ဒီနေ့ အာဏာရှင်တွေကို လူသတ်နေတယ် … မတရားသဖြင့်ဖမ်းဆီးထောင်ချနေကြတယ် …။ လူထုက ဘာသာရေး ၊ လူမျိုးရေးတွေနဲ့ ရန်လိုမုန်းတီးမှုကို ရေလောင်း ကြတယ်

“ ဟေ့ ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ xxx အယဉ်ကျေးဆုံး
တိုင်းပြည်တခုပါ xxx ”

ဒီ သီချင်းသံဟာ ဒီကနေ့ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့
ဆိုးယုတ်တဲ့ သမိုင်းအမည်းစက်တွေကို လှောင်ပြောင် သရော်
နေသလိုပါပဲ ။

ယဉ်ကျေးပါတယ်ဆိုတဲ့ ဗုဒ္ဓသာသနာ ထွန်းကားတယ် …
လောကနီတိတွေနဲ့ ပညာကျော်များရဲ့ ဆုံးမသွန်သင်
စကားတွေနဲ့ ရင်းနှီးခွင့်ရခဲ့ကြတယ် ။

ဒါပေမယ့် ဒီနေ့ အာဏာရှင်တွေကို လူသတ်နေတယ် …
မတရားသဖြင့်ဖမ်းဆီးထောင်ချနေကြတယ် …။
လူထုက ဘာသာရေး ၊ လူမျိုးရေးတွေနဲ့ ရန်လိုမုန်းတီးမှု
အမြစ်ကို ရေလောင်းပေါင်းသင် လုပ်နေကြတယ် ။

တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေကြတယ် ။
ရာဇ၀တ်မှုမျိုးစုံကို ဥပဒေမဲ့ ကျူးလွန် ဖောက်ဖျက်
နေကြတယ်။

၁၉၆၂ ဗိုလ်နေ၀င်း အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ဟာ
အဖက်ဖက်က ယဉ်ကျေးမှုတွေ အကျင့်စာရိတ္တတွေ ပညာတွေ
တွေးခေါ်စဉ်းစားနိုင်တဲ့ အသိတွေကို စနစ်တကျ ဖျက်ဆီးခြင်း
ခံလိုက်ရတာပါပဲ ။

အာဏာရှင် အဆက်ဆက် သူတို့ အာဏာတည်မြဲရေးအတွက်
ဘာသာ သာသနာကိုလည်း ချနင်းခဲ့ပါတယ် ။ ပညာရေးကို
ဖျက်ဆီးခဲ့ပါတယ်။ သံကန့်လန့်ကာ နောက်ကွယ်မှာ
လူထုရဲ့ မျက်စိတွေ၊ နားတွေ ၊ ပါးစပ်တွေကို ပိတ်ထားစေခဲ့ပါတယ် ။

လူထုဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ
ရာစုနှစ် တ၀က်မက ကြာခဲ့ပါပြီ ။ ဒီနေ့ခေတ် လူငယ်ဆိုတာ
အနည်းငယ်ပွင့်လင်းလာတဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေရဲ့
ကျေးဇူးကြောင့် အသိတချို့ကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လူ့သက်တမ်းတခုစာလောက်ဟာ မျက်စိပိတ် နားပိတ်
နေလာခဲ့ရတဲ့အပြင် ကိုယ်ကျင့်တရားပိုင်းကိုပါ အာဏာရှင်တွေ
အာဏာတည်မြဲစေဖို့ အသုံးချခြင်းအဖြစ် ဖျက်ဆီးခံလိုက်ရပါတယ်။

ဝန်ထမ်းတွေကို လူမွေးတယ်၊ လာဘ်စားခွင့် မသိမသာပေးတယ်။
ဒါ ဖျက်ဆီးတာပဲ။ နောက် နိုင်ငံဟာ အလွန်အမင်း ဆင်းရဲမွဲတေ
ခဲ့ရတဲ့အတွက် ကိုယ်ကျင့်တရားကို အသက်ရှင်သန်ရေးအတွက်
ချနင်းစေခဲ့ဖို့ ဖြစ်လာခဲ့ပါတယ် ။

ကမ္ဘာမှာ မြန်မာတွေရဲ့ စရိုက်တချို့ကို ဖော်ပြပေးချင်ပါတယ် ။
( အနေကြာသူတွေကတော့ ပြုပြင်ပြောင်းလဲပြီး ဖြစ်တယ်လို့
သိရပါတယ် )

“ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မထိတွေ့ ၊ မရင်းနှီးခဲ့ရတဲ့ အတွက် …
Etiquette ခေါ် လောက၀တ် နည်းခြင်း၊ ဥပဒေ မသိခြင်း၊
စည်းကမ်းကို လစ်ရင်လစ်သလို ချိုးဖောက်တတ်ခြင်း၊ ကတိ
မတည်ခြင်း၊ အချိန် မလေးစားခြင်း၊ အလုပ်တခုကို အီလေးဆွဲပြီး
အပျင်းထူခြင်း၊ တလွဲဆံပင်ကောင်းခြင်း၊ လေကြီးလေကျယ်ပြောခြင်း၊
ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သလို ဗမာ-ဗမာချင်းဆို ချချင်ကြတယ်
ဆိုတဲ့ အတိုင်း ဇာမဏီကျင့် ကျင့်ကြခြင်း၊ ကိုယ်သိကိုယ်တတ် ဆရာကြီးများ
လုပ်လိုခြင်း၊ ဘ၀င်မြင့်ခြင်း နဲ့ ၀ိုင်းဝန်းပူးပေါင်း လုပ်ဆောင်တတ်မှု
အားနည်းခြင်း၊ တဦးကျောကို တဦး ဓားနဲ့ထိုး တဲ့ အကျင့်ဆိုးများရှိခြင်း၊
ငွေကိုသာ မြင်ပြီး တဦးနဲ့ တဦး စောင်းမြောင်းတတ်ခြင်း၊ လေးစားမှု
မပေးနိုင်ခြင်း၊ အတင်းအဖျင်းတုတ်တတ်ခြင်း နဲ့ ကိုယ်အသာရဖို့
တဖက်လူကို နင်းတက်တတ်ခြင်း အစရှိတဲ့ အကျင့်စရိုက်များ ပဲ
ဖြစ်တယ် လို့ လေ့လာသုံးသပ်တဦးက ဆိုထားပါတယ် ။ ”

ဒီလို လူထု ( အများစု ) ရဲ့ Mindset တွေကို မပြုပြင်နိုင်ဘူး
ဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ ကျင့်စဉ်နဲ့ ဝေးနေဦးမှာ
အမှန်ပါပဲ ခင်ဗျား ။

ရွှေပြည်တော် မျှော်တိုင်းမဝေးချင်တော့ပါဘူး ဗျာ ။

ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: