ကိုယ့်တိုင်းရင်းသားအချင်းချင်း ရက်ရက်စက်စက်သတ်ပြီးမှရလာတဲ့ ဘွဲ့တွေ တံဆိပ်တွေကို သူတို့မို့မရှက်မကြောက် ဂုဏ်ယူနေကြတာ သာယာနေကြတာ

Ko Yin Hla

မင်းတို့က စစ်သားဆိုတော့ စစ်တိုက်ရမှာက မင်းတို့အလုပ်ပဲလေ

စစ်တိုက်ပါပြီဆိုမှတော့ သေနတ်မှန်မှာပေါ့
ဗုံးဆံမှန်မှာပေါ့
မိုင်းနင်းမိမှာပေါ့

သေနတ်မှန်မှတော့ ဗုံးဆံမှန်မှတော့ မိုင်းနင်းမိမှတော့ ပန်းနဲ့ပေါက်တာမှ မဟုတ်တာကွာ ကျိုးမှာ ကန်းမှာ ပြတ်မှာ သေမှာပေါ့ ဒါအဆန်းမဟုတ်ပါဘူး

မင်းတို့ကိုကော ဘယ်သူက ရိုက်နှက်ပြီး စစ်ထဲဝင်ခိုင်းခဲ့လို့လဲ မင်းတို့ဖာသာမင်းတို့ပဲ ရွေးချယ်ခဲ့တာပဲ မဟုတ်ဖူးလား

မင်းတို့လိုစစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းတို့အသိဆုံး

တပ်သားတွေသာ တွေ့တဲ့နေရာကနေ ကောက်ဖမ်းပြီး စစ်သားအတင်းလုပ်ခိုင်းနေကြတာလေ ဒါကိုလဲ မင်းတို့အသိဆုံးပါ

အခု စစ်ကြောင့် သေကြ ကျိုးကြ ပြတ်ကြ ကန်းကြ သေကြတာတွေမှာလဲ တပ်သားကအများစု
ဗိုလ်တွေက အနည်းစုပါကွာ

ဗိုလ်အပြတ်တွေ ဗိုလ်ဘီပိုးတွေ ဗိုလ်စီပိုးတွေ ဗိုလ်အပြုတ်တွေက သာသာယာယာပါကွာ

ဗိုလ်ရဲထွတ်တောင်မှ ဗိုလ်မှူးကြီးပြုတ်ဘဝကနေ ဝန်ကြီးတောင်ဖြစ်သွားတာ မင်းတို့တွေ့သားပဲ တကယ်တန်းစုတ်ပြတ်သတ်သွားတာက သနားစရာ အကြပ်တွေ တပ်သားတွေပါ

ပြီးတော့
စစ်က ဘာလို့ဖြစ်နေတာလဲ
ဘယ်သူနဲ့ဖြစ်နေတာလဲ
အင်္ဂလိပ်နဲ့လား ဂျပန်နဲ့လား အမေရိကန်နဲ့လား တရုတ်နဲ့လား

မင်းတို့အဘတွေပြောပြောနေတဲ့ ပြည်ထောင်စုဆိုတာကြီးထဲမှာ အတူတူမှီတင်းနေထိုင်နေကြတယ်ဆိုတဲ့ ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေနဲ့လား

မင်းတို့အဖေတွေ မင်းတို့အဘတွေရဲ့ ရင်ဘတ်တွေမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ချိတ်နေတပ်နေတဲ့ သူရတို့ သီဟသူရတို့ဆိုတဲ့ တံဆိပ်တွေကကော ဘယ်သူတွေကို များများကြီးသေသွားအောင် သတ်ပြလိုက်လို့ရထားတဲ့ တံဆိပ်တွေလဲ

ကိုယ့်အချင်းချင်းတွေပဲ မဟုတ်ဖူးလား
ကိုယ့်တိုင်းရင်းသားအချင်းချင်း ရက်ရက်စက်စက်သတ်ပြီးမှရလာတဲ့ ဘွဲ့တွေ တံဆိပ်တွေကို
သူတို့မို့မရှက်မကြောက် ဂုဏ်ယူနေကြတာ သာယာနေကြတာ

ဗမာစစ်တပ်နဲ့ ကရင်စစ်တပ်
ဗမာစစ်တပ်နဲ့ ကချင်စစ်တပ်
ဗမာစစ်တပ်နဲ့ ကရင်နီစစ်တပ်
ဗမာစစ်တပ်နဲ့ မွန်စစ်တပ်
ဗမာစစ်တပ်နဲ့ ချင်းစစ်တပ်
ဗမာစစ်တပ်နဲ့ ရခိုင်စစ်တပ်
ဗမာစစ်တပ်နဲ့ ရှမ်းစစ်တပ်
တိုက်နေကြတာ

သေချာစဉ်းစားကြည့်ရင် တိုင်းပြည်မှာ ရှိသမျှပြည်နယ်ကိုယ်စားပြုထားသမျှ တိုင်းရင်းသားတွေအားလုံးနဲ့ မင်းတို့နဲ့တိုက်နေတာနော်

ဒါဆို အရပ်ပြော ပြောရရင် မင်းတို့က ငပွကြီးစစ်တပ်ပေါ့

ဒီလို အများနဲ့တစ်ယောက်ဖြစ်နေမှတော့
မင်းတို့တစ်ခုခုတော့ မှားနေလို့နေမှာပေါ့ကွာ

မင်းတို့က မင်းတို့ကိုထိတော့ နာတတ်ကြတယ်နော်

ဒါဆို ငါပြောပါရစေ
အကြောင်းမရှိပဲနဲ့ အကျိုးမဖြစ်ဘူး ကိုယ့်လူ

မင်းတို့ဖာသာ ဘာအကြောင်းကြောင့်ပဲ တိုက်ပွဲတွေဖြစ်ဖြစ်

ဒေသခံတိုင်းရင်းသားတွေကို
အနိုင်မကျင့်ခဲ့ရင်
မုဒိန်းမကျင့်ခဲ့ရင်
မလုယက်ခဲ့ရင်
ရက်ရက်စက်စက် မသတ်ခဲ့ရင်

ပြီးတော့ အရေးအခင်းတွေမှာ အပြစ်မဲ့တဲ့ ငါတို့ကျောင်းသားတွေကို သူငယ်ချင်းတွေကို ဘုန်းကြီးတွေကို မင်းတို့ မသတ်ခဲ့ရင်

ငါတို့တိုင်းရင်းသားတွေ ပြည်သူတွေ အားလုံး (အညီအမျှ)ပိုင်ဆိုင်တယ်လို့ပြောလို့ရတဲ့ မြေတွေ လယ်တွေ ရွာတွေ သယံဇာတတွေကို လက်နက်အားကိုး အာဏာအားကိုးနဲ့ မလု မယက် အပိုင်မသိမ်းခဲ့ရင်

မင်းတို့ကို အခုလောက် မုန်းမှာ နာကျည်းမှာ ရွံရှာမှာမဟုတ်ဖူး ကိုယ့်လူ

မင်းတို့က ခုမှလာပြီး နာကျည်းပြမနေနဲ့
ငါတို့က နာကျည်းခဲ့ရတာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပြီ

ပြတ်တာ
ကန်းတာ
သေတာ
မင်းတို့ဗမာစစ်သားတွေချည်းပဲ တစ်ဖက်သတ်ဖြစ်တာမဟုတ်ဖူးကွ
ငါတို့တိုင်းရင်းသားစစ်သားတွေလဲ အတူတူပဲ

ဒါပေမယ့် ငါတို့ဖက်က ပိုနစ်နာတယ်

ဂျာဆိုင်းအိမ်လို ဘုမသိဘမသိ သေနတ်မှန်ပြီး ဆေးရုံကိုအချိန်မီမရောက်လို့ အသက်ပေးလိုက်ရတဲ့ ကလေးတွေ
ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ
ကျောင်းမတက်ရ စာမသင်ရနဲ့ ဘဝပျက်နေကြတဲ့ ကလေးတွေကကော ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ

ကျောင်းမပြီးလိုက်ပဲ
ဘွဲ့မရလိုက်ပဲ ဆလိုင်းတင်မောင်ဦးလို
ဖုန်းမော်လို စိုးနိုင်လို အသက်ပေးလိုက်ရတဲ့ ကျောင်းသားကကော ဘယ်နှစ်ယောက်လဲ

ငါတို့က နားလည်တတ်တဲ့ စဉ်းစားတတ်တဲ့ အမှားနဲ့အမှန်ကို သေသေချာချာခွဲခြားသိတဲ့ လူစိတ်ရှိတဲ့ လူတွေပါ

သနားသင့်တဲ့လူကို သနားမယ်
မသနားသင့်တဲ့လူကို မသနားဘူး

မင်းတို့ဖာသာ တစ်သွေး တစ်သံ တစ်မိန့်ဆိုပြီး ဘုန်းကြီးသော ကျောင်းသားသော သတင်းထောက်သော အကုန်ရောကောသောကော ဘာမှမခွဲခြားတော့ပဲ မင်းတို့အဘကြီးတွေ အဖေကြီးတွေ အန္တရာယ်မဖြစ်ဖို့ကလွဲလို့ ကျန်တာကို မစဉ်းစားတော့ပဲ ပစ်မိန့်ရတာနဲ့ ပစ်သတ်နေတဲ့ လူ့ဗာလ လူ့အန္တ ခါးပိုက်ဆောင်စစ်တပ်သာသာ လူ့တိရစ္ဆာန်တွေကိုတော့ ငါတို့မသနားနိုင်ဘူးကွ

ကိုယ်စိုက်ခဲ့တဲ့ သစ်ပင်ရဲ့အသီးကိုပဲ ကိုယ်ပြန်စားရမယ်ဆိုတာ လောကနိယာမပါ

ကဲ
မင်းတို့ စိုက်ခဲ့ စိုက်ဆဲ စိုက်လတ္တံ့သော သစ်ပင်တွေက သီးခဲ့ သီးဆဲ သီးလတ္တံ့သော အသီးများကို မင်းတို့ဖာသာ မင်းတို့ စားကြပေရော့

ဒါပါပဲ

ကိုရင်လှ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: