မြန်မာ့ လွှတ်တော်သည် ဦးအောင်သောင်းကို အမေရိကန်၏ Black List သွင်းမှုအား ညံ့ဖျင်းစွာဖြင့် လက်မခံပဲထကန့်ကွက်လိုက်ခြင်း

Pa Yit
ရှက်တတ်ရင်တော့ (၁)

အိုဘားမားရောက်လာပြီ..တရုတ်ကိုအဖေခေါ်နေတဲ့…..နွားပိန်းကြီးငယ်အယုတ်လတ်အမြတ်မရွေး
အသံတိတ်သွားပြီ..သူတို့အဖေတွေကိုယ်တိုင်.
.ပြောခဲ့တဲ့..

ပြည်ပအားကိုပုဆိန်ရိုး…
အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ..
ဆိုတဲ့စကားတွေ..

အမေရိကန်က ကြိုးကိုင်နေတယ်ဆိုတဲ့
ခင်ညွန့်အာပုတ်နံ့သင်းတဲ့ လေသံတွေ..

…ရန်တိုက်ပေးနေသည်..
…သွေးထိုးပေးနေသည်…
ဆိုတဲ့ကျော်ဆန်းအူသံတွေ..၊

နားမယောင်လေနဲ့သတိထားဆိုတဲ့..
ဖွတ်နွားတွေရဲ့ ဆေးထိုးသံတွေ..

အဲဒီအသံတွေပျောက်သွားချေပြီ..၊

တရုတ်ပါတဲ့ ချီးကိုစားနေရာက..
အန်ကယ်ဆန်ရဲ့အမဲရိုးကိုမြင်တော့..
အသံတိတ် ပြေးဟပ်လေပြီ…၊

———————-

(၂)

ဖွတ်အုပ်စုများသည်..
အမေရိကန်ကို ပြန်ဖါးချင်လေတော့..
အမေရိကန်အပါအ၀င်..အနောက်နိုင်ငံတွေနဲ့
ရင်းနှီးပြီး နီးစပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို.
သူတို့ကိုယ်တိုင် အနောက်အုပ်စုနဲ့ယိုးစွပ်ထားတဲ့…
စွပ်စွဲချက်တွေမသုံးတော့ပဲ.. လေသံပြောင်းပြီး…
ကုလားအားပေးဆိုတဲ့တံဆိပ်ကပ်နေပြန်ပြီ..

သူတို့လောက် စိတ်ဓာတ်နိမ့်ကျသောနွားများကို.
ကမ္ဘာတွင်မြင်ဘူးအံ့မထင်ပေ…

“အမေရိကန်နဲ့အဆင်ပြေမဲ့ပြေရင်..
သူတို့နဲ့ပဲပြေရမည်..သူတို့မှာ အာဏာရှိနေသမျှ..
အမေရိကန်ကိုအဆင်ပြေအောင်လုပ်နိုင်သည်” ဟူသော
အောက်တန်းစားစိတ်ဓာတ်ကိုလဲ..
တစ်ခါတစ်လေ…လှစ်ဟ ပြလာလေသည်.၊

သို့ပေသည့်..
အဲဒီလိုသောက်တလွဲလုပ်ကြပါမှ..
သူတို့သည်…အကြီးအကျယ်..
သောက်ရှက်ထပ်ကွဲပါတော့သည်.၊

အာဏာရှင်များ၏ လက်စလက်နများနှင့်..
ဦးအောင်သောင်း၏မိုက်မဲရမ်းကားစိတ်ကို…
ဒီပဲယင်းကိစ္စဖြစ်ကတည်းက..
အကျယ်တ၀င့်လေ့လာထားပုံရသော
ကမ္ဘာ့နံပတ်(၁)သမ္မတ အိုဘားမားသည်…

ဦးအောင်သောင်းကို…
Black List သွင်းပြလိုက်ပြီး..
ပထမဆုံးရှေ့ပြေးပစ်မှတ်ကို…ပစ်ချလိုက်သည်၊

အိုဘားမားပစ်လိုက်သည်မှာ..
တစ်ချက်ထဲပင်ဖြစ်သည်…
အထိနာသွားသည်မှာ…
တစ်အုပ်စုလုံးဖြစ်သည်…

အဘယ့်ကြောင့်နည်း…?

ထိုးထက်ပိုကာ အံ့သြစရာများဖြစ်လာသည်..

အကြောင်းမှာ..

ဖွတ်ပါတီမှကြီးမားသောအမှားကြီးကို
ကျူးလွန်မိခြင်းကြောင့်ပေတည်း….၊

————————

(၃)

အမေရိကန်အစိုးရမှ…
မြန်မာနိုင်ငံမှ ဦးအောင်သောင်းဟုဆိုသော
လူတစ်ယောက်ကို…
Personal သက်သက် BLACK LIST သွင်းလိုက်ရခြင်းကို
လွှတ်တော်ရော…၊ ပြည်ခိုင်ဖြိုးရော..ဆတ်ဆတ်ထိမခံစရာ
အကြောင်းလုံးဝမရှိပေ..၊

အမေရိကန်အစိုးရမှ ဦးအောင်သောင်းအား..
Black List သွင်းလိုက်သောအချိန်သည်..
မြန်မာနိုင်ငံ၏ အစိုးရနှင့်လွှတ်တော်တို့အား
ကမ္ဘာမှ အာရုံစိုက်နေသည့်အချိန်ဖြစ်သလို
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလည်းမှုအချို့ကို
ကမ္ဘာမှ အသိအမှတ်ပြုနေပြီး ဆန်ရှင်အများစုကို
ရုတ်သိမ်းနေချိန့်ဖြစ်သည်..

ထိုအချိန်မျိုးတွင် ဦးအောင်သောင်းကို…အမေရိကန်မှ
ဆန်ရှင်ပိတ်ဆို့လိုက်သည့်အတွက် ဖြစ်သင့်သည့်ကိစ္စမှာ..
ပါတီနှင့်နိုင်ငံတော်သိက္ခာကို ကျဆင်းစေသော ဦးအောင်သောင်းကို
ရာထူးမှထုတ်ပြီး အနားပေးဆုံးမရန်ကလွဲပြီး…
အခြားလုပ်စရာနည်းလမ်းမရှိပေ…

သို့သော် မြန်မာ့ လွှတ်တော်သည်
တိုင်းသိပြည်သိ မိုက်မဲရမ်းကားပြီး..
ပြည်သူ့ဘဏ္ဍာဖြင့်ချမ်းသာနေသော..
ဦးအောင်သောင်းကို အမေရိကန်၏ Black List သွင်းမှုအား..
သူတော်စင်တစ်ဦးကို Black List သွင်းမိသည့်အလား..
ညံ့ဖျင်းစွာဖြင့် လက်မခံပဲထကန့်ကွက်လိုက်ခြင်းပင်တည်း..
အံ့သြဖွယ်ကောင်းပေစွ..၊

သူတို့ပါတီနှင့် တိုင်းပြည်သိက္ခာကျသဖြင့်
ကန့်ကွက်ရခြင်းဖြစ်သည်ဟု
သိက္ခာ တစ်စက်မှမရှိသူများက ဆင်ခြေပေးကြပြန်သည်.၊

လွန်ခဲ့သောနှစ်နှစ်က လွှတ်တော်တွင်..
အစိုးရအဖွဲ့ဝင်များ၏ပိုင်ဆိုင်မှုများတင်ပြရန်အဆိုတင်ချိန်တွင်
ဝိုင်းကန့်ကွက်ကြကတည်းက လွှတ်တော်တွင်
သိက္ခာတစ်စက်မှမရှိတော့တာ
အားလုံးအသိပင်ဖြစ်သည်..၊

———————–

(၄)

ထိုကန့်ကွက်သောကိစ္စသည်….
ရုတ်တရက်ကြည့်ပါက မှန်ကန်သည်ဟု
ထင်ရသော်လည်း…ထိုအချက်သည်..ပြည်ခိုင်ဖြိုးပါတီ၏
ကြီးမားသောအမှားကြီးဖြစ်နေပေသည်..၊

အဘယ့်ကြောင့်ဆိုသော်..

ဦးအောင်သောင်းထိရင် မခံသော ဖွတ်ပေါင်းစုံ၏
အနေအထားကို တွေ့ရသဖြင့်…
ဦးအောင်သောင်း၏ သြဇာညောင်းမှုကို..
တွေ့လာရသလို…
ထိုသြဇာညောင်းမှုအစစ်အမှန်သည်..
ဦးအောင်သောင်း၏နောက်ကွယ်မှ..
ဦးသန်းရွှေနှင့် ဦးမောင်အေး၏ သြဇာညောင်းမှုသာဖြစ်ကြောင်း
အမေရိကန်အစိုးရအပါအ၀င် မြန်မာပြည်သူတို့ကို..
မြန်မာ့လွှတ်တော်က ညံ့ဖျင်းစွာဖြင့်..
ထုတ်ဖေါ်ပြသသွားပေသည်.၊
ကြေငြာမောင်းခတ်စရာပင် မလိုချေ.၊

ထို့ပြင် ဦးအောင်သောင်းသည် ..
သူကျူးလွန်ခဲ့သောကိစ္စများကို
ငြင်းဆိုမှုမပြုခဲ့သည်ကလဲ .
သံသယဖြစ်ဖွယ်ဖြစ်နေပါသည်၊

ထို့ကြောင့် ဦးအောင်သောင်းကို
ဆန်ရှင်ပိတ်မှုအား မြန်မာ့လွှတ်တော်က
ထကန့်ကွက်ခြင်းသည်…
အနာဖြစ်တာကို အက်ဆစ်လောင်းမိသော
အဖြစ်အပျက်ပေတည်း..

လွှတ်တော်ထဲတွင် ထိုကိစ္စဆွေးနွေးဆုံးဖြတ်ချိန်တွင်..
NLD ငြိမ်နေခြင်းသည်လဲ သူတို့ကိုထောင်ချောက်ဆင်မှုကို
သိသိကြီးနဲ့ ဟ..ပေးပြီး..လူကျွံဘောပြန်ဖမ်းခြင်းတစ်မျိုးသာ
ဖြစ်နိုင်ပေသည်.၊

———————

(၅)

ဘာပဲပြောပြော အမေရိကန်သမ္မတအိုဘားမား၏
ကျေးဇူးကြောင့် မျက်နှာဖုံးများ ကွာကျသွားပေသည်..၊

ဦးသန်းရွှေ၏သြဇာလွှမ်းမိုးမှုစစ်တမ်းကို
ဦးအောင်သောင်းကိစ္စဖြင့် ထုတ်ဖေါ်နိုင်ခဲ့သည်..၊

အံ့သြဖွယ် အိုဘားမားပါပေ..၊

ဘားမား ဟုအမည်ပါဝင်သော..
ထိုအမေရိကန်သမ္မတ၏နာမည်ကိုက ထူးဆန်းသည်..၊

မြန်မာပြည်ကိုစိတ်အ၀င်စားဆုံး
အမေရိကန်သမ္မတဖြစ်ပါသည်၊

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်မှလွတ်လွတ်ချင်း
သူ နှင့်ပထမဆုံးအကြိမ်တွေ့ဆုံချိန်တွင်
သူသည် ၀မ်းသာဂုဏ်ယူမှုကြောင့်
အရမ်းစိတ်လှုပ်ရှားခဲ့ကြောင်းကို
မနေ့တစ်နေ့ကမှ မီဒီယာများအားဖွင့်ဟပြောခဲ့သူ..
အမေရိကန်သမ္မတဖြစ်ပါသည်..၊

ထိုသမ္မတကို…..မျိုးနှစ်များက ဆန္ဒပြမည်ဟု..
ကြိုးစားသေးသည်….

တရုတ်အစိုးရပင်မလုပ်ရဲသည့်..
ကမ္ဘာ့အစ္စလာမ်အစွန်းရောက်များကို..သူ၏တပ်များအား
စတေးလျှက်..လိုက်လံအမှည့်ချွေချွေနေသောအိုဘားမားကို..
ကုလားမကောင်းကြောင်း ပါးစပ်ကသာအော်ဟစ်ရဲသော
လုပ်စားမျိုးနှစ် များကဆန္ဒပြပါက…
မျိုးနှစ်အုပ်စု သောက်ရှက်ကွဲမှုမှာ..
အတိုင်းအဆမရှိဖြစ်သွားပေမည်…

အခုမြန်မာနိုင်ငံတွင်.ရောက်ရှိနေသော
အိုဘားမား၏လုံခြုံရေးအဖွဲ့ များထဲတွင်ပင်
အီရတ်နှင့် အာဖဂန်စစ်မြေပြင်ရှိ အစ္စလာမ္မစ်စစ်သွေးကြွများ၊
အကြမ်းဖက်သမားများနဲ့ တိုက်ခိုက်ခဲ့ဖူးသူအနည်းနှင့်အများဆိုသလို
ပါဝင်လာမည်မှာ မလွဲပင်ဖြစ်သည်..
လေပဲကျယ်တတ်ကြသော..လုပ်စားမျိုးနှစ်များအား..
ထိုသူများက အသေအလဲလှောင်ပြောင်နိုင်ပေသည်..၊

ရှက်တတ်ရင်လဲသေသင့်ပါသည်..၊

( Pa Yit)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: