ဘယ်သူက ညွှန်ကြားလို့ ဘယ်လို စိတ်ဓာတ်တွေနဲ့ နာခံ ရေးသားနေကြသလဲတော့မသိ “တပ်မတော်က ထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရသော- ကိုပါကြီး” ?

ဒီကနေ့ သတင်းရေးကြတာတွေကို ကြည့်လိုက်တော့

တပ်မတော်က ထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရသော- ကိုပါကြီး ဆိုတဲ့ အရေးအသားတွေ တွေ့နေရတယ်-

ဘယ်သူက ညွှန်ကြားလို့ ဘယ်လို စိတ်ဓာတ်တွေနဲ့ နာခံ ရေးသားနေကြသလဲတော့မသိဘူး-

တကယ်ဆို စစ်တပ်က ဖမ်းသတ်လိုက်တာလေ-

နောက်ပိတ်ဆုံး သိပ်ရေးချင်သပဆိုရင် စစ်တပ်ကဖမ်းဆီးစစ်ဆေးစဉ် သေနတ်လုပြီးထွက်ပြေးရန် ကြံစည်သဖြင့် ပစ်သတ်ခြင်းခံရသော-ပေါ့ဗျာ-

နောက်-

ကိုပါကြီးရဲ့ အလောင်းကို စစ်ဆေးတာ-ပြီးသွားပြီလား-

အခုစစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ အခုလောက်စစ်ဆေးယုံနဲ့တော့ အဖြစ်မှန်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ-

ကိုပါကြီးရဲ့ အလောင်းကို နိုင်ငံတကာ မှုခင်ဘက်ဆိုင်ရာ ဆေးပညာရှင်များကို အကူအညီတောင်းပြီး စစ်ဆေးသင့်ပါ တယ်-

မှုခင်းဘက်ဆိုင်ရာဆေးပညာရှင်တယောက်ဟာ ဘယ်လောက်အချိန်ကြာကြာက သေထားတဲ့ အလောင်းဘဲ ဖြစ်နေပါစေ-

သူတို့ ခွဲစိတ်္စ်ဆေးရပြီ ဆိုတာနဲ့-

-အသတ်ခံရသူဟာ မသေမှီက အစာရေစာဖြတ်တောက်ခြင်း ခံထားရသလား

-နောက်ဆုံး အစာကို မသေမှီ ဘယ်နှနာရီက စားခဲ့တယ်

-ဘာတွေစားခဲ့တယ်

-မသေမှီ မူးယစ်ဆေးဝါး တိုက်ကျွေးခံရခြင်း-ထိုးသွင်းခံရခြင်း ရှိမရှိ

-မသေမှီက မည်သည့်အရိုးများကျိုးခဲ့သနည်း

-သေပြီး မည်သည့်အရိုးများကျိုးခဲ့သနည်း

-မသေမှီ ရသောဒဏ်ရာ နှင့် သေပြီးရသောဒဏ်ရာ

-ဒဏ်ရာတခုခြင်းအပေါ် အကြိမ်ရေ မည်မျှ ရိုက်နှက်ခြင်း ခံခဲ့ရသည်

-အဓိက မည်သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့ရသည်

-သေနတ်ဒဏ်ရာမှာ မသေမှီက အပစ်ခံရသလား-သေပြီးမှ ပစ်ထားတာလား

-သေနတ်ကို ဘယ် နေရာက ဘယ်လောက်အကွာအဝေးက ပစ်ခဲ့တာလဲ

-သေနတ်အမျိုးအစားနဲ့ သုံးတဲ့ ကျည်ဆန်

-သေနတ်ပစ်သူက ဘယ်သန်လား ညာသန်လား

-သေနတ်တစ်လက်ထဲက အကြိမ်ကြိမ်ပစ်တာလား ၀ိုင်းပစ်ကြတာလား

-မသေမှီက ကျိုးထားတဲ့ အရိုးပေါ်ကို တောက်ထပ် ဘယ်အချိန်တွေမှာ ထပ်ရိုက်ချိုးထားသေးသလဲ

-စိတ်ကြွဆေးတွေပေးပြီး ထိပ်လန့်ပြီး ထွက်ပြေးအောင် ဖန်တီးထားခဲ့သလား

-မုသားဖော်တဲ့ဆေးတွေ အတိုက်ကျွေးခံခဲ့ရသလား

-သေပြီးမှ မြေမြှုတ်ခဲ့တာလား မြေမြှုတ်ခံရပြီးမှ သေတာလား

— အစရှိသဖြင့် အသေးစိတ် စစ်ဆေး ဖော်ထုတ်လို့ ရနိုင်ပါ တယ်-

နိုင်ငံခြား ဇတ်လမ်းတွဲတွေဖြစ်တဲ့- The X file တို့ C.S.I. တို့ ကိုကြည့်ရင် ဒီပညာရပ်အကြောင်း သိနိုင်ပါတယ်-

လူတယောက်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ် ဓမ္မတာအတိုင်း ရောဂါနဲ့ သေသွားခဲ့တယ်ဆိုရင်တောင် ရဲက သေမှုသေခင်း (လူသေမှု)ဖွင့်ပြီး စစ်ဆေးရပါတယ်-

ကိုပါကြီး ဖြစ်သွားတဲ့ အခြေအနေမှာ ရဲက လူသေမှုအဖြစ် စစ်ဆေးတာမလုပ်ဘူး-မြေမြှုတ်သင်္ဂြိုခွင့်လက်မှတ်မပါဘဲ မြေမြှုတ်လိုက်တယ်ဆိုတော့ အလောင်းဖျောက်ဖျက်မှုလဲ ဖြစ်နေပါတယ်-

အဲ့ဒီနောက် စစ်တပ်က သတင်းလိမ်ညာထုတ်ပြန်ခဲ့ပါတယ်-

အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီးတွေ လွှတ်တော်အမတ်တွေက အစ လူသတ်မှုကို ဖုန်းကွယ်ဖို့ ပေါ်ပေါ်တင်တင် လုပ်ဆောင် ခဲ့ကြပါတယ်-

ပြည်သူလူထုကို ခြိမ်းခြောက်ခဲ့ကြပါတယ်-

အဲ့ဒီတော့

ကိုပါကြီး အသတ်ခံရတဲ့အမှုမှာ

ကျူးလွန်ခဲ့သူ-ပါဝင်ပတ်သက်ခဲ့သူ-အလောင်းဖျောက်ပေးခဲ့ သူ-ထိန်ချန်ထားခဲ့သူ-လိမ်ညာသတင်းပေးခဲ့သူ- အမှုဖျောက် ရန်ကြိုးစားခဲ့သူ-တာဝန်ရှိတဲ့သူ အားလုံး အရေးယူနိုင်ဖို့ လိုအပ်ပါတယ်-

နိုင်ငံတကာ အဖွဲ့အစည်းများကို အကူအညီ တောင်းခံသင့်ပါတယ်-

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: