ြ​မန်မာ​စ⁠စ်ေ​ခါ​င်းေ​ဆာ​င် ၃ေ​ယာ​က် စစ်ရာ​ဇ​ဝတ်မှုကျူး​လွန်တယ်လို့ြေ​ပာြ​ပီ

ြ​မန်မာ​စ⁠စ်ေ​ခါ​င်းေ​ဆာ​င် ၃ေ​ယာ​က် စစ်ရာ​ဇ​ဝတ်မှုကျူး​လွန်တယ်လို့ြေ​ပာြ​ပီ

ဟားဗတ်တက္ကသိုလ်က နိုင်ငံတကာ လူ့အခွင့်အရေးဌာန သုတေသီတွေကြား ၄နှစ်ကြာ
အချိန်ယူလေ့လာခဲ့ပြီးနောက် မြန်မာအစိုးရ လက်ရှိ ပြည်ထဲရေးဝန်ကြီးအပါအဝင်
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဟာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို
ကျူးလွန်ခဲ့တယ်လို့ နိုဝင်ဘာ ၇ရက်နေ့က စွပ်စွဲလိုက်ပါတယ်။ မြန်မာစစ်တပ်က
အရပ်သားနဲ့ တိုင်းရင်းသားလူမျိုးစုအပေါ် ဘယ်လို ရာဇဝတ်မှုတွေ
ကျူးလွန်ခဲ့ကြသလဲ။

၂ဝဝ၅ကနေ ၂ဝဝ၈ခုနှစ်အတွင်း မြန်မာစစ်တပ်က တောင်ပေါ်နယ်စပ်ဒေသတွေမှာ
နေအိမ်တွေ၊ ကောက်ပဲသီးနှံနဲ့စားနပ်ရိက္ခာတွေကို ဖျက်ဆီးခဲ့သလိုရွာသားတွေကို ပေါ်တာဆွဲခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးအတွက်မျက်မြင်သက်သေ ၁၅ဝနဲ့ တွေ့ဆုံမေးမြန်းပြီးမှ အစီရင်ခံစာ
ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
မြန်မာပြည်က လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများလို့ ခေါင်းစဉ်ပေးထားတဲ့ ဒီအစီရင်ခံစာကိုဆူးလေးရှန်ဂရီလာဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ကရင်ပြည်နယ် သံတောင်မှာ
မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျုးလွန်ချိန် တာဝန်အရှိဆုံးကတာဝန်ထမ်းဆောင်ဆဲ အရာရှိ ၃ယောက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အရာရှိ ၃ယောက်က လက်ရှိပြည်ထဲရေးဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့ အထူးစစ်ဆင်ရေးဌာနက ဗိုလ်မှူးချုပ်
ခင်ဇော်ဦးနဲ့ ဗိုလ်မှူးချုပ် မောင်မောင်အေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအရာရှိ ၃ယောက်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီးနောက်ပိုင်း
ရာထူးတိုးမြင့်သွားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ဒီစစ်ရာဇဝတ်မှုတွေဟာ ရှမ်းမြောက်နဲ့
ကချင်ပြည်နယ်က တိုက်ပွဲတွေမှာလည်းအလားတူပုံစံမျိုး ကျင့်သုံးနေဆဲဖြစ်ပြီး
အခု အရာရှိ ၃ယောက်ကို နိုင်ငံတကာ စစ်ခုံရုံးပေါ် တင်နိုင်မယ့်
သက်သေအထောက်အထားတွေ အခိုင်အမာရှိထားတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့
ကျုးလွန်တဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေအတွက် လက်ရှိအချိန်ဟာ ခက်ခက်ခဲခဲ
အနေအထားမှာရှိနေမယ်ဆိုတာ နားလည်တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကိုဒုတိယအကြိမ် လာရောက်မယ့်
ခရီးစဉ်မတိုင်မီ ဟားဗတ်တက္ကသိုလ်ရဲ့ အစီရင်ခံစာနည်းတူလူ့အခွင့်အရေးအဖွဲ့တစ်ခုကလည်း မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေလအနည်းငယ်အတွင်း သိန်းနဲ့ချီပြီး လှေနဲ့ ထွက်ပြေးဖို့ လမ်းကြောင်းကိုကိုယ်တိုင်စီစဉ်ပေးပြီး လူကုန်ကူးမှုကို စနစ်တကျကျူးလွန်နေတယ်ဆိုတဲ့အစီရင်ခံစာလည်း ထွက်ပေါ်လာပါတယ်။

**************

မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်ကျူးလွန်မှု အစီအရင်ခံစာ ထွက်ပေါ်လာ
=============================
နိုဝင်ဘာ ၇ ၊ ၂၀၁၄
M-Media
သောကြာနေ့ကထုတ်ပြန်ခဲ့သည့် ဟားဗတ်သုတေသီများ၏ အစီရင်ခံစာအရ မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိကြီးများကို လူနည်းစုဝင် လူမျိုးတစ်မျိုးအပေါ် လူမဆန်စွာဆက်ဆံ ကျူးလွန်မှုများနှင့် စစ်ရာဇ၀တ်များ အတွက် စွဲချက်တင်ရန် လုံလောက်သော အထောက်အထား ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ဟားဗတ် ဥပဒေကျောင်းရှိ နိုင်ငံတကာ လူ့အခွင့်အရေးဌာနမှ ထုတ်ဝေသည့် ယင်းအစီရင်ခံစာသည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်ပြည်နယ်အတွင်း စစ်ပွဲများတွင် ကရင်လူမျိုးတို့အား စစ်တပ်မှ အတိုင်းထက်အလွန် စော်ကား ကျူးလွန်ခဲ့ရာ ထိုင်းနယ်စပ်အနီးရှိ ကျေးရွာများ၌ သုံးနှစ်တာ လေ့လာချက်များ အပေါ် အခြေခံထားသည်။ စစ်ရေးဖြင့်အရေးယူစဉ် ကာလအတွင်း အရပ်သားများကို စံနစ်တကျပြင်ဆင်၍ ကျယ်ကျယ်ပြန့်ပြန့် ဦးတည် တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာရေးသားသူများကဆိုသည်။

“လက်ရှိမှာ ပြန်လည်ပြုပြောင်းလဲရေးတွေလုပ်နေလင့်ကစား မြန်မာနိုင်ငံက အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေရဲ့ ဆိုးမွေအကြောင်းကို လူထုအကြား ဆွေးနွေးမှု အတော်အတန် နည်းပါးနေပါသေးတယ်။ တိုင်းပြည် အနာဂတ်အရေး အပြန်အလှန်ပြောဆိုနေချိန်မှာ ဒီလို ကိစ္စမျိုးတွေကို ဘေးချထားလို့ မရနိုင်ပါဘူး” ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

ကရင်လူမျိုးတို့အပေါ် အနိုင်ကျင့်နှိပ်စက်ခဲ့ကြသော လက်ရှိတာဝန် ထမ်းဆောင်နေဆဲ စစ်အရာရှိကြီး သုံးဦးကို အဓိကထား ဖွင့်ချထားကြောင်း အစီရင်ခံစာအတွင်း တွေ့ရသည်။ ထိုသူတို့မှာ လက်ရှိ ပြည်ထဲရေး ၀န်ကြီးဖြစ်သော ဗိုလ်ချုပ်ကြီး ကိုကို၊ လက်ရှိ မြန်မာ့ တပ်မတော် အထူး စစ်ဆင်ရေး အဖွဲ့မှူး ဗိုလ်မှူးချုပ် ခင်ဇော်ဦး၊ ဗိုလ်မှူးချုပ် မောင်မောင်အေးတို့ဖြစ်ကြသည်။

အစီရင်ခံစာရေးသူ တစ်ဦးဖြစ်သည့် Matthew Bugher က “ဖမ်းဆီးဝရမ်း ထုတ်နိုင်ရေး အတွက် စံချိန်မီအထောက်အထား တင်ပြနိုင်တာကြောင့် ကျေနပ်ကြ လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ” ဟု ဆိုကာ ထိုတွေ့ရှိချက်များကို ဗုဒ္ဓဟူးနေ့က မြန်မာ့ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်ထံ တင်ပြခဲ့သည်။

“ခင်ဗျားတို့ ရတဲ့အချက်က မှားယွင်းနေတယ်။ ပြီးတော့ အကုန်လုံးက တစ်ဖက်သတ် သတင်းအရင်းအမြစ်တွေချည်းပဲ လို့ ဗိုလ်ချုပ် ကျော်ညွန့် က မဆိုင်းမတွ ဆိုပါတယ်။ စစ်မက်ရဲ့ အကျဉ်းအကြပ်၊ အရပ်သားနဲ့ စစ်တပ်ရဲ့ပစ်မှတ်တွေ အကြား ကွဲပြားအောင်ခွဲခြားဖို့ မလွယ်ကူမှုတွေလည်း ပြောဆိုပါတယ်” ဟူ၍ မစ္စတာ Bugher သည် နေပြည်တော်မှ ၎င်းထံ တယ်လီဖုန်းဆက်ပြော ဆိုမှုကို ပြန်လည်ပြောကြားသည်။

အစီရင်ခံစာအတွက် စစ်သားများ၏ အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံရသူတစ်ဦးအပါအ၀င် လူပေါင်း ၁၅၀ အား တွေ့ဆုံမေးမြန်းရာ ၎င်းတို့အနက် ၇ ဦးသည် တပ်မတော်သားဟောင်းများဖြစ်ကြသည်ဟု Mr. Bugher မှဆိုသည်။

ဦးသိန်းစိန်၏ သမ္မတရုံး ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးဇော်ဋ္ဌေးအား စစ်ရာဇ၀တ်မှုစွဲချက် အစီရင်ခံစာနှင့်ပတ်သက်၍ မေးမြန်းရာ သူက “အချည်းနှီးစွပ်စွဲမှု ကစားပွဲထဲ ကျွန်တော်တို့ ပါဝင်မှာမဟုတ်ပါဘူး။ ပြည်တွင်း စစ်အတွင်း တပ်မတော်ရော လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကောင်းရှိကြပါလိမ့်မယ်။ အမေရိကန်နိုင်သည်ပင်လျှင် စစ်ပွဲမှာ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခဲ့သေးတာပဲ” ဟု ပြောကြားသည်။

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ မြန်မာနိုင်ငံ၏ အကူးအပြောင်း ကာလ၌ အောက်ခြေမှစ အသွင်ပြောင်းလိုက်ခြင်းကို ထင်ရှားစွာတွေ့ရ၏။ အပြောင်းအလဲကို ဦးဆောင်နေသူများမှာ တိုင်းပြည်ကို ဆယ်စုနှစ်များစွာ နှုတ်ပိတ်၍ ဆင်းရဲနုံချာစေခဲ့သောသူများပင် ဖြစ်နေပါသည်။

စစ်တပ်သည် ကရင်တို့အား ထိုးစစ်ဆင်ချိန်တွင် ကျေးရွာများကို စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ထွက်ပြေးသူရွာသားများကို သတ်ပစ်ကြောင်း၊ အိမ်မြေလယ်ယာ စားနပ်ရိက္ခာတို့ကို ဖျက်ဆီးကြောင်း၊ အရပ်သားနယ်မြေ အတွင်း မြေမြုပ်မိုင်းများထောင်ခဲ့ကြောင်း ဟားဗတ်အစီရင်ခံစာမှ စွပ်စွဲထားသည်။

ပဋိပက္ခအတွင်း နှစ်ဖက်စလုံး၌ ရုန့်ရင်းကြမ်းတမ်းမှုများ ဖြစ်ပွား ခဲ့ကြောင်း ရေးသားသူများမှ လက်ခံသော်လည်း အစီရင်ခံစာတွင်မူ မြန်မာ စစ်တပ်အပေါ်သာ ဦးတည်ဖော်ပြထားသည်။

အစီရင်ခံစာအတွင်း ရှာဖွေတွေ့ရှိမှုများအဖြစ်ဖော်ပြထားသော အချက်အလက် အများအပြားမှာ အသစ်အဆန်း မဟုတ်ချေ။ မြန်မာစစ်တပ်သည် တိုင်းရင်းသားလူနည်းစုဝင်များ အထူးသဖြင့် ဗဟိုအစိုးရကို လက်နက်စွဲကိုင် တိုက်ပွဲဝင်သူများအပေါ် အကြမ်းဖက်ရက်စက်ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများမှ နှစ်ပေါင်းများစွာကပင် စွပ်စွဲရှုတ်ချထားခဲ့ပြီးဖြစ်သည်။

၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး များမကြာမီမှာပင် ထိုင်းနယ်စပ်အနီးတွင် အခြေစိုက်နေထိုင်ကြသော ကရင်လူနည်းစုဝင်တို့နင့် ဗဟိုအစိုးရအကြား တိုက်ပွဲများ စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၌ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုသည့်တိုင် ပြီးခဲ့သည့်လအပါအ၀င် ကာလအလိုက် ကွက်ကြားမိုး တိုက်ပွဲဖြစ်မှု ပိုမို မြင့်မားလာသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးကို တရားဝင် စွန့်လွှတ်သည်ဟု ဆိုသော်လည်း ၎င်း၏စစ်တပ်မှာ အလွန်အမင်း သြဇာ အင်အားကြီးမားဆဲ ဖြစ်နေသည် သာမက လူထုအပေါ် လွတ်လပ်စွာ ကျူးလွန်မှုများ ပြုလုပ်နေဆဲပင်။ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို စစ်တပ်အတွက် အရံသင့်ချန်ထားရပြီး ကာကွယ်ရေးနှင့်ပြည်ထဲရေး ၀န်ကြီးနှစ်ဦးစလုံးနေရာ၌ စစ်ဗိုလ်ချုပ်များကိုသာ ခန့်အပ်လျက်ရှိသည်။

မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ကရင် တိုက်ခိုက်ရေးသမားများနှင့် ဗမာစစ်တပ် အကြား တိုက်ပွဲသတင်းရယူနေသော ဂျာနယ်လစ် ကိုပါကြီးအား စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းက မြန်မာနိုင်ငံအတွင်းရှိ စစ်တပ်၏ပြစ် ဒဏ်ရှောင်မှုကို ရှင်းလင်းစွာ မီးမောင်းထိုးပြလိုက်သည်။ ကိုပါကြီးသည် ကရင်တိုက်ခိုက်ရေးသမားများအတွက် အလုပ်လုပ်ပေးနေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း၊ သေနတ်တစ်လက်ကို ဆောင်ယူထားကြောင်း စစ်တပ်မှပြော ဆိုသည်ဟု မြန်မာမီဒီယာများက ဖော်ပြကြသည်။

၎င်းမှာ မမှန်ကန်သောဖြစ်စဉ်ဟု စာနယ်ဇင်းသမားတို့မှ ယုံကြည်ထားပြီး၊ ကိုပါကြီး၏ရုပ်အလောင်းကို သူ့မိသားစုအား မဆက်သွယ်ဘဲ အဘယ့်ကြောင့် စစ်တပ်က မြုပ်နှံလိုက်ရ သနည်းဟု မေးခွန်းထုတ်ကြသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများထံမှ အသံထွက်လာပြီးနောက် သူ့အလောင်းကို ပြန်ဖော်ကြည့်ရန် အစိုးရမှ အမိန့်ထုတ်ပြန်သည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေသော မြန်မာပြည်မြောက်ပိုင်းဒေသတွင် နောက်ထပ် တိုင်းရင်းသား လူနည်းစုဝင်ဖြစ်သည့် ကချင် လူမျိုးအရပ်သားတို့အား ပစ်မှတ်ထားနေဆဲ အထောက်အထားကို မိမိတို့ရရှိထားကြောင်း မြန်မာပြည် တွင်း လူ့အခွင့်အရေးစောင့်ကြည့် အကဲဖြတ်နေသည့် Fortify Rights လူမှုလှုပ်ရှားတက်ကြွသူများအုပ်စုက ဆိုသည်။

ကြာသပတေးနေ့တွင်ထုတ်ပြန်သော Fortify Rights ၏ ၆ မျက်နှာပါ သုတေသနအစီရင်ခံစာတွင် “မြန်မာစစ်တပ်က အရပ်သားတွေရဲ့ နေအိမ်ကို အမြောက်များနဲ့ပစ်ခတ်ပြီး မီးလောင်တိုက်သွင်းခဲ့တယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ယာယီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်။။ သာမန်အရပ်သားတွေကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ရွာတွေထဲဝင်ရောက်စီးနင်းကြပါတယ်” ဟု ဖော်ပြထားသည်။ ထိုသုတေသနအစီရင်ခံစာမှာ ပဋိပက္ခနယ်မြေရပ်ဝန်းထဲတွင် လူတွေ့မေးမြန်းမှုပေါင်း ၁၀၀ အပေါ် အခြေခံပြုစုထားခြင်းဖြစ်ပြီး ၂၀၁၁ မှ ၂၀၁၃ ခုနှစ်တစ်လျှောက် ဖြစ်အင်များ ပါဝင်သည်။

New York Times တွင်ဖော်ပြသော THOMAS FULLER ၏ Report Cites Evidence of War Crimes in Myanmar သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

ဓါတ်ပုံ အညွှန်း- ကရင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ကရင် စစ်ပြေးဒုက္ခသည်များ Photograph: Free Burma Rangers/EPA

Web Link =>http://www.m-mediagroup.com/news/33939

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: