မျိုးရန်နောင်သိန့်း ဖေ့ဘုတ်စ် wall က အရေးအသားတွေက သူရထားတဲ့ NLD သုတေသန မှူး: ရာထူးနဲ့တောင် မတန်ဘူး

La Yaung Soemoe

 

မျိုးရန်နောင်သိန်း ဆိုလို့ ကြုံတုန်းလေး
တလက်စထဲ ပြောပါအုံးမယ်ဗျာ အခါ
အခွင့်ကြုံလို့ ဗျင်းတယ်လို့တော့ မထင်နဲ့ အဲဒီ့ချိန်က ခရီးထွက်တာ နဲ့ မအားတာနဲ့ မရေးဖြစ်လိုက်ဘူး နောက်တော့ကြာသွားတော့ထားလိုက်ပါလေ အဖွဲ့ချုပ်ကိုလဲ ထိခိုက်မယ်ဆိုပြီး လျှော်လိုက်တာ….

သူ့ဖေ့ဘုတ်စ် wall က အရေးအသားတွေက သူရထားတဲ့ ရာထူးနဲ့တောင်
မတန်ဘူး အရပ်ထဲ အတင်းတုပ်သလို ငါးစိမ်းတန်းထဲ ဟိုဘက်ဆိုင် ဒီဘက်ဆိုင်အတင်းတုပ်နေသလိုပဲ သူ့ရာထူး ကသာ သုတေသန မှူး စာဖတ်အားတော့ နည်းမယ့်ပုံပဲ ဒီဓာတ်ပုံထဲက screen shot ကမြန်မာ U-19 နဲ့ ဒူဘိုင်း U19 တို့ ပွဲပြီးတော့ သာမာန် fb user တစ်ယောက်ရဲ့ အရေးအသားကို တုန့်ပြန်ရေးသားတာ
က ဗျောက်အိုးတောင်ဖြောင့်အောင်မဖောက်တတ်တဲ့ မြန်မာမွတ်စ်လင်တွေကို ယခုလက်ရှိ အကြမ်းဖက် အဖွဲ့လို့ ကမ္ဘာက သတ်မှတ်ထားတဲ့ IS နဲ့ တွဲချည်ပြီးရေးသားတယ်….

နေ့စဉ်သတင်းဖတ်တဲ့သူတွေဆို သိပါတယ် ဒူဘိုင်းဆိုတာက အာရဗ်နိုင်ငံပေမယ့် IS ကိုချေမှုန်းဖို့ ရှေ့ဆုံးက တတ်တတ်ကြွကြွ ပါဝင်နေတဲ့ နိုင်ငံ မိမိနိုင်ငံရဲ့ လေတပ်အထောက်အပံတင်မဟုတ်ဘူး လေဆိပ်ကိုပါ အသုံးပြုခွင့်ပေးထားတဲ့နိုင်ငံ အဲဒီ့လိုနိုင်ငံမျိုးကို
မျိုးရန်နောင်သိန်း ကဒီလိုရေးတော့ သူပဲ စာဖတ်အားနည်းလား နေ့စဉ်သတင်းတွေမဖတ်ဖြစ်တာလား၊သိရဲ့သား နဲ့ တမင် အလ်ကိုင်ဒါ ရဲ့ ဗီဒီယို ဖိုင်ကိစ္စကြောင့် အနေကြပ်နေတဲ့ မြန်မာမွတ်စ်လင် တွေကို ပိုပြီး အနေကြပ်အောင် ချောက်ချတာလား မေးခွန်းထုတ်စရာဖြစ်နေတယ်….

အခုလဲ ကိုငွေစိုး ဆုံးတာနဲ့ မဆီမဆိုင် မသာတစ်ခုအရင်းပြုပြီး ကိုဂျင်မီကို ပုဂ္ဂိုလ်ရေးဆန်တဲ့ အရေးအသားတွေ နဲ့ တိုက်ခိုက်ရေးသားလာတော့ ဒီလိုလူမျိုး အဖွဲ့ချုပ်မှာ ရှိနေတာထက် မရှိတာကပိုကောင်းပါတယ်….

သူ့ရဲ့ အရေးအသားတွေက အဖွဲ့ချုပ်ရဲ့ သိက္ခာကိုထိခိုက်တယ် အခြားအတိုက်အခံတွေ ရဲ့  မေးငေါ့စရာဖြစ်တယ် အချင်းချင်းကြားမှာ ကတောက်ကဆဖြစ်စေတယ် သူ့wall သူကြိုက်တာ ရေးမှာပဲလို့တော့မပြောနဲ့ သူက nld ရဲ့ သုတေသနမှုးဆိုတဲ့ ရာထူးနဲ့ရှိနေတရွေ့ သူ့ရဲ့ အရေးအသားတွေက ရာခိုင်နှုံးတစ်ခုအထိ အဖွဲ့ချုပ်ကိုထိခိုက်စေတယ်….

အဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ်သင့်တယ် ပုဂ္ဂိုလ်ရေးသံယောဇဉ် တွေကို ခဏဖယ်ထားပြီး ခြေမ မကောင်း ခြေမဖျက်၊လက်မ မကောင်းလက်မ ဖျက် မကောင်းတဲ့ အစိတ်အပိုင်းတွေကိုကြိုတင် ရှင်းလင်းထားသင့်တယ် နောင်တစ်ချိန် အဖွဲ့ချုပ်အာဏာရတဲ့အခါ ဒီလိုလူတွေက NLD ရဲ့ မှူးဇော် လဲ ဖြစ်လာနိုင်တယ် ရဲထွဋ်လဲဖြစ်လာနိုင်တယ်….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: