အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖျက်မယ့်အဖွဲ့အစည်းတစ်ခုရှိနေတယ်..ယုတ်မာမယ့်နည်းကို ခန့်မှန်းမရတာပဲရှိတယ်

ကလေးမုဒိမ်းမှုကို သေဒဏ်ပေးဖို့အတင်းတောင်းဆိုနေချိန်မှာ မုဒိမ်းကောင်ဟာ သေမယ့်အတူတူ ကလေးကိုနှုတ်ပိတ်ပြီး မထူးဇာတ်ခင်းသွားမှာ စိုးရိမ်စိတ်နဲ့
ချင့်ချိန်စဉ်းစားကြဖို့ …. ပြောတော့ ကျုပ် အလိုလိုရွာပြင်ရောက်တယ်

ရဲတိုက်ကိစ္စတုန်းကလည်း ကျုပ်ရွာပြင်ထွက်ခဲ့တယ်
သူ့ဟာသူ ဆေးခြောက်သုံးလို့ကျတာ ကျပစီပေါ့ဆိုတဲ့စကားနဲ့

ဦးဝီရသူကို လူထွက်ရင် လက်သီးချင်းထိုးမယ်လို့ပြောတော့
ဆဲလိုက်ကြတဲ့ ၀ံသာပေါတွေလည်း တဖျောဖျောနဲ့

ခေါင်းလောင်းက လိမ်ဆင်ပါလို့ အစောကြီးကတည်းက ပြောမိတော့လည်း
သမိုင်းအမွေအနှစ်ကို တန်ဖိုးမထားဘူးဆိုပြီး ရွာပြင်ရောက်ရပြန်တယ်

မန္တလေးတစ်မြို့လုံးအလိမ်ခံလိုက်ရတယ် ၊ ဒါတင်မက တစ်မြို့လုံးခြေချုပ်ပါ ကျလိုက်သေးတယ် လို့ ကာဖြူး ထုတ်ထားတဲ့အချိန် ပြောမိတော့လည်း ဆဲလိုက်ကြတာ ရွာဦးပိုင်းမှ သင်္ချိုင်းထိ

မေမြတ်နိုးကိစ္စမှာ ကိုရီးယားကို မမုန်းဖို့ ပြောတော့လည်း နိုင်ငံသားစိတ်ဓါတ်မရှိဘူးဆိုပြီး မက်ဆေ့ခ်ျ နဲ့ ဆဲလိုက် tag တွဲပြီးဆဲလိုက် အဆဲမျိုးစုံနဲ့ ရွာပြင်ပို့ခံရပြန်တယ်

ကဲ … အခုလည်းရွာပြင်ထွက်မယ် .. ဘယ်သူ့ဘယ်သူ့ကိုမှ မရည်ရွယ်ဘူး။ ကိုပါကြီးအတွက် ဆန္ဒပြသူတွေကိုလေးစားတယ်။ လေးစားတယ်နော် အတည်ပြောတာ။ အဲ့ဒီ ဆန္ဒပြသူတွေကို ပုဒ်မ ၁၈ နဲ့ စပြီး မီးမွှေးနေပြီဆိုတာလည်း အသိသာကြီးနော်။ ဇွတ်တိုးကြမှာလား? EQ ကို ထိန်းကြမှာလား? ဆိုတာ ဆုံးဖြတ်ဖို့ အရေးအကြီးဆုံးအချိန်ရောက်နေပြီ။ သမိုင်းတစ်ပတ်လည်အောင်တွန်းပို့မလား? ကိုပါကြီးအတွက် အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံး အလုပ်ဖြစ်ဖို့အတွက် ထင်သလိုလုပ်သူတွေရဲ့ တာဝန်ခံမှု နဲ့ အလေးဂရုပြုမှုရအောင် ယူမလား? ဆိုတာ စဉ်းစားကြဖို့လိုပြီ။

ကိုပါကြီးသေဆုံးမှုအတွက် တပြည်လုံးရဲ့ စာနာမှုဟာ အမှန်တကယ်လိုအပ်ပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာရှိဖို့ အတွက်တော့ နိုင်ငံရေး အဖွဲ့အစည်းတွေက ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတို့ဘာတို့လုပ်၊ မီဒီယာကို အသုံးချပြီး ဆိုင်ရာအဖွဲ့အစည်းကို တိုက်ရိုက်တောင်းဆိုလို့ရနိုင်ပါလျက် လူထုအားကို သုံးဖို့ကြိုးစားမယ့်အရိပ်အယောင်တွေမြင်နေရတာ စိတ်မချမ်းသာဘူး။ ကွယ်လွန်သူကိုပါကြီးအတွက် ၀မ်းနည်းပေမယ့် ချောက်ထဲပြန်ကျဖို့လွယ်သွားမယ့်အခြေအနေတွေ အစပျိုးနေသလိုပဲ ခံစားရတယ်။ ကိုပါကြီးအတွက်လမ်းပေါ်ထွက်တာက ကောင်းတဲ့ရည်ရွယ်ချက်။ အဲ့ဒီ ကောင်းတဲ့ရည်ရွယ်ချက်ကို ပုဒ်မ ၁၈ နဲ့ ဖမ်းမယ်ဆိုတဲ့အသံက ဒေါသ အဖြစ်ပြောင်းလဲသွားစေလိမ့်မယ်။ ဒါဆိုရင် ခင်ဗျားတို့ကိုယ်တိုင် ဒေါသထွက်နေတဲ့လူအုပ်ကြီးဖြစ်သွားနိုင်တယ်။

အဘက်ဘက်က ပျိုးနေပြီ … ဦးဝီရသူ လပြည့်နေ့ မိတ္ထီလာမှာ တရားဟောမယ်ပြောတယ်။ ဟောမယ့်နေရာက ဘာသာခြားတွေ အများစုသေကုန်ပြီး အဲ့ဒီအရပ်ထဲမနေရဲတော့လို့ ပြောင်းပြေးရတဲ့နေရာ။ အဲ့ဒီနားမှာ ဟောမှာ။ ဒီအချိန် ဒီအခါမှာ အမျိုးစောင့်ဥပဒေပြဌာန်းပေးဖို့လည်း ဆန္ဒတွေတောင်ပြလို့။ အချိန်မရွေးတောက်မယ့် မီးတွေ ပျိုးနေတယ်။

ကျုပ်စိတ်ထဲရှိတာ အမှန်အတိုင်းပြောရရင်တော့ … ဒီ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖျက်မယ့်အဖွဲ့အစည်းတစ်ခုရှိနေတယ်။ ဒါခင်ဗျားတို့လည်း သိပြီးသား။ ယုတ်မာမယ့်နည်းကို ခန့်မှန်းမရတာပဲရှိတယ်။ ဘာနည်းနဲ့ဖြစ်ဖြစ်ဖျက်မှာ။ ရတဲ့နည်းနဲ့ အာရုံလွှဲမှာ။ လူယုတ်မာတွေက ဖျက်တဲ့တရားခံကို ပြည်သူတွေဆိုပြီး လက်ညှိုးထိုးဖို့ပါကြံစည်နေကြတာ။ ကျုပ်တို့ Emotions တွေကို အနာဂါတ်အတွက် သတိလေးကပ်ပြီး နည်းနည်းချုပ်တည်းပေးလို့မရဘူးလားလို့ မေးချင်တယ်။ တပ်အသိုင်းအ၀ိုင်းမှာလည်း သမိုင်းတရားခံဖြစ်မှာ စိုးရိမ်သူတွေ ရှိနေကြပါပြီ။

၂၀၁၅ ရွေးကောက်ပွဲ သတ်မှတ်အချိန်အတိုင်းမဖြစ်လာရင်
၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု မရှိခဲ့ရင်
အခြေခံဥပဒေ ကို ပြင်ဖို့ ဘောင်နဲ့အညီ လုံးဝကြိုးစားလို့မရတော့ရင်တော့ တမျိုးပေါ့ဗျာ။

ရွာပြင်က စောင့်နေတဲ့

အောင်ကြီး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: