ဗုံးထောင်တာကို၊ ပြေးလို့မလွတ် တော့ပဲ အများပြည်သူက ၀ိုင်းဖမ်းတာကို ခံခဲ့ရသူက စစ်သားတစ်ယောက်ဖြစ်နေတာကို အံ့သြ စွာတွေ့ရလို့ပါပဲ

ဘူးသီးတောင်မှာ အကြမ်းဖက်သမားတွေကဗုံးခွဲလို့တဲ့၊ အောက်ကဟာသာ ဖတ်ကြဗျာ
============================================
၂၀၀၅ နဲ့ ၂၀၀၆ လောက်က ရန်ကုန်တစ်မြို့လုံးအနှံ့၊ မန္တလေးဈေးချို နဲ့ အိမ်သာ တွေထဲ တောင် မချန် ဗုံးလိုက်ဖောက်ခွဲပြပြီး ရန်သူတွေက သူတို့အုပ်ချူပ်နေတဲ့မြန်မာပြည်ကြီး ကိုဝိုင်း နေသယောင်ယောင် လိုက်ပြီး အလံရှုးဝါဒ ဖြန့်နေတဲ့ စစ်အစိုးရဟာ အိမ်သာ တစ်ခုထဲမှာ ဗုံးထောင်သူကို လက်ပူးလက်ကြပ်နဲ့ အများပြည်သူက ၀ိုင်းဖမ်းပြီး ရဲစခန်းပို့လိုက် ပြီး အကျယ်အကျယ်ဖြစ်သွားတဲ့ အချိန်ကစပြီး အရပ်သားနေရာတွေမှာ ဗုံးခွဲတာတွေ နဲ့ အဲ့ဒီ လိုဗုံးလိုက်ခွဲနေသူတွေဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေကဖြစ်ကြောင်း ပုံစံအမျိုးမျိုး ၀ါဒဖြန့်နေတာတွေ ရပ်သွားခဲ့တာကို သတိထားမိခဲ့တယ်။

ဘော့ကြောင့်လဲဆိုတော့ အဲ့ဒီ အိမ်သာထဲ ၀င်ဗုံးထောင်တာကို၊ ပြေးလို့မလွတ် တော့ပဲ အများပြည်သူက ၀ိုင်းဖမ်းတာကို ခံခဲ့ရသူက စစ်သားတစ်ယောက်ဖြစ်နေတာကို အံ့သြ စွာတွေ့ရလို့ပါပဲ။ သူကဗုံးထောင်နေစဉ်မှာ စစ်ယူနီဖောင်းနဲ့တော့မဟုတ်ပါ။ အရပ်ဝတ်နဲ့ပဲပေါ့။ ၀ိုင်းဖမ်းကြတဲ့ အရပ်သားတွေကလည်း သူက တပ်မတော်သားကြီးမှန်းဘယ်သိပါ့မလဲ။ အကြမ်း ဖက်သမား၊ သောင်းကျန်းသူလို့ပဲ သတင်းစာထဲမယ်ဖတ်ရတဲ့အတိုင်း၊ ရုပ်သံတွေက ထုတ်လွှင့် တာကြားရတဲ့အတိုင်း ထင်ပြီး ရဲစခန်းပို့လိုက်ကြတာပေါ့။

ရဲစခန်းရောက်တော့မှ ဇာတ်ကရှုပ်ရော။ ရဲကလည်း အမှန်အကန် အကြမ်းဖက်သမားထင်ပြီး ရဲတို့ ထုံးစံအတိုင်း ၀ိုင်း သလာစီကြတော့တာပေါ့။ သလာစီတာမခံနိုင်တဲ့အဆုံး၊ အခြေအနေမ ဟန် တော့မှန်း ရိပ်စားမိသွားတဲ့ ဗုံးထောင်သူဟာ သူဟာ တပ်မတော်သားတစ်ဦးဖြစ်ကြောင်း အထက် ကခိုင်းလို့လုပ်ရတာဖြစ်ကြောင်း အထောက်အထားတွေကို ထုတ်ပြောတော့တယ်၊ စစ်သားအ ထောက်အထားနဲ့ သူ့ရဲ့ ကဒ်ပြားတွေဘာတွေ၊ ဘယ်တပ်ကဖြစ်ကြောင်းတွေ ထုတ်ပြောလာ တယ်။ ဒီမှာတင် ဇာတ်ရှုပ်သွားခဲ့တယ်။

အဲ့ဒီနောက်ပိုင်း ဟိုနေရာဗုံးပေါက် ဒီနေရာဗုံးကွဲ ဖြစ်မှုတွေ ရပ်သွားခဲ့တာကို မှတ်မှတ်သားသား သတိထားမိခဲ့တယ်။

အခုလည်း ဆင်ထားတဲ့အကွက်အတိုင်း ဟိုကသည်က နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်း တွေနဲ့ ဘယ်သူတွေက ဘယ်သို့ဘယ်ဝါပတ်သက်နေပါတယ်ဆိုပြီး များများဝါဒဖြန့်၊ နောက်ပြီး ဘာမဆိုင်ညာမဆိုင်လူတွေကို ဖမ်းသူဖမ်း၊ သတ်သူသတ်တွေလုပ်လာတယ်။

ေ ဟော အခုနောက်ဆုံး အမေရိကန်သမ္မတအလည်အပတ်လာတော့မယ်လည်း ဆိုရော မနေ့က ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မှာ ဗုံးကွဲပါတယ်ဘာတယ်လုပ်လာပြီ။ အမေရိကန်ကိုတော့၊ တွေ့လား ကျူပ်တို့ရဲ့ ငြိမ်းချမ်းလုံခြုံလှတဲ့ အမျိုးဘာသာသာသနာရောင်ဝါထွန်းပြောင်တဲ့ မြန်မာပြည် ကြီးမှာ ဒီရိုဟင်ဂျာဆိုသူ ကုလားတွေက ဘယ်သို့ဘယ်ဝါအကြမ်းဖက်ဖို့ကြိုးစားနေကြလို့ ကျူပ် တို့ တွေမှာ အခြိမ်းခြောက်ခံနေရပါတယ်။ ခင်ဗျားတို့ အမေရိကန်ဦးဆောင်တဲ့ အနောက် အုပ်စုနဲ့ ပူးပေါင်းပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ရင်းရင်းနှီးနှီး ပူးပေါင်းပါဝင် ဆောင်ရွက်လို ကြောင်း ပြောကြားလိုပါတယ် ဆိုပြီး ဒီ မြန်မာသမ္မတဆိုသူက အိုဘားမားကို မပြောရင် ကျူပ် ခေါင်းကို လာရိုက်သာခွဲကြဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: