ဒီလောက်ဒုက္ခရောက်နေတဲ့ ”လူ”တွေ ခေတ္တခဏဖြစ်ဖြစ် စိတ်ချမ်းလက်သာနဲ့ နားခိုရာရစေချင်ပါတယ်

ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေထဲကတစ်ချို့ဟာ
မွတ်စ်လင်မ်တွေကိုဦးတည်တိုက်ခိုက်တဲ့
ဘာသာရေးပဋိပက္ခတွေဖန်တီးခဲ့ကြပါတယ်

ဒါပေမယ့် ဗုဒ္ဓဘာသာဝင်အများစုက
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုဘဲ
အာသီသရှိခဲ့ကြတဲ့အတွက်
အစွန်းရောက်အကြမ်းဖက်သမားများမျှော်လင့်သလို
လူမျိုးသုဉ်းသတ်ဖြတ်နိုင်မှုမျိုးအထိဖြစ်မလာခဲ့ပါဘူး

(သေကြေပျက်စီးမှုတွေကတော့ရှိခဲ့ပါတယ် နှစ်ဖက်လုံးမှာရှိခဲ့ပါတယ် လူနည်းစုဖြစ်တဲ့ မွတ်စလင်မ်တွေဖက်က ပိုပြီးအထိနာခဲ့ပါတယ်)

ကျွန်တော်တို့အတွက်ကတော့ …
”အကြမ်းဖက်ဗုဒ္ဓဘာသာ” ဆိုတဲ့ဘွဲ့ဆိုးကြီးကို
ရင်နင့်စွာနဲ့ခံယူခဲ့ရပါတယ်

ဒီနေ့ ကျွန်တော့် fb စာမျက်နှာမှာ
ရိုဟင်ဂျာတွေရဲ့အခွင့်အရေးနဲ့ပါတ်သက်လို့
ကုလသမဂ္ဂအနေနဲ့ပြင်းထန်စွာဖိအားပေးနေပြီ ဆိုတဲ့ ပို့စ်တစ်ခုကိုတွေ့ရပါတယ်

သူတို့တွေ နိုင်ငံသားဖြစ်သင့်မဖြစ်သင့်ဆိုတာ
နိုင်ငံတော်အစိုးရကဘဲဆုံးဖြတ်ရမှာဖြစ်ပေမယ့်
ကျွန်တော့်ဆန္ဒကိုပြောပါဆိုရင်တော့
ဒီလောက်ဒုက္ခရောက်နေတဲ့ ”လူ”တွေ
ခေတ္တခဏဖြစ်ဖြစ် စိတ်ချမ်းလက်သာနဲ့
နားခိုရာရစေချင်ပါတယ်

ရိုဟင်ဂျာကိစ္စ ဖိအားလျှော့လာတာနဲ့အမျှ
ပြည်တွင်းနေမြန်မာနိုင်ငံသားမွတ်စ်လင်မ်များလဲ
အနေအထိုင်ချောင်ချိကြမှာဖြစ်တဲ့အတွက်
ဝမ်းသာစရာကောင်းလာလိမ့်မယ်လို့ထင်ပါတယ်

မြန်မာနိုင်ငံရဲ့သိက္ခာနဲ့ဗုဒ္ဓဘာသာပုံရိပ်
ပြန်လည်တိုးတက်တောက်ပြောင်လာမှာကတော့
ကျွန်တော်တို့အတွက်ဝမ်းသာစရာအကောင်းဆုံးဖြစ်ပါတယ်

2 Responses to “ဒီလောက်ဒုက္ခရောက်နေတဲ့ ”လူ”တွေ ခေတ္တခဏဖြစ်ဖြစ် စိတ်ချမ်းလက်သာနဲ့ နားခိုရာရစေချင်ပါတယ်”

  1. drkokogyi Says:

    Paw Lwin

    မျိုးစောင့်ဥပဒေထောက်ခံပွဲဆိုတာတွေ
    ဟိုနား ပြောက်တိပြောက်ကြား
    ဒီနား ကျိုးတိုးကျဲတဲ နဲ့ တွေ့နေရတာ
    နည်းနည်းမျက်စိနောက်စပြုလာလို့
    မေးပါတော့မယ်

    အင်္ဂလိပ်ကျွန်ခေတ်ကလဲ
    သခင်ကြီးမယားတွေ တရုတ်မယားတွေ ကုလားမယားတွေ ရှိခဲ့ဖူးတာဘဲ ဟုတ်သလား

    ဂျပန်ကျွန်ခေတ်ကလဲ
    မာစတာမယားတွေ တရုတ်မယားတွေ ကုလားမယားတွေ ရှိခဲ့ဖူးတာဘဲ ဟုတ်သလား

    အဲသလို နိုင်ငံခြားသားနဲ့ညားတာမျိုးကိုမှ
    အမျိုးပျက်တယ်လို့ ခေါ်ရမှာလား

    ရှမ်းထီးနဲ့ဗမာမနဲ့ညားရင်ရော နှစ်ဖက်လုံးအမျိုးမပျက်ဘူးလား
    ကဲ …ရှမ်းမနဲ့ဗမာထီးနဲ့ညားရင်ရော …… ?

    ဒီလိုဘဲ … ဆက်တွေးကြည့်
    ကချင် ကယား ကရင် ချင်း မွန် ရခိုင် …

    ဒါတွေဟာ သီးခြားဘာသာစာပေယဉ်ကျေးမှုတွေနဲ့
    ရပ်တည်နေကြတဲ့ လူမျိုးကွဲတွေမဟုတ်ဘူးလား

    တိုင်းရင်းသားမို့ကိစ္စမရှိဘူး လို့ ဖြေမှာလား

    ဒါဆို ဘာက ကိစ္စရှိမှာလဲ … ?
    တိုင်းရင်းသားမဟုတ်သူများနဲ့ညားတဲ့ကိစ္စ

    ဒါဆို တရုတ် ကုလားပေါ့ ဟုတ်လား
    တရုတ်ကလဲ ဗုဒ္ဓဘာသာမို့ ပြဿနာသိပ်မရှိဘူး ဟုတ်ရဲ့လား
    အဓိကပြဿနာဖြစ်နေတာက မွတ်စ်လင်မ်
    ဟုတ်တယ်နော် ဟုတ်ရဲ့လား ဟုတ်မှဟုတ်တယ်ပြော ဟုတ်ပြီလား

    ဟူး မောပါ့ကွယ်
    နာမည်ပြောင်းလိုက် ……
    မွတ်စောင့်ဥပဒေ လို့

    သဘောပါသလား

  2. drkokogyi Says:

    Master Pie
    English ကို အခြေအနေအလိုက်ပြောကြတာလေးပါ။

    ကုန်တခု သိပ် Hot နေရင် ဆိုင်ရှင်က
    Take it or leave it. တဲ့
    ယူရင်ယူl မယူရင် ဂျောင်း ပေါ့။

    အရောင်းထိုင်းကုန် stale ဖြစ်နေပြီဆိုရင် ဝယ်သူက
    Sell it or keep it. တဲ့
    ရောင်းရင်ရောင်း l မရောင်းရင် အပုတ်ခံပေါ့။

    သမဒ ကြီးက သင်္ဘော ပေါ်တင်လွှတ်လိုက်မယ်ဆို
    တကမ္ဘာလုံးကိုပြောလိုက်တော့

    UN က Obey or suffer for it. တဲ့
    လိုက်နာပါ မဟုတ်ရင် နာလိမ့်မယ် ပေါ့ဗျာ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: