အမေရိကန် သမ္မတ အိုဘားမားနှင့် သီးသန့် အင်တာဗျူး

ရိုဟင်ဂျာတွေနဲ့ အခြားမူဆလင် လူ့အဖွဲ့အစည်းတွေကို ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်လည်း အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။

မြန်မာအစိုးရဟာ သူရဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုဘ၀ကောင်းမွန်ရေးကို ဆောင်ရွက်ရန်အတွက် တာဝန်ရှိပါတယ်။ နောက်ပြီး နိုင်ငံသားတွေ အားလုံးရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့အတွက် တာဝန် ရှိပါတယ်။

(2015) ဒီရွေးကောက်ပွဲဟာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ရှေ့ဆက်ပြီး ဘယ်လိုဆက်ဆံမယ် ဆိုတာကို အဆုံးအဖြတ် ပေးမှာပါ။ ကျနော်ပြောခဲ့သလိုပဲ၊ ကျနော် မြန်မာအစိုးရကို ပြောချင်တာကတော့ မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံသား အားလုံးရဲ့ လူမှုဘ၀ တိုးတက်ကောင်းမွန်ရေးနဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အစိုးရတိုင်းရဲ့ အခြေခံ တာဝန်တွေထဲက တခုဖြစ်ပါတယ်။ မတရားခံရသူတွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်း ပေးရမှာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစွာ ဥပဒေနဲ့အညီ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို အသစ်ပြန်လည် တည်ဆောက်မှုမှာ လူတိုင်း ပါဝင်ဆောင်ရွက်ရပါမယ်။

ဥပမာ အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြား မွတ်စလင် အသိုင်းအ၀ိုင်းတွေအပေါ် အကြမ်းဖက်မှု အများစုဟာ ဒေသခံတွေက ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တိုးတက် ကောင်းမွန်စေဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တာဝန်ရှိပါတယ်။ စိန်ခေါ်မှု အခက်အခဲတွေကို ဖြေရှင်းပေးရပါမယ်။

READ ALL AT THE SOURCE @ အမေရိကန် သမ္မတ အိုဘားမားနှင့် သီးသန့် အင်တာဗျူး

 

One Response to “အမေရိကန် သမ္မတ အိုဘားမားနှင့် သီးသန့် အင်တာဗျူး”

  1. drkokogyi Says:

    Hundrick Kil

    ဒီမယ် အိုဘားမား
    ခင်ဗျား ဖာသာ ခင်များ
    ဘယ်နိုင်ငံက သမ္မတပဲ ဖြစ်ဖြစ်
    ဘယ်နိုင်ငံက ဘယ်လို ဘွဲ့ပဲ ရရ

    ဒါ မြန်မာနိုင်ငံ
    ပညာ အရည်အချင်းထက်
    စိတ်ဓာတ်ကို ဦးစားပေးတယ်
    အများညီလို့ `ချီး´ ကျွေးရင်လည်း စားတယ်

    ဒီနိုင်ငံမှာ
    နိုင်ငံတကာ စံညွှန်းဆိုတာလည်း နားထားလိုက်
    နိုင်ငံတကာ ဥပဒေ ဆိုတာလား
    နားထားလိုက်

    ရိုဟင်ဂျာလား `NO´
    လူ့အခွင့် အရေးလား `NO´
    တိုင်းရင်းသား အရေးလား `NO´
    အဘတို့ ကောင်းစားဖို့လား `တနိုင်ငံလုံး ထောက်ခံအောင် လုပ်ပြမယ်´

    ဒီလို ဖြစ်လာအောင်
    ဘာသာ သာသနာဆိုတဲ့ ကစားကွက်ကို ခင်းပေးထားတယ်
    ခင်ဗျား ဆက်လျှောက်ကြည့်
    ဘာလဲ ဆိုတာ သိမယ်

    ဒီ့ထက် အံ့သြတာ သိချင်ရင် ဆက်ဖတ်
    အင်တာပိုလား `နားထားလိုက်´
    `RSO´ မရှိဘူး ခင်ဗျား ပြောချင်နေတယ်မလား
    `ဟော့ ဟိုက ဆိုင်းဘုတ်ထဲက ၄ ယောက်ကိုကြည့်´

    ရှင်းတယ်နော်
    ဒါ မြန်မာပြည်
    ၅ လောင်းပြိုင် လူသတ်မှု မပေါ်သေးဘူး
    သစ်ခိုးထုတ်မှု နှာစေးနေသေးတယ်

    ကြာတယ်ဗျာ ခင်ဗျား လစ်တော့
    Air Force One ထဲက ပစ္စည်းတွေပြန်စစ်ကြည့်
    တခုခု ပျောက်နေရင် အကြောင်းကြား
    စုံ/ကော် ဖွဲ့ပြီး စုံစမ်းပေးမယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: