ကိုပါကြီးကို ရန်ကုန်ကို ဇွတ်အတင်း သယ်ယူမယ် ဆိုရင် … “ ရခိုင် အရေးလို ဖြစ်သွားချင်သလား ” သူတို့ ပြောစကားအရ စစ်လိုက်ရင် … “ ရခိုင် အရေး ” ရဲ့ လက်သည်တရားခံများကို ချက်ချင်း သိနိုင်ပြီ

အခု … ကိုပါကြီးကို ရန်ကုန်ကို ဇွတ်အတင်း သယ်ယူမယ်

ဆိုရင် … “ ရခိုင် အရေးလို ဖြစ်သွားချင်သလား ” လို့

ဘွဲ့မသိ ကိုယ်တော် ၈ ပါးက ခြိမ်းခြောက်ခဲ့ပါတယ် …။

ဒီတော့ ပြောချင်တာက … ရခိုင် အရေး ဖြစ်ပွားမှု ဟာ …

ဘယ်သူ လုပ်ဆောင်ခဲ့သလဲ ဆိုတာ ပေါ်လွင်ထင်ရှားတဲ့

ဝန်ခံစကားတခု ဖြစ်လာပါတယ် ။

တမင် ကြိုတင် ကြံစည်ပြီး လုပ်ခဲ့တယ် လို့ ၀န်ခံလိုက်တဲ့

သဘောလည်း သက်ရောက်သွားစေပါတယ် … ။

နောက် … အခု သူတို့က ဒေါ်နော်အုန်းလှကို တောင်

တရား ပြန်ဆွဲထားပါတယ် … ဒီတော့ … သူတို့တွေ

တရား ရင်ဆိုင်ကြရဦးမှာပါ … သူတို့ကိုသာ …

သူတို့ ပြောစကားအရ စစ်လိုက်ရင် …

“ ရခိုင် အရေး ” ရဲ့ လက်သည်တရားခံများကို

ချက်ချင်း သိနိုင်ပြီ ဖြစ်ပါကြောင်း ….။

ဗြန် ။

Mya Thandar ဆီက အတွေးကို ဆင့်ပွားပါတယ် ။

Ma Thandar
5 hrs ·

ကျမ ခင်ပွန်းသည်ကို ရနိကုန်မှာသင်္ဂြိုလ်ဘို့ အတားအဆီးအခက်အခဲတွေအများကြီးဖြစ်နေပြီ ကိုပါကြီးရဲ့အလောင်းကို ရန်ကုန်မှာဂူသွင်းရတာ သားသမီးတွေအတွက်ပါ ကိုပါကြီးနှင့်ကျမတို့မိသားစု အားလုံးထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေပါ သူရက်ရက်စက်စက်အသတ်ခံရမှုအတွက် စိတ်အစွဲဖြစ်သွားမှာစိုးလို့ အလှုလည်းပြုချင်နေပါတယ် ဒါကြောင့်ဘယ်လိုမှ ရခိုင်လိုဖြစ်သွားချင်လားဆိုတဲ့ ညကခြိမ်းခြောက်မှု မဖြစ်နိုင်ပါ ကိုပါကြီး အမှုတရားမျှတမပေါ်ပေါက်လာရင် ကိုပါကြီးလိုလူမသ်ပဲအသတ်ခံရတဲ့ မြန်မာနိင်ငံအတွင်းက လူမျိုးစုများ ဘာသာဝင်အသီးသီး ရဲ့အမှန်တရားပါ ပေါ်ပေါက်လာနိုင်ပါတယ် နောက်ကိုပါကြီးလိုထပ်မဖြစ်အောင်လည်းကာကွယ်နိုင်မှာပါ ကျမကိုဝိုင်းပြီးကူညီကြပါဦး

ဘုန်းကြီးတုတွေနှင့်ကတဲ့အစိုးရ

ကိုပါကြီးအလောင်သယ်ယူမှုကို ခွင့်မပြုဘူးပြောတဲ့ ဘုန်းကြီးတုရှစ်ပါးဟာ သာသနာကိုဖျက်စီးသလို မွန်အမျိုးသားတွေကိုခုတုံးလုပ် မြန်မာနိုင်ငံအရေးနှောက်ယှက်တဲ့ သာသနာဖျက်တွေဖြစ်တယ်။

credit:မင်း စစ် နိုင်

ကိုပါကြီး ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိတယ်လို့ မှုခင်းစစ်ဆရာဝန် စစ်ချက် ထွက်လာပါတယ်။ “ကျည်ပေါက်ရာ ၅ခု တွေ့တယ်လို့ ပြောတယ်၊ တခုက မေးစေ့ကနေပြီးတော့ အနီးကပ် ပစ်တဲ့ ဒဏ်ရာတချက်၊ နောက်တခါက ရင်ဘတ်မှာ ၂ချက်၊ ပေါင်မှာ တချက်၊ ခြေထောက်မှာတချက်လို့ ပြောတယ်၊ ကျမတို့ မနက် ၉ နာရီခွဲလောက်တုန်းက သွားကြည့်တုန်းက ကျောကုန်းမှာ အပေါက်မရှိဘူး” လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။

အခုချိန်မှာ မှုခင်းစစ် ဆရာဝန်ရဲ့အဖြေအပေါ် ဘာမှ မှတ်ချက်မပေးချင်ပေမယ့် ဓာတ်ပုံ၊ အသံ၊ ဗီဒီိယိုအချက်အလက်တွေကို စုဆောင်ထားပြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသသွားမယ်လို့ မသန္တာက DVB ကို ပြောကြားပါတယ်။

– အလောင်းသယ်ဖို့ မွန်ဓလေ့အရတားမြစ်တာ ဝေေ၀၀ါးဝါးဖြစ်အောင် လုပ်တယ်လို့ မွန်ပါတီယူဆ

ဦးပါကြီး အလောင်းကို မော်လမြိုင်ကနေ ရန်ကုန်ကို သယ်ယူခွင့်မပြုဘူးလို့  မနေ့ ညက မော်လမြိုင်ဆေးရုံကြီးကို သံဃာ ၈ ပါးက က လာရောက်ပြောဆိုခဲ့တာ ရှိပေမယ့် မိသားစုတွေကတော့ ရန်ကုန်ကို သယ်သွားခွင့်ရပြီး ကောင်းမွန်စွာသငင်္ဂြီုလ်ခွင့်ရဖို့အတွက် မျှော်လင့်နေတယ်လို့  ဇနီးဖြစ်သူကပြောပါတယ်။

မွန်ဓလေ့အရ တားမြစ်တယ်လို့ ပြောဆိုတဲ့အပေါ် မွန်အမျိုးသားပါတီ က ဗဟိုကော်မတီဝင် နိုင်စံလိုင်ကတော့ ညကဆေးရုံမှာ သွားပြောတဲ့ သံဃာတော်တွေက မွန်သံဃာတော်တွေ တပါးမှ မပါသလို ဘယ်ကျောင်း၊ ဘယ်ဘွဲ့ ဆိုတာမပြောဘဲ အချင်းချင်းကြားမှာ ဝေေ၀၀ါးဝါးဖြစ်အောင် လုပ်တယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

**Breaking News ***

ကို ပါကြီးရဲ့အလောင်းကို မသန္တာ စိတ်တှိုင်းကျ ရှေ့ဆက်လုပ်ခွင့်ရှိစေရမည်၊ ဟန့်ထားသူတိုင်းကိုပြည်သူအားနင့်ဖြိုခွင်းကြ ၊
ဥိးသန့် အလောင်းအရေးကိုသတိထားကြပါ၊

2 Responses to “ကိုပါကြီးကို ရန်ကုန်ကို ဇွတ်အတင်း သယ်ယူမယ် ဆိုရင် … “ ရခိုင် အရေးလို ဖြစ်သွားချင်သလား ” သူတို့ ပြောစကားအရ စစ်လိုက်ရင် … “ ရခိုင် အရေး ” ရဲ့ လက်သည်တရားခံများကို ချက်ချင်း သိနိုင်ပြီ”

  1. drkokogyi Says:

    Zaw Min
    8 mins · Edited ·

    ဘုန်းကြီးတွေ မပါတဲ့နေရာ ဘယ်နေရာရှိသေးလဲ …ပြော

    ထေရ်ဝါဒ ဗုဒ္ဓဘာသာမှာ ရိုးရာဓလေ့ကို လက်ခံသင့်မှ လက်ခံဖို့ ဗုဒ္ဓဟောထားတာ ကာလာမ သုတ်ဖတ်ဖူးသူတိုင်း သိတယ်..
    အခု ဘုန်းကြီးတွေက ဒါမျို ဗြဗ္မဏ အယူတွေ ယုံကြည်နေရင်တော့ ဗုဒ္ဓကို စော်ကားနေသလိုပါပဲ။ ဒီလိုတွေ ယုံကြည်နေတာတွေကို တကယ့် ဆရာတော်ကြီးတွေ သည်းခံမနေသင့်ပါဘူး… ဝိနည်းနဲ့ မညီညွှတ်တဲ့ ဘုန်းကြီးတွေကို ဆန်းစစ်ဖို့လိုပါပြီ… ကိုယ့်ဘာသာ အကြောင်းပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ ပက်လက်လှန် တံတွေးထွေး ဖြစ်မှာမို့ မပြောလိုပါဘူး…ဘာသာအတွက်အရေးထားလိုက်ပုံများ တချို့ဘုန်းကြီးတွေ သင်းပိုင် ခါးတောင်းကျိုက်၊ ဧကသီ ကိုယ်မှာပတ်ပြီး လူကြားသူကြားမရှောင် ကွမ်းတပျစ်ပျစ်ထွေး၊ ဆေးပေါ့လိပ်လေး ခဲနေတတ်တဲ့ ကိုယ်တော်တွေ တွေ့ရတာ သာသနာအတွက် တကယ်ရင်လေးမိပါတယ်…
    တကယ့်သာသနာဖျက်က အခြားအပြင်က မဟုတ်ပါဘူး…
    ကိုယ်ကိုယ်တိုင်ဖြစ်နေမလားလို့ စဉ်းစားသင့်ပါတယ်…
    အဲ လိုမ ဟုတ်ဘဲ ဗုဒ္ဓသားတော်အမည်ခံ ဗုဒ္ဓတရား မလိုက်နာ မကျင်းသုံးရင်
    သာသနာဖျက် လို့သတ်မှတ်ပါမယ်… ပြောလိုက်ပါအုံးမယ်…
    အခု ကန့်ကွက်နေတဲ့ ၈ ပါးဟာ သာသနာဖျက် ပုဂ္ဂိုလ်တွေပါပဲ…

    Kyaw Naing Lin

  2. drkokogyi Says:

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားသော သတင်းထောက်ကိုပါကြီး၏ အလောင်းကို စစ်ဆေးရာမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိရတယ်လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာက မှုခင်းဆရာဝန်ရဲ့ ပြောဆိုချက်ကို မီဒီယာများသို့ ပြန်လည်ပြောဆိုသည်။

    “ကျည်ပေါက်ရာ ၅ ခု တွေ့တယ်လို့ ပြောတယ်၊ တခုက မေးစေ့ကနေပြီး ခေါင်းကိုပေါက်ထွက်သွားတဲ့ ဒဏ်ရာ တချက်၊ ကျောကနေ ရင်ဘတ်ကို ပေါက်ထွက်သွားတဲ့ ဒဏ်ရာ ၂ချက်၊ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာ နှစ်ချက် တွေ့ရတယ်လို့ မူခင်းဆရာဝန်က ပြောတယ်” ဟု ဒေါ်သန္တာက ပြောသည်။

    ကိုပါကြီး သေဆုံးမှု မှုခင်းဆေးစစ်ချက် ရှာဖွေအပြီး ဇနီး ဒေါ်သန္တာကို ခေါ်ယူတွေ့ဆုံခဲ့သော်လည်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်မည်၊ မထုတ်ပြန်ဆိုသည်ကို မသိရသေးပေ။

    ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်သန္တာက ကျိုက်မရောမြို့နယ်ရဲစခန်းတွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက သွားရောက် အမှုခွင့်ခဲ့သော်လည်း ရဲစခန်းက အမှုမဖွင့်ပေးခဲ့ဘဲ ငြင်းဆန်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းမှသာ ရဲစခန်းက ကိုပါကြီးသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ခွင့် ပေးခဲ့သည်။

    ဇနီး ဒေါ်သန္တာနှင့်အတူ တပ်မ ၂၂ မှ အရာရှိများ၊ စစ်သည်များ၊ ကျိုက်မရော ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မော်လမြိုင် ဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ ရန်ကုန်နာရေး ကူညီမှု အသင်းမှ လိုက်ပါ ကူညီသူများ၊ ရှေ့နေများ၊ မွန်အမျိုးသား ပါတီဝင်များနှင့် သတင်းမီဒီယာများ ရှေ့တွင် ကိုပါကြီး အလောင်းကို နိုဝင်ဘာ ၅ ရက် ပြန်လည်ဖော်ယူခဲ့သည်။

    ကိုပါကြီးရဲ့ ရုပ်အလောင်းကို ရန်ကုန်၌ ပြန်လည်သဂြိုလ်ဖို့ သယ်ဆောင်ရန် သက်ဆိုင်ရာ အစိုးရက ခွင့်ပြုသော်လည်း မော်လမြိုင်မြို့ရှိ ဘုန်းကြီး ၈ ပါးက မော်လမြိုင် ဆေးရုံသို့ လာရောက်ပြီး သေဆုံးသူ အလောင်းကို ရန်ကုန်မြို့ကို ပြန်လည် သယ်ဆောင်မှုက ရိုးရာဓလေ့ဖြင့် မကိုက်ညီဟုဆိုကာ ပြောဆိုတားမြစ်ခဲ့သည်။

    ထို့ကြောင့် လုံခြုံရေး စိုးရိမ်ပြီး အစိုးရ၏ အစီအမံဖြင့် ကိုပါကြီးအလောင်းကို ရန်ကုန်ပြန်သယ်ရန် ဒေါ်သန္တာက တောင်းဆိုထားသည်။

    ကိုပါကြီး ရုပ်အလောင်းအား ရုပ်အလောင်းအား ရန်ကုန်တွင် ပြန်လည်သဂြိုလ်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းလျက်ရှိပြီး ယနေ့ညနေပိုင်းတွင် ရေဝေးသုသာန်၌ သဂြိုလ်ရန် သချိုင်းလက်မှတ် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

    ကိုပါကြီးသည် မွန်ပြည်နယ် ကျိုက်မရောမြို့၌ သတင်းယူရန် ရောက်ရှိနေစဉ် မြန်မာ စစ်တပ်၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ၌ သေဆုံးသွားကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်စွဲ တပ်ထားသော သတင်း ထုတ်ပြန်ကြေညာချက် တစောင်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ မှဖြန့် ချီခဲ့သည် …

    cd to ဧရာဝတီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: