ဗမာစစ်အစိုးရက- အလှူရှင်တွေ အာရဗီကျောင်းသားတွေနဲ့ မိဘတွေမင်္ဂလာပွဲသွားတဲ့ မိသားစုတွေ-သတို့သမီး သတို့သားတွေ- ထမင်းချက်သူတွေကို ပါမချန် TERRORIST တီရှပ်တွေ ၀တ်ပေးနေပါပြီ-

ပုဂ္ဂိုလ်တဦးကပြောတယ်-

ခင်ဗျားတို့ ယောင်မှားပြီးတော့များ လက်နက်မကိုင်လိုက်ပါနဲ့-တဲ့………………..

သူတို့ဆီမှာ Terrorist လို့ တံဆိပ်ရိုက်ထားတဲ့ တီရှပ်တွေ အဆင်သင့်ရှိနေတယ်-တဲ့……………….

ခင်ဗျားတို့ကို အဲ့ဒီ တီရှပ်တွေ ၀တ်ပေးလိုက်လိမ့်မယ်-တဲ့………………….

ဟုတ်ကဲ့ခင်ဗျာ-

အဲ့ဒီအခြေအနေကိုမြင်လို့ သည်းခံနေတာ တော်တော်လွန်နေပါပြီ-

အခု ဗမာစစ်အစိုးရက-

အလှူရှင်တွေကို TERRORIST တီရှပ်တွေ ၀တ်ပေးနေပါပြီ-

အာရဗီကျောင်းသားတွေနဲ့ မိဘတွေကို TERRORIST တီရှပ် တွေ ၀တ်ပေးနေပါပြီ-

မင်္ဂလာပွဲသွားတဲ့ မိသားစုတွေ-သတို့သမီး သတို့သားတွေ- ထမင်းချက်သူတွေပါမချန် TERRORIST တီရှပ်တွေ ၀တ်ပေး နေကြပါပြီ-

ဝိုင်းဝန်း စောင့် ကျပ် ပိတ်ဆို့ပြီး တကမ္ဘာလုံးနဲ့ အဆက်အသွယ်အဖြတ်ခံ ထားတဲ့ ရိုဟင်ဂျာတွေကို RSO လို့ သမှုတ်ပြီးတော့- TERRORIST တီရှပ်တွေ ၀တ်ပေးနေကြပါပြီ-

အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်ခံရမှာကို စိုးရိမ် ထိတ်လန့်နေကြတဲ့ အာလင်မ်သာသနာ့ပညာရှင်တွေ ကလေးသူငယ်တွေပါ မချန် TERRORIST တီရှပ်တွေ ၀တ်ပေးနေကြပါပြီ-

အဲ့ဒီလို မတရားသဖြင့် TERRORIST တီရှပ်တွေ ၀တ်အပေးခံ နေရတာကို-

နိုင်ငံတကာအဖွဲ့အစည်းတွေ

တာဝန်ရှိတဲ့သူတွေက ထိထိရောက်ရောက် တားမြစ်မပေးဘူး
ဟန့်တားမပေးနိုင်ဘူးဆိုရင်-

ဖိနှိပ်ချုပ်ချယ် ညှဉ်းပမ်း နှိပ်စက် ခံရတဲ့သူတွေက သူတို့ကြိုက် တဲ့အရောင်-သူတို့ကြိုက်တဲ့ ဒီဇိုင်းနဲ့ တီရှပ် တွေကို ဖန်တီး ၀တ်ဆင်ကြတဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်-

ရခိုင်ပြည်က ရိုဟင်ဂျာတွေ အားလုံးကုန်မသွားခင်-

မြန်မာပြည်အတွင်းက အစ္စလာမ်ဘာသာဝင်တွေ ပြားပြားဝပ် အနှိမ်နင်းမခံရခင်-

နိုင်ငံတကာအဖွဲ့အစည်းတွေ

တာဝန်ရှိတဲ့သူတွေ

ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အလုပ် လုပ်ကြဖို့ လိုအပ်နေပါပြီ………..။

4 Responses to “ဗမာစစ်အစိုးရက- အလှူရှင်တွေ အာရဗီကျောင်းသားတွေနဲ့ မိဘတွေမင်္ဂလာပွဲသွားတဲ့ မိသားစုတွေ-သတို့သမီး သတို့သားတွေ- ထမင်းချက်သူတွေကို ပါမချန် TERRORIST တီရှပ်တွေ ၀တ်ပေးနေပါပြီ-”

  1. drkokogyi Says:

    ရဲ ရဲ

    မိန်းမရွှင်တွေ ကတဲ့ဇတ်
    ************************

    @1 say အာဆီယံထိပ်သီးအစည်းအဝေးကလည်းနီးပြီ…
    အိုဘားမားကလည်းလာခါနီးပြီ……

    @2 say
    ဟုတ်ကဲ့ — အဲ့တော့

    @1 say
    RSO လေးယောက်မြန်မာပြည်ရောက်နေတယ် ဓါတ်ပုံ
    လူနာမည် အတိအကျရထားတယ်…

    @2 say
    ဒီဇာတ်လမ်းမှာလဲ ထုတ်ဝေသူ မင်းသားမင်းသမီး လူကြမ်း အကုန်လုံးက တဦးထဲဘဲဖြစ်နေမှာ မြန်မာအစိုးရက ဇာတ်အိမ်ဇာတ်ညွန်းသရုပ်ဆောင်အနုအကြမ်း အကုန်ပိုင်ပြီးသား ခုလဲကိုယ်တိုင်ရေးဇာတ်ဖြစ်နေအုံးမယ်………… ဟ်ဟ်
    မိန်းမရွှင်တွေကတဲ့ဇတ်လမ်းကြီးပါဗျာ …

    ရဲရဲ

  2. drkokogyi Says:

    တရုတ် ငချိတ်

    အိုဘားမား မျက်နှာလုပ်ဖို့ မရှိတဲ့ အကြမ်းဖက်သမား

    ရေငုပ်ရှာပုံတော်ဖွင့်တော့မလို့လား ဗျာ..

    အကြမ်းဖက်ခံလူသားတွေ က အကြမ်းသမားပုံ

    ပေါက်အောင် ဘယ်လိုများ လုပ်ကြံဦးမှာလည်း.

  3. drkokogyi Says:

    တရုတ် ငချိတ်

    မဟုတ်တာလုပ်ဖို့ မကောင်းကြံဖို့

    ချနင်းဖို့ ထိုးကျွေးဖို့ လုပ်ကြံဖို့ ဆို ထွက်လိုက်တဲ့

    ညာဏ်နီညာဏ်နက်ညာဏ်ပြာ တွေ ဒါတွေ ယုံတဲ့

    လူတန်းစားအသီးသီး အလွှာမျိုးစုံ ရှိနေတာ ပိုအံ့သြ

    တယ်…

    တိုးတက်ဦးမယ်

    ခေတ်မှီဦးမယ် စောင့်နေ…

  4. drkokogyi Says:

    UAT
    အာစီယံအစည်းအဝေး၊ အိုဘားမားလာခါနီးလေ အစိုးရဘက်ကနေ အယ်ကိုင်ဒါဆိုတဲ့နာမည်ကို ပြည်တွင်းမှာ တွင်တွင်သုံးလေ ဖြစ်နေတယ်။

    ခုနကလည်း ရေဒီယိုနားထောင်နေတာမှာ bbc ကို ပြည်တွင်း ရဲမှူးကဖြေသွားတယ်။

    အာစီယံအစည်းအဝေးနီးလာတော့ လုံခြုံရေးကို ပိုဂရုစိုက်နေရတယ်။ အကြမ်းဖက်သူတွေ ပြည်တွင်းကို ၀င်နေရောက်နေတာရယ် အယ်ကိုင်ဒါကလည်း အကြမ်းဖက်ဖို့ကြေညာထားတော့ ပိုပြီးသတိထားနေရတယ်လို ဖြေသွားတယ်။

    ကြည့်ရတာ ဗုံးခွဲတာ အကြမ်းဖက်တာတွေကို အစိုးရပိုင်းက ဂွင်ချလုပ်ပြီး RSO တို့ အယ်လ်ကိုင်ဒါတို့ဘက် လွှဲချပြီး အိုဘားမားကိုလည်း အာရုံလှည့်မယ်ထင်တယ်။

    ပြည်တွင်းက မွတ်စလင်တွေ ဓါးစာခံတွေ ထပ်ဖြစ်ကြရဦးမယ်ထင်တယ်။

    ပြည်တွင်းက လူငယ်တစ်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: