိုလ်လို့ပဲ သုံးထားပြန်တယ်။ ဘုန်းကြီးကို လုံးဝ ခွင့်ပြုတဲ့ သဘော မပါဘူး။

၎) မန္တလေးမျိုးစောင့်ထောက်ခံတဲ့ ဘုန်းကြီးအဖွဲ့က ထုတ်တယ်လို့ ယူဆရတဲ့ မြေပုံတစ်ခုကို တွေ့ရတယ်။ အရမ်းအံ့သြစရာကို ဒီမြေပုံစာရွက်မှာ တွေ့ရပြန်တယ်။ စစ်ဆင်ရေးမြေပုံနဲ့ တူလွန်းလှတဲ့ ဒီမြေပုံကို ဘုန်းကြီးတွေက ဆွဲတတ်နေပြန်တယ်။ အရေးပေါ်ထွက်ပေါက်၊ စတင်ထွက်ခွာမည့်နေရာ၊ (ချီတက်မည့်)လမ်းကြောင်း စတာတွေကို စစ်ဆင်ရေးမြေပုံတွေမှာ ဖော်ပြသလို သင်္ကေတတွေနဲ့ တိတိကျကျဆွဲသားဖော်ပြထားနိုင်တာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါးလောက်တောင် ရှိနေပြီလည်းတော့ မခန့်မှန်းတတ်တော့ပါဘူး။ ဒါပေမယ့် မျိုးစောင့်ဘုန်းကြီးတွေရဲ့ မြေပုံဆွဲသားနည်းစနစ်ကျလွန်းလှတာကို တကယ်အသိအမှတ်ပြု ချီးကျူးစရာ ကောင်းလှတယ်။ အသုံးအနှုန်းတောင်မှ ဘုန်းကြီးဖြစ်နေပေမယ့် ချီတက်မည့်လမ်းကြောင်းလို့ စစ်သားဆန်ဆန် သုံးနှုန်းသွားနိုင်တယ်။

၅) မန္တလေးပြည့်သူ့ရဲတပ်ဖွဲ့မှူးက ဘာကြီးပဲ ထုတ်ပြန်နေပါစေ။ မျိုးစောင့်ဘုန်းကြီးတွေက မလိုက်နာဘူးဆိုတာကို
နောက်ဆုံးစီတန်းရမယ့် ပုံစံစာရွက်မှာ တွေ့ရပြန်တယ်။ တပ်မတော်နေ့ စစ်သားတွေ စီတန်းစစ်ရေးပြလမ်းလျှောက်တာထက်ကို စနစ်ကျလွန်းလှနေပြန်ပါတယ်။

ရှေ့တန်းမှာ ဆိုင်ကယ် ၅ စီး၊ ဦးဆောင်ဆရာတော်၊ ဆရာလေးတွေတောင် ပါလိုက်သေးဗျာ။ မြို့နယ်မှူးက သတ်မှတ်ပေးတဲ့ လူ ၂၀၀ အရေအတွက်ကို လုံးဝဂရုစိုက်စရာ မလိုတာကို၊ လိုက်နာစရာ မလိုတာကို အသေအချာတွေ့ရပြန်တယ်။ ဘုန်းကြီး မပါရဆိုတဲ့ မြို့နယ်မှူးသတ်မှတ်ချက်ကလည်း အလကားဖြစ်သွားပြန်တယ်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးစတဲ့ အစိုးရသဘောကျတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေထက် အခွင့်အရေး အကာအကွယ်တွေ အများကြီးရတယ်။ အထူးအခွင့်အရေးတွေရတယ်။ စနစ်တကျ စီမံခန့် ခွဲတတ်သူတွေက ဦးဆောင်နေတယ်ဆိုတာကို မြင်မိတယ်။

လုံလုံခြုံခြုံ စနစ်တကျ ဆန္ဒပြနိုင်တဲ့အတွက် တကယ်လည်း အားကျမိပါတယ်။ ဘာကိုပဲ ချိုးဖောက် ချိုးဖောက် ကိုပါကြီးပွဲလို ပြီးတာနဲ့ ဆွဲစိခံရဖို့လည်း မရှိတဲ့အတွက် ပိုပြီး စိတ်ချမ်းသာစရာကောင်းမယ်လို့ ထင်မိတယ်။ ဒီလောက်ပဲ။

ဆွေမွန်
၃၀ အောက်တိုဘာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: