ရိုဟင်ဂျာအရေးသည် မြန်မာ့ဒီမိုကရေစီ ချိန်ချက်လျှာ ဖြစ်လာပြီလား

`ရိုဟင်ဂျာအရေးသည် မြန်မာ့ဒီမိုကရေစီ ချိန်ချက်လျှာ ဖြစ်လာပြီလား

သမိုင်းအသစ် ခရီးအစ
အောက်တိုဘာ(၄)ရက်၊ ၂၀၁၄။မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းများနှင့်အတူ ဟောတစ်ကွက်-ဟောတစ်ကွက်- သည်တစ်ကွက်ပြီး၊ နောက် ထပ်တစ်ကွက် စသည်ဖြင့် ပွဲကြည့်လာခဲ့သည်မှာ ၂၀၁၀ ခုနှစ်ကတည်းက။ နိုင်ငံတော်သမ္မတကြီး နိုင်ငံတ ကာ ခရီးစဉ်များကပြန်အလာမှာ “သမ္မတကြီးအားလှိုက်လှဲစွာကြိုဆိုပါ၏” ဆိုသည့်ဆိုင်းဘုတ်ကြီး များဖြင့်ကြို သူကြို၊ လော်ကြိုက်သောဗမာများက လော်ကြီးဖြင့်အော်လို့ကြိုလိုကြို၊ အလို! သည် တစ်ခါမြန်မာတို့ တကယ်ပဲ ဂ-ငယ် ကွေ့ ကွေ့သွားပြီလား။ တကယ်တယ်ပဲ- ကျွတ်တမ်းလွတ်တမ်း ၀င်သွားကြသလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုပင် မြန်မာ့ဒီမိုကရေစီဖခင်ကြီးဘွဲပေးရမလိုလိုဖြစ်ခဲ့သည်။

ခွေးမြီးကောက်ကျည်တောက်စွပ်။ ဇတိဇရာအတည်မရှိ၊ သန္ဓေ၊ သမ မမှန်သည် မို့၊ ခွေးရူးကောင်းစားတမွန်း တောင်မတည့်နိုင်ခင်၊ ဇာတိဇတ်ရုတ်ဘီလူးတို့အသွင် ဗွားကနဲပေါ်လာပါတော့သည်။ ၂၀၁၂ ခုနှစ်ကစ သတ်လိုက်သည့်ဖြစ်ခြင်း၊ ရှို့လိုက် သည်မီး၊ လူသူခပင်သိန်းသောင်းမကတို့ ဒုက္ခသည်ဖြစ်သွားကြရသည်။ ကမ္ဘာ့အ ဆင်းရဲဆုံးနိုင်ငံ၊ ကမ္ဘာ့စီးပွားရေးလုပ်ကိုင်ရန်အကောင်းဆုံးနိုင်ငံများစာ ရင်း မှာ ပြောင်းပြန်ရေလျှင် အဆင့် (၁၂)၊ ကမ္ဘာအေအိုင်ဒီအက်စ် အထူပြောဆုံး၊ ကျမ်းမာရေးဝန်ဆောင်မှုအညံ့ဆုံး၊ ပညာရေးအညံ့ဆုံး စသည်ဖြင့် ဒေါ့ဒေါ့ဒေါ့ – ရေးလိုမကုန်၊ ဆုတော်လာဒ်တော်ဘွဲ့တော်များဖြင့် အဖမြန်မာပြည်ကြီးစည်ပင်ခြင်းမလှ စည်ပင်သာယာခဲ့လေသတည်း။

စတုတ္ထမဏ္ဍိုတို့ မစားရ ၀ခမန်း မလွယ်တဲ့ကိုကိုတွေမို့ ဘင်္ဂလီ-ဘင်္ဂလီဟု မိုးဦးကျဖား များလို့ တဗူဗူ၊ တပွန်ပွန် အော်ဟေ့-နာနာသာအော်၊ အခုတော့ ရိုဟင်ဂျာသည်ကမ္ဘာ့ အရေး၊ ရိုဟင်ဂျာသည် အမေရိကန်အရေး၊ ရိုဟင်ဂျာ အရေး ဖြင့် ကမ္ဘာရာဇ၀တ်ခုံရုံး မျက်စပစ်နေသူတွေ ဒုနဲ့ဒေးထွက်လာခဲ့ပြီ။ ကဲ့-အလှည့်ကျမနွဲ့ကြစတမ်း။ အနှီ- အ ထုတ်နဲ့ လူကြီးမင်းတို့ကံကျမ္မာသည်တစ်ခါ၊ ဘယ်လမ်းရွေးမလဲ၊ စောင့်ကြည့်ကြ သည်ပေါ့။

ခုလေးတင်၊ ဦးအောင်သောင်း(တောင်သာဓါးပြဂိုဏ်ချုပ်မှူးကြီး) ငယ်ထိပ်မြွေပွေးပေါက်ခံရ သလို၊ သေခါနီးမှ မျက်ပြူးဆံပြာ ကြယ်တွေလတွေများမြင်နေပလားမသိ။ ခင်ရီတို့အဖွဲ့ ကတော့- မနေ့က၊ “ဘင်္ဂလီခံယူလျှင်အခွင့် အရေးပေးမည်” ဟု ရေလာမြောင်းပေး၊ ပုန်းလျိုးကွယ်လျိုးတစ်မျိုးတစ်ဖုံလာလိမ်သွားသေးသည်ဟု စစ်တွေ ဒုက္ခသည်စခန်းက ဆိုသည်။ သည်ဆေးခါး တကတယ်ပဲ အမြိုရခက်လှချည်းလား။ တသက်လုံးမောင် ရင်ငတေ လုပ်လာခဲ့ သမျှ သည်ကုလားအရေးနဲ့ နိတ္ထိတံရဦးမလား။ အဖြစ်ကဆိုးပ။
EU ကတော့ ရိုဟင်ဂျာကို ရိုဟင်ဂျာဟု အသိအမှတ်ပြုပေးရမည်ဟု UN ကိုတင်ပေးလိုက် ပါပြီ။ အိုဘာမား ရောက်လာပြီး သည့်တိုင် ရိုဟင်ဂျာကိစ္စ မြန်မာတို့ထုံးနှလုံးအ တိုင်း ဝေ့ပတ်လျှောင်ကွယ်လုပ်နေမည်ဆိုလျှင် – အောင်သောင်းလို ငယ် ထိပ် မြွေပွေးပေါက် ခံရမည်လား။ သည်ထက်ဘယ်လိုကံဆိုးမိုးမှောင်ကျလေဦးမလား။ ဒီတင်ပဲလား၊ မဟုတ်သေး။ တဘက်မှာ Genocide, UN, EU, အာစီယံ၊ ညှပ်ပိတ်ဝိုင်းခံထားရပြီ။ ဟိုပြေး သည်ပြေး၊ လာကြပါ – လာကြပါဆိုလည်း ဘယ်သူ့မှမလား။ ရိုဟင်ဂျာကိစ္စ အလျှင်ရှင်းပါဟု သာပြောနေကြပြီ။

မြန်မာဒီမိုကရေစီအရေးကလည်း၊ PR ၊ မျိုးစောင့်ဥပဒေ ကြားမှာ ညှပ်ပိတ်ခံနေရ သည်မို့ သောင်မတင်ရေမကျ။ သည်ကြားထဲ၊ သမ္မတက တိုင်းရင်းသားလက်နှက် များဖြင့်ငြိမ်းချမ်းရေးမရမချင်း ရွေးကောက်ပွဲလုပ်ဖြစ်ဦးမည်မ ဟုတ်ဟု လော်ဘီ လုပ်သေးသည်။ အခြေမဟန်၍ တင်အေးကပြန်ဖြေသည်။ အ၀င်အထွက်၊ တိုးချီ၊ ဆုတ်ချီ အကွက်လှသလို၊ ထွက်သက်ဝင်သက်ကလည်း တိုးချီ၊ ဆုတ်ချီ-ဖုတ် လိုက်-ဖုတ်လိုက် ဆိုသည်ကိုအနှီတို့သ ဘောပေါက်ကြပါမည်။ ဒီမိုကရေစီအရေးဖြင့် အတိုက်အခံဆိုသူကို ၁၀ မိနစ်စကားပြောခွင့်ပေးသည်ဟု ဗြောင်လှန်ရဲသော်လည်း၊ ရိုဟင်ဂျာအရေးဖြင့် သမ္မတအိုဘာမားကို ၁၀ မိနစ်ပေးပြောမည်ဟု ဆိုကြည့်ပါလား ချိတ်ထမီအကွက်ကောင်းကောင်းဝတ်တတ်တဲ့ – မင်းကတော်တို့။

ရိုဟင်ဂျာအရေးသည် သေမလား – ရှင်မလား။ ပိုပေါ့လား – ဆာဒါန်ဟူစိန်လား-ဘင် လာဒင်လား၊ မာကိုစ်လား – မီလိုစီဗစ်လား။ ဘယ်လမ်းရွေးမလဲ။ တနွယ်ငင်တစ်စင်ပါ သည်အရေးဖြင့် သည်တစ်ခါ ဒင်းတို့ပြေးလွတ်ဦးမည်ထင်နေသလား- ဘာပဲပြောပြော ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ပန်းပန်လျှက်သာ။

သမိုင်းအသစ် ခရီးအစ
အောက်တိုဘာ(၄)ရက်၊ ၂၀၁၄။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: