တိုင်းပြည်ကို ရေတိမ်နစ်စေခဲ့သူတစ်ဦးဖြစ်သည့် ဦးအောင်သောင်း၏ မတရားပိုင်ဆိုင်မှုများ

တိုင်းပြည်ကို ရေတိမ်နစ်စေခဲ့သူတစ်ဦးဖြစ်သည့် ဦးအောင်သောင်း၏ မတရားပိုင်ဆိုင်မှုများ

ဦးအောင်သောင်း ပိုင်ဆိုင်မှုများ

ဦးအောင်တောင်းရဲ့ ပုပ္ပားက အပန်းဖြေစံအိမ်တော်..

– ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှခမ်းနားတဲ့ အိမ်ကြီး

– နေပြည်တော် ဥတ္တသီရိမှ ဧရာမအိမ်ကြီး

– ပြင်ဦးလွင်၊ကန်တော်ကြီး ဥယျာဉ်အနီး ၀န်ကြီးရပ်ကွက်ရှိ အိမ်ကြီး

– ပုပ္ပါးတောင်ကလပ်မှ အနားယူရန်ဆောက်လုပ်ထားသော အိမ်ကြီး

– ပုလဲမြို့သစ် ရွှေနံ့သာရပ်ကွက်က အိမ်ကြီး

– မှော်ဘီမှ Star Flower တစ်ရှုးစက်ရုံ

– စစ်တောင်းစက်ရုံအနီးရှိ နောက်ထပ်တစ်ရှုးစက်ရုံ

– ပုလဲမြို့သစ်က သစ်ခွဥပေါင်းစက်ရုံ

– ပန်းတောင်းက ဧက(၁၀၀)ခန့်ရှိ ဇီးတော်သီးခြံ

– ပလိပ်က စိန်တလုံးသရက်ခြံ

– လှည်းကူးက ဧကများစွာကျယ်ဝန်းသော ကိုယ်ပိုင်အပန်းဖြေဥယျာဉ်ကြီး

– နေပြည်တော်မင်းကုန်း အုတ်စက်အနီး ၃၈ ဧက ကျယ်သည့် ခြံကြီး

– United Amara ဘဏ်လုပ်ငန်း

– အမရာ ဟိုတယ်(နေပြည်တော် ဟိုတယ်ဇုံ)

– စက်သုံးဆီဆိုင်လုပ်ငန်းများ

– ဆက်သွယ်ရေး(ဖုန်း)လုပ်ငန်း

– IGE ပိုင် မန္တလေး စကျင် ကျောက်ပြားစက်ရုံ (ယခင် စက်မှု(၁)စက်ရုံကို သက်သာသော နှုန်းထားဖြင့် ၅ နှစ် ဌားရမ်းထား)

– ရန်ကုန် သမ္မတ၊ စထရင်း၊ အင်းလျားလိပ် ဟိုတယ်ကြီး(၃)ခု
IGE က လုပ်ကိုင်ခွင့်ရ
-အောင်ရည်ဖြိုး၊
IGE၊ MRT စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်လုပ်ငန်း၊
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊

အကြီးစား လျှပ်စစ်ကြိုးခွေများ တင်သွင်းခြင်းလုပ်ငန်း

နေပြည်တော်က ဦးအောင်သောင်းရဲ့ အမရာဟိုတယ်
သင်္ကြန်မဏ္ဍပ်..

ဒီလိုမျိုး ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားဘဏ်တွေမှာလည်း ပိုင်ဆိုင်မှုတွေကို ဒေါ်ခင်ရီရီ၊
ဦးနေအောင်၊
မခင်မိုးညွှန့်၊
မခင်ငုရည်ဖြိုး၊ နာမည်များနှင့် BANK OF AUSTRALIA ၊
BANK OF ENGLAND ၊
OCBC ဘဏ်များမှာ အပ်နှံထား ကြောင်းသိရပါတယ်။

အစပိုင်းမှာ ဒေါ်ခင်ရီရီနာမည်နဲ့ အပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ BANK OF AUSTRALIA မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဝင်းနွယ်၊

BANK OF ENGLAND မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဖြူလှ အမည်များသို့ ပြောင်းလဲ အပ်နှံခဲ့တာကို အမေရိကန် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က စောင့်ကြည့်လျက်ရှိပါတယ်။

ပြည်တွင်းမှာ ရှိတဲ့ ကျပ်ငွေတွေကိုတော့ ယူနိုက်တက် အမရာဘဏ်ကို တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း လည်ပတ်ရာမှာ သုံးထားပါတယ်။

(မှတ်ချက် – လက်ရှိတွင် ၎င်းတစ်ဦးတည်းကို ဦးတည်ထားသည်ဟု အမေရိကန်အစိုးရ ကဖော် ပြထားသော်လည်း ၎င်းမိသားစုပိုင်ဖြစ်သော ဘဏ်လုပ်ငန်းများမှာ ဦးအောင်သောင်း အစုအဖွဲ့၏ ယန္တရား ကို လည်ပတ်ပေးနေသည့် လောင်စာကန်များဖြစ်နေခြင်းကြောင့် များမကြာမီတွင် အခက်ပွေဘွယ် အလားအလာများစွာရှိနေပါသည်။

သို့ပါသောကြောင့် ၎င်း၏ ယူနိုက်တက် အမရာ ဘဏ် အပြင် အခြားသော ၎င်းပိုင် လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံထားသူ အများပြည်သူများအနေဖြင့် မိမိတို့၏ ချွေးနှဲစာ စုဆောင်းမှုလေးများ မကြာမီ ဆုံးရှုံးသွားရန် အကြောင်းများစွာ ရှိနေပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်း ကြားအပ်ပါသည်ခင်ဗျာ။)

ဓာတ်ပုံ – တောင်သာဗိုလ်အောင်သောင်း အမည်ခံ ကြေးစားစွမ်းအားရှင်တို့၏ အရှင်သခင်ကြီး ခရိုနီ ဦးအောင်သောင်း နှင့် တိုင်းပြည်ဘဏ္ဍာ၊ အများပိုင် ဥစ္စာများအား ကိုယ်ပိုင်ပြုထားခဲ့သည့် ၎င်း၏ ပိုင်ဆိုင်မှုများအား တဆင့်ခံအမည်ဖြင့် သိုဝှက်ပေးထားသည့် ဦးအောင်သောင်း၏သား ဦးနေအောင်။

Maung Yin Kye တိုင်းဘဏ္ဏာတွေခိုးပြီးဘာသာရေးပဋိပက္ခတွေဖြစ်အောင်လုပ်ခဲ့တဲ့သူလူမျိုးမရွေး ဘာသာမရွေး ရဲ့ဘုံရန်သူကြီး

2 Responses to “တိုင်းပြည်ကို ရေတိမ်နစ်စေခဲ့သူတစ်ဦးဖြစ်သည့် ဦးအောင်သောင်း၏ မတရားပိုင်ဆိုင်မှုများ”

  1. drkokogyi Says:

    He is the leader of 969 Ma Ba Tha Anti-Muslim group and Swarn Arr Shins who massacred Myanmar Muslims not because of hatred of ISLAM BUT as a ex-military just obeying orders from above i.e. Than Shwe. He is just using the patriotism or ultra-Nationalism to whip-up the sentiments of the Buddhist people, to pull votes from NLD.

    Muslims are just used as scape-goats or sacrificial lambs.

    Just because of that Thein Sein and Min Aung Hlaing have to give him the free hand to do Genocide, Massacre and Atrocities on ALL the Muslims of Myanmar…So ALL of them should be prosecuted at ICC and hanged.

  2. drkokogyi Says:

    Moe Thway

    နိုင်ငံတော်သမ္မတနှင့်လွှတ်တော်ဥက္ကဌကြီးသို့အိတ်ဖွင့်ပေးစာ…

    ဦးအောင်သောင်းကို နာမည်ပျက်စာရင်းထည့်သွင်းကြေငြာလိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို အမေရိကန်က ဗြောင်ကျကျ စော်ကားလိုက်ခြင်းဖြစ်ပါတယ်။

    ဦးအောင်သောင်းဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်သလို အာဏာရပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်လည်းဖြစ်တာမို့ သူ့ကို ဒီလိုကမ္ဘာသိ တရားဝင် နာမည်ပျက်စာရင်းထည့်သွင်းကြေငြာလိုက်ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်နဲ့ မြန်မာနိုင်ငံအစိုးရတဖွဲ့လုံးရဲ့ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေပါတယ်။

    ဒါကြောင့်မို့ အစိုးရနဲ့လွှတ်တော်အနေနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုစောင့်ရှောက်တဲ့အနေနဲ့ ဦးအောင်သောင်းကို ယာယီ ထိန်းသိမ်းစစ်ဆေးဖို့ အဂတိလိုက်စားမှုပပျောက်ရေးကော်မရှင်ကိုတာဝန်ပေးသင့်ပါတယ်။အမေရိကန်အစိုးရကစွပ်စွဲသလိုမှန်ကန်ခဲ့ရင် သူ့ကိုအရေးယူအပြစ်ပေးရပါမယ်။

    စွပ်စွဲချက်တွေမမှန်ကန်ခဲ့ရင်တော့ ကျနော်တို့မြန်မာနိုင်ငံကို မမှန်မကန်အပုတ်ချတဲ့ အမေရိကန်အစိုးရကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အသရေဖျက်မှုတို့နဲ့တရားစွဲရပါမယ်။

    ဒါကြောင့် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာအတွက် အမေရိကန်သမ္မတ အိုဘားမား လာတဲ့အခါ ပုဒ်မ ၅၀၅(ခ) ပုဒ်မ ၁၂၄တို့နဲ့ ချက်ချင်းဝရမ်းထုတ်ဖမ်းဆီးနိုင်ဖို့ အမြန်ဆုံးပြင်ဆင်ကြပါလို့ နိုင်ငံတော်အစိုးရကိုတိုက်တွန်းပါတယ်ခင်ဗျား…

    မိုဃ်သွေး

    Nov 1st 2014

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: