အမေရိကန်လုံခြုံရေးယန္တရားက တိမ်သလ္လာဖုံးနေတဲ့ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်မှု

အမေရိကန်လုံခြုံရေးယန္တရားက တိမ်သလ္လာဖုံးနေတဲ့ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်မှု
***************************************************

မဲမဲမြင်ရာ မွတ်စလင်အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်လေ့ရှိတဲ့ အမေရိကန်လုံခြုံရေးယန္တရားက ၉၆၉ ခေါင်းဆောင် ရာဇ၀တ်ကောင် ဗုဒ္ဓဘာသာဘုန်းကြီး ၀ီရသူကို အကြမ်းဖက်သမားအဖြစ် ဘာကြောင့် မသတ်မှတ်ရသေးတာပါလဲ။

ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံကလွဲလို့ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာ သူ့ကိုယ်သူ “ဗမာဘင်လာဒင်”လို့ ခေါ်တဲ့ ၀ီရသူကို “ဗုဒ္ဓဘာသာဝင် အကြမ်းဖက်မျက်နှာစာ” အဖြစ် စာလုံးကြီးကြီးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

ဘာသာရေးအကြမ်းဖက်မှုပြစ်ဒဏ်နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပေမယ့် ဗြိတိန်နိုင်ငံက မြန်မာဘုန်းကြီးကျောင်းက ၀ီရသူကို “ဘာသာရေး လွတ်လပ်ခွင့်ဆု”ပေးခဲ့ပါတယ်။

အဲဒီသီတင်းပတ်ထဲမှာပဲ ရန်ကုန်က မွတ်စလင်တွေရဲ့ စာသင်ကျောင်းဟာ ဗလီတစ်ခုအဖြစ် အသွင်ပြောင်းနေတယ်ဆိုတဲ့ ကောလဟလကိုလည်း သူက ဖြန့်ချိနေချိန်ဖြစ်ပါ တယ်။ သမ္မတဦးသိန်းစိန်ကတော့ ၀ီရသူကို ငြိမ်းချမ်းရေးလိုလားတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အဖြစ်တောင် ချီးကျူးလိုက်ပါသေးတယ်။

ဝီရသူရဲ့ ၉၆၉ အုပ်စုဟာ မကြာခင်က သီရိလင်္ကာနဲ့ အိန္ဒိယက အလားတူ မွတ်စလင်မုန်းတီးရေး အကြမ်းဖက်မှုတွေကို လှုံဆော်ပေးတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းပါတယ်။ ဒါပေမယ့် အမေရိကန်လုံခြုံရေးယန္တရားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေသလို နိုင်ငံတကာနိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မြန်မာအစိုးရရဲ့ စိတ်ကူးသက်သက် ဒီမိုကရေစီချဉ်းကပ်မှုကို ချီးကျူးပြောဆိုပြီး စစ်ရေး၊ စီးပွားရေးကိစ္စတွေမှာ ဆက်လက်ဆက်ဆံနေတာတွေ တွေ့ရပါတယ်။

အဲဒီအချိန်မှာ အစ္စလာမ်ကမ္ဘာကတော့ အသားမည်း ရိုဟင်ဂျာတွေကို မွတ်စလင်တွေအဖြစ် အသိအမှတ်ပြုဖို့တောင်အနိုင်နိုင်ပါပဲ။

အခြေအနေတွေက တစ်သန်းခွဲရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို တဖြည်းဖြည်းချင်း မချိတင်ကဲခံစားရပြီး မျိုးတုံးသွားလောက်အောင်တော့ မဆိုးဝါးနိုင်ပါဘူး။

မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်အကြမ်းဖက်မှုတွေ ဆွပေးတဲ့ နေရာမှာတော့ ၀ီရသူရဲ့ ပါးစပ်ဟာ မုန်းတီးရေးဝါဒဖြန့်မှုတွေ စွန့်ထုတ်တဲ့ မိလ္လာပိုက်တစ်ခုလိုပါပဲ။ သူဟာ အင်္ဂလန်က အမျိုးသားရေးလက်ယာစွန်းအဖွဲ့ဖြစ်တဲ့ အင်္ဂလိပ်ကာကွယ်ရေးအဖွဲ့ EDL ကို ချီးကျူးတဲ့အကြောင်း မှတ်တမ်းမှတ်ရာရှိထားပါတယ်။ ဒါ့အပြင် သူက အခုလို စကားတွေကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

“မွတ်စလင် ဧည့်သည်တွေဟာ ဗုဒ္ဓဘာသာအိမ်ရှင်တွေရဲ့ သည်းခံမှုတွေ၊ ဧည့်ဝတ်ကျေပွန်မှုတွေကို စော်ကားနေတယ်၊ အကြမ်းဖက်နေတယ်၊ ကျုပ်တို့က ဒီသူခိုး၊ ဓါးပြတွေရဲ့ ကျူးကျော် စော်ကားနေတာတွေကို သည်းခံနေရတာ ကြာပြီ၊ ကျုပ်တို့ အကြမ်းမဖက်ချင်ဘူး၊ ဒါပေမယ့် သူတို့က ကားသူခိုးတွေလိုပဲ ဆက်ပြီး ကျူးလွန်နေတယ်၊ ဒါကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုပြီ၊ CIA တို့ မော့ဆက်တို့လို စနစ်တကျ စီမံကိန်းတွေချပြီး လုပ်ရမယ်၊ ကျုပ် မန္တလေးက မွတ်စလင်တွေကို စားစရာမရှိအောင်လုပ်ပြမယ်၊ စားစရာမရှိအောင်တင်မဟုတ်ဘူး နေစရာမရှိအောင်ပါ ကျုပ်လုပ်ပြမယ်၊ တပည့်တော်က စပြီဟေ့ဆိုတာနဲ့တစ်ံပြိုင်နက် ဆရာတော်တို့က တပည့်တော်နောက်မှာ အသင့်ရှိပါစေ”

“ဒီတစ်ကြိမ် တိုက်ပွဲအောင်ပြီဆိုရင် နောက်ထပ်မွတ်စလင် ပစ်မှတ်တွေကို တိုက်မယ်၊ ကျုပ်တို့ ပစ်မှတ်ကို အမိအရ တိုက်ရမယ်၊ အခုဆိုရင် မော်လမြိုင်ဟာ ရန်သူ့လက်ထဲ ကျရောက်နေပြီ ကုလားလက်ထဲကျရောက်နေပြီ၊ ဒါကြောင့် ကျုပ်တို့ရဲ့ ဗုဒ္ဓဘာသာပြည်သူ့စစ်နဲ့ စည်းရုံးပြီး မကျရှုံးအောင်လုပ်ရမယ်”

“မွတ်စလင်တွေဟာ သူတို့အားနည်းတဲ့အခါ သည်းခံနေမယ်၊ သူတို့အားကောင်းလာရင် မြေခွေးလို ၀ံပုလွေ အုပ်စုဖွဲ့ပြီး တိုက်တော့တာပါပဲ”

ဒါဟာ ၀ီရသူ ပြောဆိုခဲ့တာတွေပါ။ ဒီအကြမ်းဖက် ဘုန်းကြီးကို ပြစ်တင်ဝေဖန်တဲ့အခါမှာ ကျွန်တော်တွေဟာ တခြားသိက္ခာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ရှိနေသေးတယ်ဆိုတာကို မျက်စိမလျှမ်းဖို့လိုသလို ဒီလိုလူမျိုးရေးအစွန်းရောက်အကြမ်းဖက်မှုတွေကို နောက်ကွယ်ကနေ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ထောက်ခံအားပေးနေတဲ့ မြန်မာအစိုးရကကိုလည်း မျက်ကွယ်ပြုမထားသင့်ပါဘူး။

လူအများစု မေးတာက ရိုဟင်ဂျာမွတ်စလင်တွေ ရင်ဆိုင်နေရာတဲ့ အန္တရာယ်ကို ထိန်းသိမ်းလျှော့ချပေးရာမှာ အမေရိကန်က တရားဝင်ဘယ်လို ကူညီမလဲဆိုတာပါပဲ။ တကယ်တော့ လုပ်ပြီးကိုင်ပြီး ဖြစ်နေရမယ့် အချက်တွေ အများကြီးပါ။ အဲဒီအထဲမှာ လုံခြုံရေးယန္တရားက မွတ်စလင်တွေအပေါ် ကျင့်သုံးခဲ့ပုံစံအတိုင်း ၀ီရသူနဲ့ သူ့အဖွဲ့အစည်းကို အမေရိကန်က “အကြမ်းဖက်တွေ”အဖြစ် တရားဝင်အမည်စာရင်းသတ်မှတ်မှုကနေ စတင်နိုင်ပါတယ်။

————–
ဆောင်းပါးရှင် Barry Grossman သည် အင်ဒိုနီးရှား၊ ဘာလီအခြေစိုက် နိုင်ငံတကာရှေ့နေတစ်ဦးနှင့် နိုင်ငံရေးဝေဖန်သုံးသပ်သူတစ်ဦးဖြစ်သည်။

Source : Press TV
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: