ရဟန်းဆိုး ရဟန်းယုတ်ဖြစ်တဲ့ ဘုန်းကြီးခရိုနီတွေ သာသနာ့ဘောင်အတွင်းမှာ များပြားလာခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ အန္တရာယ်နဲ့ယှဉ်ရင်တော့ ဗုဒ္ဓဘာသာအမျိုးသမီးလေးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဗုဒ္ဓဘာသာအပေါ်သက်ရောက်စေတဲ့ အန္တရာယ်က ပမွှားလေးသာဖြစ်ပါတယ်

အမျိုးစောင့်အပေါ် pyaephoe paing ရဲ့ အမြင်ပါ … မှန်ကန်ပြီး နည်းလမ်းကျပါတယ် …
ဖတ်ကြည့်ပါ ……
ဗုဒ္ဓဘာသာဝင်အမျိုးသမီးလေးများ ဘာသာခြားနဲ့ဘအိမ်ထောင်ပြုခြင်းကြောင့် ဗုဒ္ဓဘာသာအပေါ်ကို လုံးဝကြီး အန္တရာယ်မဖြစ်စေဘူးလို့တော့ မငြင်းပါဘူး။ သူ့အတိုင်းနဲ့သူတော့ အန္တရာယ်ဖြစ်စေပါတယ် ဒါပေမဲ့ သာသနာ့ဝန်စီး ရဟန်းဆိုး ရဟန်းယုတ်ဖြစ်တဲ့ ဘုန်းကြီးခရိုနီတွေ သာသနာ့ဘောင်အတွင်းမှာ များပြားလာခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ အန္တရာယ်နဲ့ယှဉ်ရင်တော့ ဗုဒ္ဓဘာသာအမျိုးသမီးလေးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဗုဒ္ဓဘာသာအပေါ်သက်ရောက်စေတဲ့ အန္တရာယ်က ပမွှားလေးသာဖြစ်ပါတယ်။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ နိဒါဝဂ္ဂသံယုတ်ပါဋ္ဌိတော် သဒ္ဓမ္မပဋိရူပက သုတ်တော်မှာ သာသနာတော်ကြီးဟာ သာသနာ့ဝန်စီး ရဟန်းဆိုး ရဟန်းယုတ်တွေကြောင့်သာပျောက်ကွယ်သွားရလိမ့်မယ်လို့ဘုရားရှင်ကအတိအလင်းဟောကြားခဲ့တာကြောင့်ဖြစ်ပါတယ်
မိုးသု (မန္တလေး)


(ဘုန်းကြီးခရိုနီ)

လူမျိုးခြားဘာသာခြားရဲ့ လွှမ်းမိုးမှုကို မခံယူချင်ဘူးဆိုရင် ပညာတတ်အောင် ဥစ္စာရှိအောင် ပြုလုပ်ကြခြင်းသည်သာလျှင် နည်းလမ်းမှန်ဖြစ်ပါတယ် ရဟန်းတော်တွေအနေနဲ့ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး မဆင်မခြင်ပြုလုပ်နေတာတွေကို ရပ်တန်းကရပ်သင့်ပါတယ် ဒီလိုမှမဟုတ်ဘဲ မဆင်မခြင် ဆက်လုပ်နေမယ်ဆိုရင် သမိုင်းတရားခံက စစ်တပ်ကနေ ဘုန်းကြီးတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ဧဝံမေသုတံလောက်နဲ့ အလုပ်မဖြစ်ဘူးဆိုတာကို သဘောပေါက်သင့်ပါတယ်
မိုးသု(မန္တလေး) (ရဟန်းတော်များဆင်ခြင်ဖို့)

One Response to “ရဟန်းဆိုး ရဟန်းယုတ်ဖြစ်တဲ့ ဘုန်းကြီးခရိုနီတွေ သာသနာ့ဘောင်အတွင်းမှာ များပြားလာခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ အန္တရာယ်နဲ့ယှဉ်ရင်တော့ ဗုဒ္ဓဘာသာအမျိုးသမီးလေးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဗုဒ္ဓဘာသာအပေါ်သက်ရောက်စေတဲ့ အန္တရာယ်က ပမွှားလေးသာဖြစ်ပါတယ်”

  1. drkokogyi Says:

    Master Pie

    လုပ်ရမှာက ရေအကြွ လှိုင်းအထ မှာ
    စစ်ကျွန်ဘဝက လွတ်အောင် ဝိုင်းရုံးရမှာ ။

    ဝေါ်ကီတော်ကီ ကိုင်တဲ့ ဘုန်းကြီး ဦးဆောင်တဲ့
    မျိုးချစ်ပွဲကို စစ်ကျွန်သက်ဆိုးရှည်ရေး ပွဲလို့ မမြင်ရင်

    ရေ ရှည် ချရင် မွတ်တွေ ဗုဒ္ဓဘာသာထဲ ဝင်လာမယ်
    မျော်လင့်ထားရင်

    တွင်းတူးပြီးသာ မိုက်လိုက်ကြပါတော့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: