NLD ဒါလား အတိုက်အခံပါတီ? ကျုပ်မြင်တာ ရေလိုက်ငါးလိုက် ပါတီ။

Patrick Tan

ကြံ့ဖွံ့က အမုန်းမီးမွှေးနေသူတွေကို
အရေးမယူတဲ့အပြင် အုံနဲ့ကျင်းနဲ့ပြောင်ပြောင်တင်းတင်း
ထောက်ခံပံ့ပိုးပေးနေတယ်။

NLD က မှန်ရာဟောပြောတဲ့ပါတီဝင်ကို
ရှုံ့ချ အရေးယူ ပိတ်ပင် ဆိုတော့
NLD ဘာလဲ ဘယ်လဲမေးရတော့မယ်။

အတိုက်အခံပါတီဆိုတာ
ဒီမိုကရေစီစနစ်မှာမရှိမဖြစ်လိုအပ်တယ်။
အတိုက်အခံပါတီဆိုတာ
အမြဲတမ်း ကန့်လန့်တိုက်နေတဲ့ပါတီမဟုတ်ဘူး။

နိုင်ငံ့အရေးတွေကိုလွှတ်တော်ထဲမှာ
ကောင်းတာတွေတင်ပြနေရင်
ကောင်းသထက်ကောင်းအောင် အကြံပြုထောက်ခံမယ်၊
မဟုတ်တာတွေ မသင့်တာတွေ တင်ပြလာရင်
ပြည်သူ့အကျိုး တိုင်းပြည်အကျိုးအတွက်
ရဲရဲဝံ့ဝံ့ထောက်ပြကန့်ကွက်ရဲတဲ့ သတ္တိရှိရမယ်။

အခု
ခင်ဗျားတို့ ၂၀၁၀ လွှတ်တော်ထဲစဝင်ကတည်းက
အတိုက်အခံပီသစွာ ဘာတွေများဆောင်ရွက်ပြီးပြီလဲ။

ရခိုင်အရေး၊ မိတ္ထီလာအရေး၊ လားရှိုးအရေး ဒါတွေမမေးဘူး၊
ကုလားအရေးမို့ လက်ဝင်လျှိုမိရင်
ခင်ဗျားတို့အာဏာရရေးအနှောက်အယှက်ဖြစ်မယ်။
ဒါ့ကြောင့်ထားပါတော့။

ကဲပြောပါ
လက်ပံတောင်းတောင်ကိစ္စ၊
လယ်သိမ်းခံရတဲ့လယ်သမားတွေကို
ထပ်ပြီးထောင်ချနေရတဲ့ကိစ္စတွေ၊
မီဒီယာသမားတွေမတရားထောင်ချခံနေရတဲ့ကိစ္စတွေ၊
တရုပ်ကိုထိမိရင် ဖြူနှင်းထွေးလို မတရားခံရတဲ့ကိစ္စတွေ၊
နောက်ဆုံးဗျာ
ခင်ဗျားတို့ပါတီခေါင်းဆောင်ကြီးအတွက်
ဘဝနဲ့အသက်ကို ရင်းပေးရဲတဲ့ ကိုပါကြီးကိစ္စ၊
ခင်ဗျားတို့ပါတီ လွှတ်တော်ထဲမှာ အသံဟဟတောင်ပြောဘူးလား?

ဒါလား အတိုက်အခံပါတီ။
ကျုပ်မြင်တာ
ရေလိုက်ငါးလိုက် ပါတီ။

ခင်ဗျားတို့ကြွေးကျော်ထားတာရှိတယ်။
“တူတာတွဲလုပ် မတူတာခွဲလုပ်” တဲ့။

အခု
ကျုပ်အမြင်ကတော့ ခင်ဗျားတို့အားလုံးတွဲလုပ်နေကြတယ်။
ဒါဆို ခင်ဗျားတို့ ၂၀၁၅ အာဏာရဖို့ရည်ရွယ်ချက်တူလို့
တွဲလုပ်နေကြတဲ့ မဟာမိတ်ပါတီပေါ့။

2 Responses to “NLD ဒါလား အတိုက်အခံပါတီ? ကျုပ်မြင်တာ ရေလိုက်ငါးလိုက် ပါတီ။”

  1. drkokogyi Says:

    ဆရာထင်လင်းဦးရဲ့ စကားတွေပါ …… ကိုအောင်ကြီး ရဲ့ ပြန်လည်ဆွေးနွေးပေးမှုပါ ……
    သိရအောင်ဝေမျှပေးတာပါ …

    (((( ကျုပ်ကတော့ ရှင်းရှင်းပဲ ….
    ဦးဝီရသူရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့အတွက် ဦးဝီရသူကို လူထွက်စေချင်တယ်။ လူထွက်ခိုင်းလို့မကျေနပ်ရင် အရင်ဆုံးလူထွက်လိုက် ပြီးရင် တစ်ယောက်ချင်းထိုးမယ်။ ထိုးပြီးမှ ပြန်ဝတ်ချင်ဝတ်။ ကျုပ် သင်္ကန်းကို အားနာလို့။

    ကျုပ်တို့ ဆဒ္ဒန်ဆင်မင်း ရဲ့ ဥပမာ ကို လက်ကိုင်ထားပြီး အွန်လိုင်းမှာ အပြန်အလှန်ပြောဆိုရတဲ့အကြိမ်ပေါင်းလည်း မနည်းဘူး။ ကျုပ်အနေနဲ့တော့ ဝေဖန်တဲ့သူမရှိရင် သာသနာတော်ကို သက်တမ်းပိုပြီး တိုစေလိမ့်မယ်လို့ယုံကြည်တယ်။ ဒါကြောင့်ဝေဖန်တယ်။ ဝေဖန်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့လည်း ဗုဒ္ဓအလိုကျ ဝေဖန်မှုမျိုးဖြစ်အောင် သတိထားတယ်။ ၀ိဘဇ္ဇ သဘောကို ကျော်လွန်မသွားအောင် အမြဲတမ်းသတိထားတယ်။ ကျုပ်စရိုက် ကျုပ်အကျင့်ကြောင့် ဝေဖန်ရင်းနဲ့ သရော်တော်တော် စကားလုံးတွေပါလာတာတွေရှိတယ်။ ဒါပေမယ့် နောက်ဆုံး ဦးဝီရသူ လူထွက်ပြီး ကျုပ်နဲ့ ထိုးချင်တယ်ဆိုရင် တကယ်ထိုးမယ်ဆိုတာ အတည်ပြောကြောင်းတော့ခင်ဗျားတို့ကို သိစေချင်တယ်။

    ကျုပ်တို့မန်းမှာ အဓိကရုဏ်း ဆန်ဆန်ဖြစ်နေချိန် ရွှေကြေးစည် ရွှေကြေးစည်ဆရာတော် နန်းရှေ့ကနေ အေးရိပ်ငြိမ်ကိုသွားမယ့် အသုဘ ယာဉ်တန်းကို ကျုံးတစ်ပါတ် ပတ်ဖြစ်အောင် ဦးဆောင်တော့လည်း ကျုပ် တိုက်ရိုက်ပြောတယ်။ ရွှေကြေးစည် ဘာလဲ လို့ ကျုပ်မေးတယ်။

    အမျိုးစောင့်ချင်တဲ့ဘုန်းကြီးတွေနဲ့ပတ်သက်လို့လည်း မ.ဘ.သ ဆိုပြီးစကတည်းက မယုံဘူး။ ရဟန်းလုပ်ရမယ့်အလုပ်မဟုတ်ဘူးထင်လို့ မ.ဘ.သ ဆိုရင် အသံတောင် မကြားချင်ဘူး။ အဲ့ဒီ မ.ဘ.သ ရဲ့ အထက်မြန်မာပြည် အစည်းအဝေးပွဲကြီးကို သီတဂူဆရာတော်ကြီးတက်ခဲ့တဲ့အတွက် သီတဂူ ဆရာတော်ကြီးကိုတောင် ကျုပ်စိတ်ကွက်ခဲ့တယ်။ ဒါကျုပ်ပုဂ္ဂလိက ခံစားချက်။

    ဘယ်သူ၊ ဘယ်ဝါ ၊ ဘယ်အဖွဲ့အစည်း ဆိုတာ တိုက်ရိုက်တည်ပြီးပြောဖို့လိုတယ်။ ရဟန်း နဲ့ သံဃာ ဟာ အဓိပ္ပါယ်မတူဘူးဆိုတာ သိဖို့လိုတယ်။ စကားလုံးတွေနဲ့ အဓိပ္ပါယ်တွေ ၊ ရည်ရွယ်ချက်တွေက ကောင်းနေတယ်ဆိုရင် စကားပြောတတ်ဖို့ပဲလိုတယ်။ ပြောတဲ့စကားတွေထဲမှာ အချက်အလက်လေးတွေ မှန်ပြီး ခန့်ညားဖို့ပဲလိုတယ်။

    ကုန်ကုန်ပြောရရင် ပုဂ္ဂလိက ခံစားချက် နဲ့ ခံစားပြီး အနာဂါတ်အတွက် အများသူငါ သွေးထွက်သံယို နည်းပါးစေခြင်းငှာရည်ရွယ်တဲ့စေတနာစကားဟာ ခွေးတစ်ကောင်ရဲ့ ပါးစပ်ကထွက်ရင်တောင် တန်ဖိုးမနိမ့်ပါဘူး။ ပုဂ္ဂလိက ခံစားချက်ဟာ အနှောင်အဖွဲ့ကင်းဖို့တော့လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဘယ်လိုအဖွဲ့အစည်းထဲမှာလဲ ဆိုတာ မြင်အောင်သိအောင် နားလည်အောင်လုပ်ပြီးမှ ကိုယ့်ခံစားချက်ကို လူပုံအလယ်မှာ ချပြဖို့ကြိုးစားတာကပိုပြီးသင့်တော်မယ်ထင်ပါတယ်။

    အမှန်အတိုင်းပြောရရင်တော့ ကျုပ်တို့လို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းထဲမှာမှမပါတဲ့လွတ်လပ်တဲ့အပြင်လူတွေတောင် ကိုယ့်ကြောင့် NLD ပုံရိပ်ကျဆင်းမှာကို စိုးရိမ်ဖော်ရပါသေးတယ်။ အားလုံးမျှော်လင့်ထားတဲ့ ပါတီတစ်ခု အခုလို ဆတ်ဆတ်ထိမခံတဲ့ စည်းရုံးရေးကာလကြီးမှာ ကိုယ့်ကြောင့် သူများအဖွဲ့အစည်းပုံရိပ်ထိခိုက်မှာကို အပြင်လူတွေတောင် စိုးရိမ်ကြပါတယ်လို့ ဆိုလိုချင်တာပါ။ ဒီတော့ ပါတီအတွင်းက လူဆိုရင် ပိုပြီးတော့ ဂရုစိုက်သင့်တယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီပြဿနာတွေအပေါ်မှာ ဘယ်လို လှလှပပ ကိုင်တွယ်နေသလဲဆိုတာ နားလည်အောင်ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကမှန်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာကတစ်ပိုင်း – အဖွဲ့အစည်းကို အလေးထားတဲ့စိတ်က တစ်ပိုင်းပါ။ အဲ့ဒီ နှစ်ပိုင်းကို ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့လိုမယ်ထင်ပါတယ်။

    အဓိပ္ပါယ်မှန် ရည်ရွယ်ချက်မှန် စေတနာမှန်နေပေမယ့် တကယ့် အပြင်လက်တွေ့ လူပုံအလယ်မှာ တင်ပြပုံက အရမ်းအရေးကြီးပါတယ်။

    အဆုံးတော့ ဆရာထင်လင်းဦး(Wisdom Villa) ရဲ့ ဆရာတော်ဦးဝိစာရ အထိမ်းအမှတ်နေ့ စာပေ ဟောပြောပွဲမှာ ပြောခဲ့တဲ့စကားလုံးတွေဟာ ရည်ရွယ်ချက်၊ စေတနာ၊ အမျှော်အမြင်တွေ ပြည့်စုံပြီး သိပ်ကောင်းမွန်လွန်းနေပါလျှက်နဲ့ တင်ပြပုံ၊ အခြေအနေ၊ အချိန်အခါ၊ ဟောပြောသူရဲ့ လက်ရှိရပ်တည်နေရတဲ့နေရာတွေက အံချော်သွားတယ်လို့ပဲ မှတ်ချက်ချမိတယ်။

    ဒါကြောင့် …
    အဲ့ဒီနေ့ ဟောပြောပွဲစကားလုံးတွေပေါ်က ရည်ရွယ်ချက်နဲ့ စေတနာ အတွက် ကျုပ် ဆရာထင်လင်းဦး(Wisdom Villa) ဘက်က ရပ်တည်ပါမယ်။ အပြည့်အ၀ ထောက်ခံပါတယ်။

    ဒါပေမယ့် အချက်အလက်တွေ ၊ အခြေအနေတွေ ၊ အချိန်အခါတွေ ၊ အဖွဲ့အစည်းတွေ စသည်ဖြင့် ပြင်ပအကြောင်းအရာ တွေကို ထည့်တွက်ပြီးပြောရရင်တော့ ကျုပ်ပြောချင်တာတစ်ခွန်းတည်းပါပဲ ….
    “ဆရာထင်လင်းဦး(Wisdom Villa) မှားပါတယ်”

    အောင်ကြီး )))))

    score ;; ကိုစောနိုင်

  2. drkokogyi Says:

    Aungmin Khant

    ဆရာထင်လင်းဦးက အရေခြုံတွေကို အရေခြုံတွေလို့ အမှန်အတိုင်းသွားပြောတော့ အရေခြုံတွေက ပေါက်ကွဲတာပေါ့ဆရာရယ်…..။ဒါပေမဲ့ ဆရာပြောသွားတဲ့အချက်တွေကို မဟုတ်ပါဘူးလို့တော့ မ.ဘ.သ တွေ မငြင်းနိုင်တာတော့ သနားစရာကောင်းပါတယ်။ NOT ONLY Ma Ba Tha…FAKE Demo from NLD also angry.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: