ရိုးမသစ္စာ ပေါ်က မွတ်စလင်မ် ၁၀ ယောက် လို ကိုပါကြီး ခေါင်းကိုကြေအောင်ရိုက်ထားတာလေ

Master Pie

ကိုပါကြီး ခေါင်းကိုကြေအောင်ရိုက်ထားတာလေ

ရိုးမသစ္စာ ပေါ်က မွတ်စလင်မ် ၁၀ ယောက်ကို

တောင်ကုတ် ဌာနဆိုင်ရာ ရုံးပေါင်းစုံရှေ့ ဒေါသထွက်နေ

သော လူအုပ်ကြီးက ရိုက် ထားသလိုမျိုး ရက်ရက်စက်စက်

ကို လုပ်လိုက်ကြတာတဲ့။ ။

ကိုပါကြီး အမှုဟာ …

ဂုဏ်သိက္ခာအတွက် တိုက်ပွဲလည်း ဖြစ်တယ် …။

( ကိုပါကြီးဟာ သတင်းထောက် တယောက်သာ ဖြစ်တယ် …

လက်နက်ကိုင် မဟုတ်ကြောင်းနဲ့ သေနတ်လုပြေးတယ် ဆိုတာလည်း

မဟုတ်ကြောင်း သက်သေပြခွင့်ရမှသာလျှင် ကိုပါကြီး အတွက်

ဂုဏ်သိက္ခာကို အများပြည်သူရှေ့မှောက် အတိအလင်း ဖော်ပြ

နိုင်မှာဖြစ်တယ် ။ )

လူ့အခွင့်အရေးအတွက် တိုက်ပွဲလည်း ဖြစ်တယ် …။

( သုံ့ပန်းကိုတောင် မလုပ်အပ်တဲ့ လူသတ် အလောင်းဖျောက်

လုပ်ရပ်အတွက် ကျန်ရစ်သူ မိသားစုက တရားမျှတမှုကို

ပြန်လည် ဖော်ထုတ် ပြသမယ့် ပွဲ ဖြစ်တယ် )

အကြမ်းဖက်သမားများရဲ့ လုပ်ရပ်ကို ကမ္ဘာသိအောင်

ဖော်ထုတ်မယ့် တိုက်ပွဲလည်း ဖြစ်တယ် …။

( လူမဆန် ရက်စက်တဲ့ စစ်အာဏာရှင်တွေ အကြောင်းကို

ဖော်ထုတ်ပြသမယ့် ပွဲ ဖြစ်တယ် )

နောက်ဆုံး တရားမျှတမှုရဲ့ တိုက်ပွဲ ဖြစ်တယ် ။

( ဒီအမှုကို ပြန်လည် စစ်ဆေး သုံးသပ်ပြီး တရားခံကို

ဖော်ထုတ် အရေးယူနိုင်ရမယ် )

ဒါဟာ ကိုပါကြီးအတွက် နောက်ဆုံးလုပ်ပေးနိုင်တဲ့

လုပ်ရပ်တခုပဲ ဖြစ်တယ် ။

ကောင်းရာသုဂတိလားပါစေ ကိုပါကြီး ။

ဗြန် ။

CONFLICTING NEWS HERE >>>

Breaking News

ကိုပါကြီး ဦးခေါင်းခွံတွင် ကျည်ဒဏ်ရာတွေ့
ဧရာဝတီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားသော သတင်းထောက်ကိုပါကြီး၏ အလောင်းကို ယနေ့နေ့လည် ပြန်လည်တူးဖော်ရာ မျက်မြင်သက်သေများက ကိုပါကြီး၏ ဦးခေါင်းခွံမှာ ကွဲထွက်နေပြီး ကျည်ဆံဖြင့် ပစ်ခံထားရသည်ဟု ယူဆရသည့် အပေါက်ကို တွေ့ရသည်ဟု ဧရာဝတီကို ပြောဆိုသည်။ စစ်တပ်က ကိုပါကြီးသည် ဖမ်းဆီးစစ်ဆေးနေစဉ် လက်နက်လုပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်သတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ကိုပါကြီးအလောင်း ပြန်လည်တူးဖော်မှု သတင်းအပြည့်အစုံကို မကြာမီ ဖော်ပြပါမည်။

အလောင်းပြန်လည်တူးဖော်စဉ်လိုက်ပါသွားသူတွေထဲက မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်၊
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မီးမီးနဲ့ အမျိုးသမီးများ ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှတို့ရဲ့ မျက်မြင်တွေ့ရှိချက်တွေ ဖြစ်ပါတယ်။

ဒေါ်မီးမီး

“အလောင်းဟာ နက်နက်ရှိုင်းရှိုင်းမြှုပ်ထားတာ မဟုတ်ဘူး။ မြေပြင်နဲ့ လက်တထွာလောက်ပဲ ကွာမယ်။
အပေါ်ယံလေး မြှုပ်ထားတယ်။ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးကြောင်းဆိုတာလည်း မဟုတ်ပါဘူး။ အလောင်းကို တွေ့ရတဲ့နေရာမှာ ပက်လက်အနေအထား၊ ညာဘက်လက်က ဘယ်ဘက်ရင်ဘတ်ပေါ်မှာ တင်လျက်အနေအထား၊ ဘယ်ဘက်လက်က ဆန့်လျက်။
ဦးခေါင်းတခုလုံး ချိုင့်ပြီးတော့ အပေါ်ကနေ တခုခုနဲ့ ထုထားသလို ကြေပြီးတော့ ဆံပင်တွေနဲ့ ဟိုးအတွင်းထဲ သွားကပ်နေတယ်။
အလောင်းကတော့ ၁ လကျော်ပြီဆိုတော့ ပုံပျက်နေပြီ။ အတွင်းကလီစာတွေ ပေါက်ထွက်တာမျိုးတော့ ကျမတို့ မတွေ့ရဘူး။
မေးရိုးတွေ ပြုတ်ထွက်နေတယ်။ ညာဘက်နံရိုးချိုင့်နေတယ်။
ပေါင်ခြံတွေနဲ့ ခြေသလုံးမှာလည်း တုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေက ချိုင့်ဝင်နေတယ်။
သူတို့ထုတ်ပြန်သလို သေနတ်လုပြီး ပစ်သတ်တယ်ဆိုတဲ့အပိုင်းမှာ အနောက်ကပစ်ရင်လည်း ရှေ့ကပွင့်ရမယ်၊
ရှေ့ကပစ်ရင်လည်း နောက်က ပွင့်ရမယ်။
အဲလိုမျိုး သေနတ်ဒဏ်ရာ လုံးဝ မတွေ့ရဘူုး။ သွေးစသွေးနလည်း မတွေ့ခဲ့ရဘူး။”

နော်အုန်းလ

ှ“အလောင်းကို အမြင်အတိုင်း ပြောရရင်တော့ အလောင်မှာကတော့ အ၀တ်အစားပေါ့ သူ့ရဲ့ ပုဆိုးလေးနဲ့ အင်္ကျီလေးပဲ ပါတယ်ပေါ့နော်။
ပုဆိုးကလည်း ရင်ဘတ်ပေါ်မှာပဲရှိတယ်၊ ဘာမှမရှိဘူး။
ကောင်းမွန်စွာ သင်္ဂြိုဟ်တယ်ပြောထားပြီးတော့ အလောင်းမှာ ဘာ ဖျာတချပ်မှ မပါဘူး။
ပြီးတဲ့အခါ ခေါင်း ဦးခွံတွေကလည်း ခေါင်းမှာ ဆံပင်လေးတော့ရှိတယ်။
ကြည့်ရတာ ခေါင်းဦးခွံတွေက ကြေမွတဲ့သဘောတော့ရှိတယ်။
ဒါပေမယ့်ရှေ့မှာတော့ အပေါက်တော့ သုံးပေါက်တွေ့တယ်ပြောတယ်။
အန်တီတော့ သွားကပ်ကြည့်တာမဟုတ်ဘူး။ ပြီးတော့ ခြေထောက်တွေ ညို့သကျည်းနဲ့ ခြေသလုံးမှာပေါ့လေ အညိုရောင်ကိုလည်း တွေ့တယ်။
ပြီးတော့ကျတော့ ပေါင်းမှာလည်း အညိုမည်းကြီးကိုတွေ့တယ်။
နံရိုးဘက်ကလည်း တော်တော်လေးကို ပေါ့လေ တခြမ်းနိမ့်သွားတယ်၊ ပိန်သွားတယ်လိုမျိုး အဲလို တွေ့ရတယ်။
နောက်ပြီး ဗိုက်ကြီးလည်းရောင်တယ်။ ဘယ်လိုလည်းတော့မသိဘူးနော်။
ပုံမှန်မဟုတ်ဘူး သေတာကလေ။
ခေါင်းဆိုရင်လည်း စစလာခြင်း ခေါင်းက သေးသေးလေးနဲ့။
ကိုပါကြီးက မသေးပါဘူး “တကယ်တမ်းကျရင်လေ။ ခေါင်းက တော်တော်လေးကို ကြေမွတဲ့သဘောပေါ့နော်။ မေးရိုးတွေလည်း ကျိုးတယ်လို့သိရတယ်။ သွားတွေလည်းကျိုးတယ်ပြောတယ်။ ပြီးတော့ နဖူးလောက်မှာပေါ့နော် အပေါက်သုံးပေါက်တွေ့တယ်ပြောတယ်။
ဒါကတော့ ဆေးစစ်ချက်ယူရမှာပေါ့နော်။
အလောင်းကတော့ ပြန်သယ်လာပြီ၊ ဆေးစစ်ဦးမှာပေါ့လေ။ အန်တီစိတ်မကောင်းတယ်ဆိုတာက ဘာပဲပြောပြော ထုတ်ပြန်ချက် (အစိုးရဘက်က) အရ ဘာမှ မမှန်ကန်တာ တချက်ရယ်။
ကောင်းမွန်စွာ သင်္ဂြိုဟ်ပါတယ်ဆိုပြီး အပေါ်မှာ အခု ဖျာတချပ်တောင် မပတ်ထားပါဘူး။ ပြီးကျတော့ အန်တီတို့နိုင်ငံသားတယောက်ကို ဒီလိုရက်စက်စွာလုပ်တာ အန်တီ ဒီတခါပဲတွေ့ဖူးတယ်။
အန်တီမမြင်ဖူးဘူးပေါ့နော် ဒီလိုမျိုး မမြင်ဖူးဘူး၊ တော်တော်တော့ စိတ်မကောင်းဘူး။”

ဦးနေမျိုးဇင်

်“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။
မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။
အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။
နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။
သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”

DVB Burmese

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: