ယုန်ယုတ်တွေ … အမှန်တရားကို ဖုံးကွယ် ရေစုန်မှာမျှောရင်း ကုပ်သွေးစုပ် အမြတ်ထုတ် တတ်ကြတဲ့ ယုန်လည်တွေပေါ့ …။

မြန်မာပြည်မှာ ယုန်အမျိုးအစား
ဘယ်လောက်ရှိမယ် ထင်လဲ။
ကျုပ်ပြောကြည့်မယ်။

၁။- ဘာမှမသိနားမလည်တဲ့ ယုန်တွေ
၂။- နှာစေးနေတဲ့ ယုန်တွေ
၃။- သူရဲကောင်း ယုန်တွေ

ပထမအမျိုးအစားကသိပ်ကိုသနားဖို့
ကောင်းပါတယ်။နိုင်ငံရေးရာတွေဟာ ကိုယ်
နဲ့မသက်ဆိုင်ဘူး။ကိုယ့်အလုပ်မဟုတ်ဘူး လို့
နားလည်ထားကြတယ်။သိဖို့လဲမကြိုးစားကြဘူး။
ကိုယ်လုပ်မှကိုယ်စားရတာ လို့ ဒီလိုဘဲ
လက်ခံထာံးကြတယ်။

ဒုတိယအမျိုးအစားကသိပ်ပါးနပ်တယ်။
ပညာတတ်တွေ ဝန်ထမ်းတွေ ငွေကြေးချမ်း
သာသူတွေဖြစ်ကြတယ်။နိုင်ငံရေးမိုးလေဝသ
အခြေအနေကိုကြည့်တတ်တယ်။ဓမ္မနဲ့အဓမ္မ
ခွဲသိတယ်။ဒါပေမဲ့ ဘယ်ဘက်မှမရပ်ဘူး။
ကြောက်တတ်ဝန်ကင်းသမားတွေများတယ်။

အင်မတန် သေးသိမ်ပြီး … ရေသာခို အချောင်လိုက်
သာရာညာပေါင်း ဗလောင်းဗလဲ အင်မတန်
နိုင်တဲ့ ယုန်ယုတ်တွေ … အမှန်တရားကို ဖုံးကွယ်
ရေစုန်မှာမျှောရင်း ကုပ်သွေးစုပ် အမြတ်ထုတ်
တတ်ကြတဲ့ ယုန်လည်တွေပေါ့ …။

တတိယအမျိုးအစားကအမှား အမှန်ကို
ပိုင်းခြားနိုင်တယ်။ကိုယ်တိုင်လဲပါဝင်တယ်။
တစ်ချို့ဆိုယင် သူတို့ဘဝတစ်ခုလုံးကို ဒီထဲ
မှာဘဲမြှပ်နှံထားတယ်။တစ်ချို့ဘဝအပျက်ခံ
တယ်။တစ်ချို့အသက်ပါပေးပြီးစတေးသွား
တယ်။

တသက်မှာ တခါသေစမြဲမို့ … အလိမ်အညာနဲ့
အသက်ရှင်သန်ဖို့ မလိုလား … အမှန်တရားနဲ့
သမိုင်းကို ရေးထိုးသွားတဲ့ ယုန်တွေ …။
သူရဲကောင်း ယုန်တွေ …။

ဝံပုလွေနဲ့ ၀က်ဝံကိုပါ စည်းရုံးပြီး ခြင်္သေ့မင်းကို
ပူးပေါင်းအင်အားနဲ့ ပြန်လှန်တိုက်စစ်ဆင်
အနိုင်ယူခဲ့တဲ့ ယုန် …။

ကေသရာဇာခြင်္သေ့မင်းရဲ့အာခံတွင်းနံ့ဟာ
နံတယ်လို့ရဲရဲပြောရဲတဲ့ယုန်တွေလိုနေပါဘီ။

အို နှာစေးနေသောယုန်အပေါင်းတို့
ခွပ်ဒေါင်းတွေရဲ့ အော်မြည်သံတွေကို သင်တို့
မကြားကြသလော®®®်

Sayar U Win Naing ရဲ့ ပို့စ်ကို ဖြည့်စွက်ပြုပြင်
ရေးမိပါတယ် ။ ဆရာခွင့်လွှတ်ပါ ။

ဗြန် ။

And I wish to add No4…Rabbits that pretend to be a cat which don’t know how to catch a rat. When they are sure that no one knows or watching them…they would hunt their preys.

Hermit Cats or Kyaung Thudaw LIKE Rabbits. And NUMEROUS Peacocks and Peahen also metamorphosed into  နှာစေးနေတဲ့ ယုန်တွေ…and their hair colours slowly changed into GREENISH tints.

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: