၂၀၁၂ ခုနှစ် ရခိုင် ပြသနာ- ဦးသိန်းစိန် အစိုးရ စီမံချက်နဲ့ စတယ်.. အမျိုးသားရေး ဟစ်ကြွေးနေတဲ့ အေးမောင်တို့က ၀င်ကတယ်

အကြွေး-

၁၉၄၂ ခုနှစ် ရခိုင်ပြသနာ-
ဗိုလ်ရန်နိုင်ရဲ့ လူသတ်မှု- ကစတယ်။ ဒီမှာ ဗုဒ္ဓဘာသာ နဲ့ မွတ်ဆလင် ပြသနာကြီး ဖြစ်ပြီး ဘုန်းကြီး စိန္တာ က ဆက်ကခဲ့တော့- တရားခံက ဘုန်းကြီးစိန္တာ ဖြစ်ခဲ့ရတယ်။ ဂျပန် အမျိုးသားရေး ၀ါဒီ အစိုးရက ရခိုင်ဘက်က အာဏာအား လက်နက်အား ကူညီခဲ့တယ်။ အာဏာအား လက်နက်အား ရှိတဲ့ လူအုပ်စုက အရေးသာမလား၊ လက်ဗလာ အာဏာမဲ့ လူအုပ်စုက အရေးသာ မလား ဉာဏ်ရှိသူတိုင်း စဉ်းစားနိုင်ပါတယ်။

မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ စစ်တွေက မွတ်ဆလင်တွေ (သူတို့ရဲ့ လူနည်းစု ရပ်ဝှမ်းဖြစ်လို့) အထိနာခဲ့တယ်။ မြောက်ပိုင်း မောင်းတော ခရိုင်ကို အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ရ တယ်။ မောင်းတော ခရိုင်ထဲ ရိုဟင်ဂျာတွေ စုပြုံပြီး လူဦးရေ များသွားခဲ့တယ်။

လွတ်လပ်ရေး ရပြီး ဦးနု အစိုးရ လက်ထက် – ဒီလူတွေကို သူတို့ရဲ့ မူလနေရာမှာ ပြန်လည် နေရာ ချထားပေးပါမယ်လို့ ကတိတွေ အကြိမ်ကြိမ်ပေးခဲ့တယ်။- သို့သော် ၁၉၅၇ ခုနှစ်မှာ မြေပုံမြို့နယ် အတွင်း လူ ရာ ဂဏန်းလောက် နေရာချပေးခဲ့တာကလွဲ ဘာမှ မလုပ်ပေးခဲ့ဘူး။

ဖျက်ဆီးခံလိုက်ရတဲ့ ရွာပေါင်းများစွာကို ဒီနေ့ ရခိုင် တွေက သူတို့ရွာတွေပါလို့ သမိုင်း ကို ဗြောင်လိမ်နေတယ်။

၂၀၁၂ ခုနှစ် ရခိုင် ပြသနာ-

ဦးသိန်းစိန် အစိုးရ စီမံချက်နဲ့ စတယ်။ အမျိုးသားရေး ဟစ်ကြွေးနေတဲ့ အေးမောင်တို့က ၀င်ကတယ်။ မြို့ကြီးရွာကြီးတွေ ပျက်စီးခဲ့ရတယ်။ လက်နက်ကိုင်နဲ့ အာဏာပိုင်တို့က ရခိုင်တွေဘက်က ရပ်တယ်။ ဒါလည်း ရခိုင်တွေက ကြောက်နေရပါတယ်လို့ အသံဟစ်ကြသေးတယ်။ လူပေါင်းများစွာ သေရတယ်။ ထွက်ပြေးရတယ်။ Camp တွေထဲကို ရောက်ကုန်တယ်။

ဒီ အကြွေးတွေအတွက် ဦးသိန်းစိန် အစိုးရနဲ့ မျက်ကန်းအမျိုးသားရေး ၀ါဒီတွေ ပေးဆပ်ဘို့ တာဝန်ရှိတယ်။ အလွန် အံ့သြစရာ အပြောင်းအလွဲကြီးကို တရားဝင်ကြေညာပြီး ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖေါ်ဆောင်နေတဲ့ ရှေ့မှီ နောက်မှီ သမ္မကြီး အကြွေးတွေပြန်ပြီးဆပ်ဖို့ လုပ်ရဲရင် ခံရဲတဲ့ သတ္တိတော့ရှိသင့်ပါတယ်။အဲ့ဒီ့အကြွေးတွေကို သမ္မတကြီးနိုင်ငံအပေါ်ဘယ်လိုဆပ်မလည်းသိချင်စမ်းပါဘိ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: