ဖွတ် ဖွတ်ချင်း အမြီးလိမ်ခြင်း- သို့မဟုတ် ထိုင်း ဗမာ အကျိုးတူ ကိစ္စအတွက် စစ်ဥာဏ် ဖလှယ်ခြင်း

ဖွတ် ဖွတ်ချင်း အမြီးလိမ်ခြင်း- သို့မဟုတ် ထိုင်း ဗမာ အကျိုးတူ ကိစ္စအတွက်စစ်ဥာဏ် ဖလှယ်ခြင်း-

ဥာဏ်တိမ်လို့ ကူညီကျပါဦး..

ထိုင်းမှာ အင်္ဂလိပ် ၂ယောက်သတ်ခံရတယ်
မြန်မာ၂ယောက် တရားခံလို့စွပ်စွဲခံရပြီး ဖမ်းခံထားရတယ်
အထူးစိတ်မကောင်းဖြစ်ရပါတယ်…

ဒါပေမယ့် ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ သံသယဖြစ်စရာတွေမြင်လို့
ဒီပို့စ်လေးကိုရေးပါတယ်.

ပြုသူ ဖြစ်သူ ကာယကံရှင်တွေရဲ့ အမှုတွဲကြီးနောက်မှာ
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို…
ထိုင်းအစိုးရရဲ့ နိုင်ငံရေး အာရုံလွှဲမှုကို သတိထားမိစေတာက
ရှပ်နီ ရှပ်ဝါ အာဏာလုနေတဲ့ကြားက စစ်တပ်က အာဏာသိမ်းတယ်
ဒီအာဏာသိမ်းမှုကို ရှပ်နီ ရှပ်ဝါ ၂ဖွဲ့လုံးက မကျေနပ်ကျလို့
ပေါင်းမိသွားခဲ့ကျမယ်ဆိုရင် သူရို့အတွက် တိုင်းပြည်ပျက်တဲ့အဖြေပဲထွက်တော့မယ်
လတ်တလော အာဏာသိမ်းပြီးစ ပြည်သူကို အာရုံလွှဲ လူသတ်မှုကို
အသားပေးပြီး စကားအမျိုးမျိုးပြော အကွက်မျိုးမျိုးဆင်လိုက်တာမို့
လောလောလတ်လတ် ထိုင်းက အရေးခင်းတွေ
စစ်တပ်က ပြစ်ခတ်နှိမ်နှင်းသတ်ဖြတ်ခဲ့တာတွေ အာရုံပြောင်းသွားတာတော့
ဘယ်သူမှမငြင်းနိုင်ဘူးမို့လား

ဒီကိစ္စဖြစ်ဆဲမှာ ထိုင်းဝန်ကြီးချုပ်မြန်မာပြည်လာချိန်နဲ့ တိုက်ဆိုင်မှုမဟုတ်ပဲ
တမင်လာရောက်ညှိနှိုင်းဖို့လာတယ်လို့ ထင်မြင်မိပါတယ်

အခိုက်တံ့အားဖြင့် မြန်မာ၂ယောက်ကို ထိမ်းသိမ်းထားမယ်
နောက်မှ စစ်ဆေးပေါ်ပေါက်ချက်အရ အပြစ်မရှိယူဆလို့
ပြန်လွှတ်ပေးမယ်
အခြားသော တစ်ယောက်ယောက်ကို တရားခံပြမယ်…

နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ အာရုံပြောင်းစေမှုမှာ မြန်မာအစိုးရ ကူညီဖို့တောင်းဆိုမှုရှိခဲ့ရင် မြန်မာအစိုးရငြင်းမယ်ထင်သလား
ကိုယ့်နိုင်ငံသားထောင်ထဲရောက်နေတာကို ချက်ချင်းထုတ်ပေးဖို့
တောင်းဆိုလိမ့်မယ်လို့ယုံကြည်သလားး

ဟုတ်ပြီ.. ထိုင်းတွေရဲ့ အာရုံလွှဲကွက်မှာ မြန်မာအစိုးရ ပူးပေါင်းပါဝင်လာတယ်လို့
တည့်တည့်မြင်မိပါတယ်
ပထမ အချက် မိဘတွေကို ရခိုင်ကနေလှမ်းခေါ်ပေးတယ်
ပြည်သူတွေ သတိမထားမိမှာစိုးလို့ ဘုန်းကြီးကျောင်း
ဧည့်စာရင်းဝင်စစ်ပြလိုက်တယ် အွန်လိုင်းကနေဆွပေးလိုက်တယ်
မိဘတွေရောက်ပြိ.. လူသိသွားပြီ…
အဲ့ဒီအချိန်မှာပဲ ဒီကိစ္စကိုလွှတ်တော် အထိ ရောက်စေတယ်
လွှတ်တော်ထဲမှာ မိသားစုကို သိန်း ၃၀၀ အလှုပြလိုက်တယ်
မိသားစုကို ထိုင်းကိုပို့တယ်…အစိုးရက အလေးဂရုပြုကြောင်း
သံရုံးက စီစဉ်တယ် သံရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပေးတယ်
ဖွပေးလိုက်တာမဟုတ်ဘူးလား
မရှိဆင်းရဲသားမိသားစုကို သိန်း၃၀၀တောင်လှုတာမို့ တစ်ဖက်ကကြည့်ရင် သာဓုခေါ်စရာပါ
သို့သော်…. ကမ္ဘာ အရပ်ရပ်မှာ အသတ်ခံရတဲ့မြန်မာတွေ
တရားခံအဖြစ်အဖမ်းခံထားရတဲ့မြန်မာတွေအရေးထက်
လတ်တလောပေါ်ပြူလာဖြစ်နေတဲ့ကိစ္စကို ကိုင်တွယ်ပြပြီး
အာရုံစူးစိုက်မှုရအောင် ငါးပွက်ရာငါးစာချခြင်းအားဖြင့်
မြန်မာပြည်သူ သိန်း၅၀ တောင်းဆိုထားတဲ့ ၄၃၆ ပြင်ဖို့ကိစ္စကို
အာရုံမစိုက်စေနိုင်အောင် လုပ်တာမျိုးဆိုရင်တော့
လူသိန်း၅၀ သည် ထိုင်းက မြန်မာ ၂ယောက်လောက် အရေးမပါဘူးလားလို့
မေးရမှာပါပဲ

လွှတ်တော်ကြီးတစ်ခုလုံးအနေနဲ့ ..နိုင်ငံသား သိန်း၅၀ တောင်းဆိုထားတဲ့
၄၃၆ပြင်ဖို့အရေးထက် တရားခံ ဟုတ်မဟုတ် မသေခြာတဲ့ လူ ၂ယောက်အရေးကို
ဇောင်းပေးကိုင်တွယ်ပြရလောက်တဲ့ အဖြေက ဘာများပါလဲ ဘယ်ကိုလဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: