အာဏာယစ်ပလ္လင်အတွက် အမျိုးသားရေးအစွန်းရောက်ဝါဒီတွေနဲ့ ပူဇော်ရမှာဖြစ်လို့ ဦးသိန်းစိန်အစိုးရက ဘာသာရေးအကြမ်းဖက်မှုတွေကို တွင်တွင်ကြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်

ပိုမိုဖိနှိပ်ခံရမှာ စိုးရိမ်
———————-
သီရိလင်္ကာက လူနည်းစုဘာသာဝင်တွေကတော့ ဦးဝီရသူ ရောက်ရှိလာပြီး မဟာမိတ်ပြုလိုက်တဲ့အတွက် သူတို့တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ၊ ဘာသာခြား၊ လူမျိုးခြား နှိပ်ကွပ်မှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို သီဟိုဠ်ကျွန်းက မွတ်စလင်တွေ တိုက်ခိုက်ခံရမလားဆိုတာကို စိုးရိမ်မကင်းဖြစ်ခဲ့ကြပါတယ်။

မြန်မာပြည်အတွက်လည်း စိုးရိမ်စရာဖြစ်ပါတယ်။ တမီလ်ကျားသူပုန်ကို အကြောင်းပြပြီး တမီလ်လူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ သမ္မတရာဂျာပက်စကာလို ဦးသိန်းစိန်အစိုးရကလည်း ရိုဟင်ဂျာတွေကို အလားတူ အမြစ်ဖြုတ်ချင်တာနဲ့ RSO ကို အတင်းအဓမ္မ သူပုန်ထခိုင်းနေတာလားဆိုတာ သံသယ၀င်စရာပါ။

နောက်တစ်ခါ သီရိလင်္ကာမှာလို မြန်မာ့နိုင်ငံရေးမှာ ဘုန်းကြီးတွေ ၀င်ရောက်စွက်ဖက်ခွင့်ရသွားမှာနဲ့ ဘာသာတရားချုပ်ကိုင်လွှမ်းမိုးတဲ့ theocracy နိုင်ငံတွေလို အုပ်ချုပ်တော့မှာလားဆိုတာကို ဗုဒ္ဓဘာသာဝင်နိုင်ငံရေး သမားတွေကိုယ်တိုင် စိုးရိမ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရက ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေကို လွှတ်ထားပြီး ထောက်ပြဝေဖန်သူတွေကိုတော့ နည်းမျိုးစုံနဲ့ ရမယ်ရှာ နှိပ်ကွပ်ပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာ ဗန်းပြ လုယက်၊ တိုက်ခိုက်၊ မီးရှို့ အကြမ်းဖက် သတ်ဖြတ်ကြသူတွေရဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ထဲထိ ယူဆောင်လာခွင့်ပေးပေမယ့် ပြည်တွင်းပဋိပက္ခတွေရပ်ဆိုင်းဖို့ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့ ကိစ္စကိုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးအဖြေရှာတာမျိုး မလုပ်ပါဘူး။

လူနည်းစု မွတ်စလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ မွန်းတည့်နေဂျာနယ်က တစိုက်မတ်မတ် ဆန့်ကျင်ဝေဖန်ရေးသားခဲ့တဲ့အတွက် အဲဒီမွတ်စလင်ပိုင် ဂျာနယ်ကို တေးမှတ်ထားခဲ့ပြီး နောက်ဆုံး ဂျာနယ်ပိုင်ရှင်တွေကို OIC ရဲ့ ငွေကြေးအထောက်ပံ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဝေဖန်တိုက်ခိုက်ရေးသားလေ့ရှိတဲ့ အောင်ဇေယျတုဂျာနယ်၊ သာကီသွေးဂျာနယ် စတဲ့ အစွန်းရောက်အမျိုးသားရေးဇောင်းပေးတဲ့ စာစောင်တွေကို အစိုးရက တရားဝင်ခွင့်ပြုချက်ပေးထားပါတယ်။ နောက်ဆုံး ကမ္ဘာ့မွတ်စလင်ထုကိုရော အစ္စလာမ်ဘာသာဝင်တို့ရဲ့ တမန်တော်မုဟမ္မဒ်ကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားရေးသားလာတဲ့တိုင် အောင် အစိုးရက စစ်ဆေးတာ၊ မေးမြန်းတာမျိုးမရှိပါဘူး။ ဒါဟာ ပဋိပက္ခမီးတွေ တောက်လောင်စေဖို့ ဓါတ်ဆီလောင်းနေတာဖြစ်ပေမယ့် အစိုးရက မလောင်ခင် တားဆီးမယ့်ပုံမပေါ်ပါဘူး။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဘယ်လိုပဲ ဝေဖန်နေပါစေ၊ OIC အဖွဲ့ဝင် မွတ်စလင်နိုင်ငံတွေနဲ့ ဘယ်လောက်ပဲ မျက်နှာပျက်ပါစေ ၂၀၁၅ အလွန် အာဏာယစ်ပလ္လင်အတွက် အမျိုးသားရေးအစွန်းရောက်ဝါဒီတွေနဲ့ ပူဇော်ရမှာဖြစ်လို့ ဦးသိန်းစိန်အစိုးရက အာဆီယံ ဥက္ကဋ္ဌ ရာထူးလက်ဝယ်ရှိချိန်မှာပဲ ဘာသာရေးအကြမ်းဖက်မှုတွေကို တွင်တွင်ကြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: