မင်းကိုနိုင် နဲ့ ကိုကိုကြီးရေ! ခြံစည်းရိုးခွမထိုင်ကြနဲ့ညီလေးတို့ရဲ့။ တစ်ဖက်ဖက်ကိုပြတ်ပြတ်သားသားခုန်ချလိုက်ဖို့ အချိန်တန်ပြီကွာ။

မင်းကိုနိုင် နဲ့ ကိုကိုကြီးရေ!

ညီလေးတို့အဖွဲ့
ကိုအောင်မင်း တို့နဲ့ ဒီလောက်ရင်းတာကွာ။

၈၈ အရေးတော်ပုံကြီးမှာ
ကျောင်းသားတွေနဲ့ပြည်သူတွေကိုသတ်မိတာ
ထောင်ထဲထည့်နှိပ်စက်မိတာ
ကြေပါစေတော့ဆိုပြီး
၈လေးလုံးငွေရတုတုန်းကလည်း
ညီလေးတို့ကို
သိန်း၂၀ လျော်ကြေးတောင်ပေးသေးမဟုတ်လား။

အခုတော့
ကိုပါကြီးကိစ္စ ဆန္ဒပြကြတာ၊
မင်းတို့ကိုသာ ခင်မင်မှုကြောင့် တရားမစွဲပေမယ့်၊
အချို့တွေ အစွဲခံရပြီကွယ့်။

ဟိုမယ်ကြည့်စမ်း
သူတို့ညွှန်ကြားတာလုပ်တဲ့
သံဃာအဖွဲ့အစည်းတွေဆို
ဆန္ဒပြတာ
လုံခြုံရေး ရရုံသာမက
Walkie Talkie တောင်ကိုင်ခွင့်ရတယ်ကွယ့်။

ဒါကြောင့်
အကိုမင်းတို့ကိုအကြံပေးချင်တာက
ခြံစည်းရိုးခွမထိုင်ကြနဲ့ညီလေးတို့ရဲ့။

တစ်ဖက်ဖက်ကိုပြတ်ပြတ်သားသားခုန်ချလိုက်ဖို့
အချိန်တန်ပြီကွာ။

အပေါ်ယံ သင်္ဃန်းရုံထားသော်လည်း
သာသနာ့အရေး၊ လောကီလွတ်မြောက်ရေး၊
လောကုတ္တရာအောင်မြင်ရေးတွေကျင့်ကြံရမယ့်အစား၊

ပြည်သူကိုသတ်ဖို့
ပါဏာတိပါတာ ကျူးလွန်မယ့်၊

တိုင်းပြည့်ဘဏ္ဍာခိုးဖို့
အဒိန္နဒါနာ ကျူးလွန်မယ့်၊

ကမ္ဘာကိုပါတ်လိမ်ဖို့
မုသာဝါဒါ ကျူးလွန်မယ့်၊

တိုင်းရင်းသူတွေကိုမတရားကျင့်ဖို့
ကာမေသုမိစ္ဆာကျူးလွန်မယ့်၊

အာဏာယစ်မူးဖို့
သူရာမေရိယာ ကျူးလွန်မယ့်၊

စစ်တပ်ကျောထောက်နောက်ခံပြု
ချိတ်လုံချည်ဝတ်အစိုးရကို
အားပေးအားမြှောက်လုပ်၊

အဲ့ဒီအစိုးရရဲ့
အသုံးချခံလက်ကိုင်တုတ်လုပ်နေတဲ့
သံဃာအတုအယောင်တွေကို
ခွဲခြားချင့်ချိန်နိုင်စွမ်းမရှိသေးဘဲ

ဆွမ်းခံကြွတဲ့
သာသနာ့အဇာနည်သူမြတ်လောင်း
သံဃာတော်တွေအလား ထင်မှတ်မှားပြီး
ကြည်ငြိုသဒ္ဒါပွားကာ
ရှိခိုးဦးချပူဇော်ကန်တော့နေတဲ့
ပြည်သူတွေများပြားနေသေးသ၍

ဒီတိုင်းပြည်မှာ
ပညာမဲ့ ဥာဏ်မွဲတွေများပြားနေသေးလို့

တိုးတက်အောင်မြင်ဖို့ကတော့
“ရွှေပြည်တော် မြှော်လေတိုင်းဝေး” ပါလားကွယ်!

One Response to “မင်းကိုနိုင် နဲ့ ကိုကိုကြီးရေ! ခြံစည်းရိုးခွမထိုင်ကြနဲ့ညီလေးတို့ရဲ့။ တစ်ဖက်ဖက်ကိုပြတ်ပြတ်သားသားခုန်ချလိုက်ဖို့ အချိန်တန်ပြီကွာ။”

  1. drkokogyi Says:

    Dameio Ekoto added 2 new photos — with Thuzar Mdy and 5 others.
    2 hrs · Edited ·

    အမလေးဟဲ့
    နင်တို့ မန္တလေးက မျီုးစောင့်ဥပဒေ
    ထောက်ခံပွဲ ဆိုလို့ ဘာများလဲလို့

    အပို ပစ္စည်းတွေကသူတို့နဲ့မဆိုင်တဲ့
    အာဝါဟ ဝိဝါဟ ကိစ္စ
    ဒုက္ခ ပါဘဲ မဆိုင် ဂလိုင်လှုပ်နေ
    ကြပါလား

    တရားဘာဝနာ စီးဖြန်းနေရမဲ့အစား
    ကိုယ်နဲ့ မဆိုင်တဲ့ ယောင်္ကျား မိန်းမ
    ဟိုဒင်း ဟိုဟာ ကိစ္စကို ဘုန်းကြီးတွေနဲ့
    မယ်သီလှရှင် တွေက ကြားထဲက
    ငထွားလေးတွေ ငထွားမလေးတွေက
    ခါးနာပြနေတော့
    အမြင်မတော် ဆင်တော်နဲ့ခလောက်
    မျီုးစောင့်ဥပဒေကို မကြိုက်လို့မဟုတ်ဘူးနော်
    အသက်ကြီးမိန်းမတွေကလည်းပါသေးတယ်
    အော် မြန်မာပြည် မြန်မာပြည်
    ကျွန်တွင်းကကို ပြည်သူတွေမရုန်း
    ထွက်နိင်ကြပါလား
    လှည့်ကွက် လှည့်စမ်းပါ
    ခါးစည်းပြီးခံမယ့် ငပိန်းတွေကအများသား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: