ကချင်ပြည်နယ်အတွင်း ဘာသာရေး အကြမ်းဖက်မှု စတင်နေပြီ

ကချင်ပြည်နယ်အတွင်း ဘာသာရေး အကြမ်းဖက်မှု စတင်နေပြီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘကျေးရွာအုပ်စု တာမခန်မြောက်ပိုင်း ဘူးဟောင်းပါးမှာ

ရှမ်းဘုန်းကြီးတပါး ကျောင်းထိုင်ပါတယ်-အဲ့ဒီဘုန်းကြီးဟာ ၉၆၉ အမာခံခေါင်းဆောင်ဖြစ်ပါတယ်-

တာမခံကျေးရွာမှာ လူနေအိမ်ခြေ ၃၀၀ခန့်ရှိတဲ့အထဲမှာ အစ္စလာမ်ဘာသာဝင် အိမ် ၅၀ ခန့်ရှိပါတယ်-

၂၀၁၄ခုနှစ် သြဂုတ်လ ၂၁ရက်နေ့ကထဲက အဆိုပါ ဘုန်းကြီး က တာမခံကျေးရွာအတွင်း အစ္စလာမ်ဘာသာဝင်များ နေထိုင်ခွင့်မပြု-တို့ ၀င်ထွက်သွားလာခြင်းမပြုရ-တို့

ရောင်းဝယ်ဖောက်ကားလုပ်ကိုင်စားသောက်ခြင်း မပြုရ-တို့
အစ္စလာမ်ဘာသာဝင်ကို အိမ်မငှားရ-တို့

ကို ကျေးရွာအတွင်း အာဏာပိုင်သဖွယ် အမိန့်တွေထုတ်နေခဲ့တာပါ-

အစ္စလာမ်ဘာသာဝင်များရဲ့ ဈေးဆိုင်များအနီးမှာလဲ သင်္ဃန်းဝတ်တွေ စောင့်ကျပ် ကြည့်ရှုနေပြီး- ဈေးဝယ်လာသော ဗုဒ္ဓဘာသာဝင်များကို ကုလားဆိုင်မှ မ၀ယ်ရန် တားမြစ်သလို ၀ယ်ယူပြီးဖြစ်ပါကလည်း ပစ္စည်းပြန်ပေး ငွေပြန်တောင်းခိုင်းခြင်းများကို ပြုလုပ်နေခဲ့ ပါသည်-

ရဲကို အကြောင်းကြား အကူအညီတောင်းတော့လဲ-သူတို့ အစ္စ လာမ်ဘာသာဝင်တွေကို အကာအကွယ်မပေးနိုင်ကြောင်း- ရဲအင်အား ၁၀ယောက်ဘဲရှိလို့ လူစုလူဝေးနဲ့ အကြမ်းဖက် တိုက်ခိုက်လာရင် ဘာမှ မတတ်နိုင်လို့ တိမ်းရှောင်နေကြဖို့ဘဲ ပြောခဲ့ပါတယ်-

ယမန်နေ့ ၁၀-၁၁-၂၀၁၄ နေ့ နေ့လည်ပိုင်းကစပြီး အဆိုပါ ဟောင်ပါး ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင် ဘုန်းကြီးမှ
အစ္စလာမ်ဘာသာဝင်များ ရွာအတွင်းမှ ထွက်ခွာပေးရန် မထွက်ခွာပါက အသက်အိုးအိမ် စည်းစိမ်တွေအတွက် တာဝန်မယူဘူး-ဟု လိုက်လံကြေငြာခဲ့ပါသည်-

အတည်တကျ အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်ကြသူများကိုလည်း မိမိတို့နေအိမ်များတွင် ဆက်လက်မနေထိုင်ဘဲ ထွက်ခွာသွား ကြရန် လိုက်လံ ခြိမ်းခြောက် နှင်ထုတ်နေပါသည်-

နေ့ချင်းပြန် ကျောက်အရောင်းအ၀ယ်လာရောက်လုပ်ကိုင်သူ မွတ်စလင်များကိုလည်း ရွာတွင်းသို့ အ၀င်မခံဘဲ လိုက်လံ မောင်းထုတ်နေပါသည်-

ဗုဒ္ဓဘာသာဝင် အိမ်ရှင်များကိုလည်းမွတ်စလင်များအား လက်မခံရန်-မွတ်စလင်များနှင့် အရောင်းအ၀ယ်မလုပ်ကြရန်-
နေအိမ်များ ငှားရမ်းနေထိုင်စေခြင်း-တည်းခိုစေခြင်းများ မပြု လုပ်ကြရန် လိုက်လံ တားမြစ်နေပါသည်-

အကယ်၍ ၎င်းးအမိန့်ကို မနာခံ ဖောက်ဖျက်ခဲ့ပါက နေအိမ် မီးရှို့ခံရခြင်း-ဒါးခုတ်ခံရခြင်း-သတ်ဖြတ်ခြင်းများ ခံကြရမည် ဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် လိုက်လံကြေငြာနေပါသည်-

တနယ်လုံး တရွာလုံး အုပ်သြော်သောင်းနင်း ကျီးလန့်စာစား ထိတ်လန့် တုန်လှုပ် နေကြသော်လည်း အာဏာပိုင် အဖွဲ့များ က မသိကျိုးကျွန်ပြုလျှက် လူရမ်းကားများကို ဟန့်တား အရေးယူမှု တစုံတရာမရှိဘဲ ဘာသာရေးအကြမ်းဖက်မှုများ ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်-

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: