မိတ္ထီလာကို အလုံးစုံ ပျက်သုန်းအောင် ဖျက်ဆီးပစ်တော့မှာလား-ဦးသိန်းစိန်-

မိတ္ထီလာကို အလုံးစုံ ပျက်သုန်းအောင် ဖျက်ဆီးပစ်တော့မှာလား-ဦးသိန်းစိန်-

သမိုင်းစဉ်တလျှောက် ဘာသာပေါင်းစုံ သဟဇာတဖြစ်စွာ အေးချမ်းသာယာ စည်ပင်ခဲ့တဲ့ မိတ္ထီလာမြို့ကြီးဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကံဆိုးမိုးမှောင် ကျခဲ့ရပါ တယ်-

၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းကစလို့ သမ္မတလက်သပ်မွေးထားတဲ့ သာသနာဖျက် ပြည်ဖျက် ဘုန်းကြီး ၀ီရသူနဲ့ အပေါင်းပါတွေ ဟာ ကြိုတင်ကြံစည်မှုတွေနဲ့ မိတ္ထီလာအနီးတ၀ိုက်နဲ့ မြန်မာ ပြည်တ၀ှမ်းလုံးမှာ မုန်းတီးရေးတရားတွေဟောပြီး အမုန်းမီး တွေပွားအောင် လုပ်ထားခဲ့ကြတာကို ကမ္ဘာက သိခဲ့ပါတယ်-

၂၀၁၃ခုနှစ် မတ်လ ၂၀ရက်နေ့မှာတော့ ချိန်ကိုက်ဗုန်း ဖောက် ခွဲသလို မိတ္ထီလာမြို့သမိုင်းကို အကျည်းတန်စေခဲ့ပါတယ်-

အခုဆိုရင် မိတ္ထီလာမှာဖြစ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များ အပေါ် တဖက်သပ် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး ၂နှစ် ပြည့်မြောက်တော့မှာဖြစ်ပါတယ်-

မိတ္ထီလာမြို့ခံ အစ္စလာမ်ဘာသာဝင်တော်တော်များများဟာ ဒုက္ခသည် စခန်းတွေမှာ နေ နေရတုန်းဘဲ ရှိပါသေးတယ်-

တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့အစိုးရအပါအ၀င် ဘယ်သူကမှ ဘာမှ ပေးကမ်း ထောက်ပံ့မှုတွေ မလုပ်ကြတော့ပေမဲ့-

သူတို့အိမ်တွေ သူတို့ပြန်ခွင့် မရကြသေးပါဘူး-

အခြေအနေတွေတည်ငြိမ်မှုမရှိသေးဘူး-
ရန်စောင်နေကြတုန်းဘဲရှိသေးတယ်-
ပြသနာဖြစ်လာမှာ စိုးတယ်- ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ သူတို့ မိမိအိမ် မိမိပြန်နေခွင့်တွေ တားဆီးခံနေရပါတယ်-

အစိုးရက ပိတ်ပင်ထားတဲ့ ဗလီတွေကို ပြန်လည်ဖွင့်လှစ်ခွင့် မပေးသေးပါဘူး-

တမြို့လုံးအနှံ့ ဘုရားပွဲတွေ တရားပွဲတွေ ကထိန်တွေ ကျင်းပ နေခဲ့တာ ဘာပြသနာ တစုံတရာမှ မဖြစ်ခဲ့တာတောင်မှ ကိုယ့် အိမ်ကိုယ်ပြန်နေချင်တဲ့ ကိုယ့်ဗလီ ကိုယ်ပြန်ဝတ်ပြုချင်တဲ့ အစ္စလာမ်ဘာသာဝင်တွေ အတွက်တော့ ပြသနာက ရှိနေတုန်းလား-

အဲ့ဒီတော့ ဘယ်သူတွေက ပြသနာကောင်တွေဖြစ်မလဲ-

အေးချမ်းစွာ နေလိုကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက အခြေ အနေတွေ တည်ငြိမ်နေပါပြီ- ကိုယ့်အိမ် ကိုယ် ပြန်နေခွင့်ပေး ပါ-ဗလီတွေဖွင့်ခွင့်ပေးပါ-ဆိုတဲ့ စာတွေကို အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကို အသနားခံလျှောက်ထားလွှာတွေ ရေးတင်ကြ လို့-

အုပ်ချုပ်ရေးအဖွဲ့တွေက အကြောင်းအမျိုးမျိုးပြ အချိန်တွေဆွဲ ပြီး-နောက်ဆုံးမှ အခြေအနေကိုကွင်းဆင်း စစ်ဆေးမယ် ဆိုပြီး- ကွင်းဆင်းကြည့်ခဲ့တာလဲ (၆)ကြိမ်ရှိသွားခဲ့ပါပြီ-

ဒီကနေ့ ဆင်းကြည့်မှာဟာ (၇)ကြိမ်မြောက်ပါ-

သေချာပါတယ်-

ဒီကနေ့ ကွင်းဆင်းကြည့်တယ်ဆိုတာဟာလဲ-

အိုဘာမားလာခါနီး-အတိုက်အခံ ခေါင်းဆောင်တွေနဲ့ သမ္မတ လူကြမ်းအဖွဲ့ တွေသလိုမျိုးဘဲ ဘာအကျိုးကျေးဇူး ဘာဖြစ် ထွန်းမှုမှ ဖြစ်ပေါ်လာမှာ မဟုတ်တဲ့ အဓိပ္ပာယ်မဲ့ ဟန်ပြ လုပ်ရပ်ဘဲ ဖြစ်မှာပါ-

ဒီ အခြေအနေထဲမှာ မိတ္ထီလာမြို့ရဲ့ အုပ်ချုပ်ရေး တရားစီရင် ရေးကိစ္စ အ၀၀ ကို မဘသ(၉၆၉)တွေက လွှမ်းမိုး စွက်ဖက် ခြယ်လှယ်ထားတာကို တွေ့ရပါတယ်-

ခရိုင်ရဲ-မြို့နယ်ရဲ-စခန်း တို့နဲ့ ခယက မယက ရယက ရုံးတွေ သာမက- တရားရုံးအဆင့်ဆင့်မှာပါ မဘသ(၉၆၉)တွေ ၀င်ရောက် ခြိမ်းခြောက် သြဇာ ပေးနေကြတာတွေ တွေ့နေရ ပါတယ်-

ရပ်ကွက်အတွင်း ပြသနာတစုံတရာဖြစ်ရင် ပြသနာအရှာခံရ ရင် မဘသ(၉၆၉) အမာခံ အမှုပွဲစား- မယ်ပ ဆိုသူနဲ့ ဒီမောဆို ဆိုသူတို့က ပထမရောက်လာပြီး သူတို့ ဆုံးဖြတ်ချက် သူတို့ ပြောတဲ့အတိုင်း ရဲက အမှုစွဲတင်လို့ သူတို့ညွှန်ကြားတဲ့ အတိုင်း တရားသူကြီးက စီရင်ချက်ချတဲ့ အခြေအနေအထိ ရောက်နေပါပြီ-

ဒီအခြေအနေမှာ-

မိတ္ထီလာမှာ တရားပွဲတခု ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ လုပ်နေကြပြန် ပါပြီ-

ဘာသာရေးကိစ္စ တရားပွဲလုပ်တာ အဆန်းမဟုတ်ပေမဲ့-

အခုလုပ်မဲ့တရားပွဲမှာ-

မိတ္ထီလာကို အကြမ်းဖက်မှုကြီးနဲ့ ကြုံတွေ့အောင် အမုန်းတရားတွေကို အစပျိုးပြီး ပြသနာရန်မီးတွေပွားအောင် အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်ခဲ့သူ-
မိတ္ထီလာမြို့ အကြမ်းဖက်မှုကို အနီးကပ် ကွပ်ကဲစီမံခဲ့သူ အစွန်းရောက် အကြမ်းဖက် ဘုန်းကြီး မဘသ(၉၆၉) ခေါင်း ဆောင် ၀ီရသူ ပါဝင်နေခြင်းဟာ အားလုံးအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်-

ဝီရသူဟာ လောလောဆယ် သီရိလင်္ကာ ဗုဒ္ဓဘာသာအကြမ်း ဖက်အဖွဲ့ BBS နဲ့ မဟာမိတ်ဖွဲ့ပြီး အစ္စလာမ်ဘာသာကို တိုက် ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်ရန် ပြင်ဆင်နေတဲ့သူပါ-

နောက်-

တရားပွဲ့ လုပ်မယ်လို့ သတင်းထွက်နေတဲ့နေရာက မိတ္ထီလာ ကန်ဘောင်ရဲ့ အောက်ချိုင့်ထဲ-မင်္ဂလာဇေယုံအာရဗီကျောင်း က ကျောင်းသား လေးတွေကို ရက်ရက်စက်စက် သတ်ဖြတ် မီးရှို့ထားခဲ့တဲ့နေရာ-

အဲ့ဒီတော့-

မိတ္ထီလာမြို့ကို နောက်တကျော့ပြန်ပြီးတော့ အလုံးစုံ ဖျက်ဆီး ပစ်တော့မှာလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေပြီး ဒေသခံ ပြည်သူတွေ တုန်လှုပ်ခြောက်ခြားနေကြပါတယ်-

တရားပွဲဖြစ်မြောက်ရေးကို ဦးဆောင် ကမကထလုပ်နေသူကို ကြည့်လိုက်တော့-

မိတ္ထီလာ အကြမ်းဖက်မှုမဖြစ်မှီ အကြိုကာလကထဲက ၀ီရသူ တရားပွဲတွေကို စီမံပေးခဲ့သူ- ၀ီရသူရဲ့ အမုန်းတရား စာရွက် စာတမ်းတွေ ဗီစီဒီခွေတွေကို ဖြန့်ဖြူးခဲ့သူ-

မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း- အစ္စလာမ်ဘာသာဝင် များအားတိုက်ခိုက်မှု နေအိမ်တိုက်တာ ဆိုင်ခန်းများဖျက်ဆီးမှုတွေကို ဦးဆောင် ကြီးကြပ် ညွှန်ကြားခဲ့ သူ-

ရန်မျိုးအောင်ရပ်ကွက် BOC ဟောင်းနေရာမှာ အစ္စလာမ်ဘာသာဝင်တယောက်ကို ရိုက်နှက်သတ်ဖြတ်ပြီး ခြေထောက်ကြိုးချီပြီး ဆိုင်ကယ်နဲ့ ဆွဲခြင်းကို ပြုလုပ်ခဲ့သူ-

ရာဇဝတ်ပြစ်မှုပေါင်းစုံကို ကျူးလွန်ခဲ့ပြီး ယနေ့တိုင် မည်သည့် အရေးယူမှုတစုံတရာ မခံရတဲ့သူ-

ညွန့်ဝင်း( အဖ- ဆား ကိုချို)- ဖြစ်နေတာဟာလဲ ပြည်သူအား လုံးကို ပိုမို စိုးရိမ် စိတ်ပူပန်နေစေပါတယ်-

(ဓာတ်ပုံမှာ ဆိုင်ကယ်စီးဦးထုတ် လိမ္မော်ဝါရောင်ဆောင်းထား သူဖြစ်ပါတယ်)

ဘုရားဝင်းတွေ-ဓမ္မာရုံတွေ မြောက်မြားစွာရှိနေပြီး အဲ့ဒီနေရာတွေမှာ လုံလုံခြုံခြုံ တရားပွဲ ကျင်းပလို့ ရနေပါလျှက်နဲ့-

ပြသနာ အကြီးအကျယ်ဖြစ်ထားလို့လအချိန် ၂နှစ်နီးပါးအထိ တည်ငြိမ်မှုမရရှိသေး- အခြေအနေ ပုံမှန် ပြန်မဖြစ်သေးတဲ့
လူထုကြီးရဲ့ကြား လူနေရပ်ကွက်ထဲမှာ အမုန်းတရားတွေ အမျိုးဖျက်တရားတွေ လာဟောဖို့ ခွင့်ပြုထားတဲ့ ဦးသိန်းစိန်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာဟာ သိသာထင်ရှားနေပါ တယ်-

တိုင်းဒေသကြီး ၀န်ကြီးချုပ် နဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင် တွေကို အားလုံးက အပြစ်တင်နေကြပေမဲ့ အမှန်တကယ် တာဝန်အရှိဆုံးသူက သမ္မတ ဦးသိန်းစိန်သာဖြစ်ပါတယ်-

သူကိုယ်တိုင်ဘဲ ၀ီရသူကို ဘုရားသားတော်တပါး လို့ သုံးနှုန်း အကာအကွယ်ပေးခဲ့တာပါ-

အမေရိကန်နိုင်ငံက Black List အသွင်းခံခဲ့ရတဲ့ ဦးအောင်သောင်း လုပ်ခဲ့သမျှဟာလဲ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာတွေချည်းပါဘဲ-

တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ခရိုင်/မြို့နယ် အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးဟာ သမ္မတညွှန်ကြားတဲ့အတိုင်း လုပ်နေကြရတာပါ-

ဒီတော့ မေးခွန်းမေးစရာရှိတာက-

မိတ္ထီလာမြို့ကို အလုံးစုံဖျက်ဆီးပစ်တော့မှာလား သမ္မတကြီး

-လို့ ပါ ဘဲ-

မောင်မောင်
ရွှေကရ၀ိက်
၂-၁၁-၂၀၁၄

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: