ခံယူထားသည့်ပါတီအမည်မှအားမနာ၊ ဒီမိုကရေစီ၏ အခြေခံ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အဓမ မတရားမှုအတွက် စွန့်လွှတ်အလျော့ပေး လိုက်ပြန်ပါပြီ

အဘတို့နန်းဆောင်ရဲ့ တံစက်မြိတ်အောက်မှာ
ခိုလှုံခွင့်ရထားသောကျေးဇူးကြောင့်

အဘဟောင်းများ၏ကျေးဇူးကိုသိတတ်ပါ၏။

အဘအသစ်တို့ကိုလေးစားပါ၏။

လက်ရှိအာဏာရပါတီနှင့်အစိုးရကို အားနာတတ်ပါ၏။

မဘသတို့ကိုရိုသေမြတ်နိုးရှိခိုးပူဇော်ပါ၏။

၉၆၉ တို့ကို အသိအမှတ်ပြုပါ၏။

ရခွီးတိုအားကြောက်ရွံ့ပါ၏။

စွမ်းအားရှင်များအားတုဖက်ပြိုင်ခြင်းမပြုရဲပါ။

ပြည်သူ့အားထက် ခရိုနီများကိုလိုလားပါ၏။

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားထာတာ
ထောက်မပြရဲပါ။

ပြည်သူ့ဘဏ္ဍာအပီအုပ်တာ
မပြောရဲပါ။

တိုင်းပြည်အရေး ပြည်သူ့အကျိုးစွမ်းစွမ်းတမံစွန့်စားခဲ့သော
မီးလောင်ဗုံးဒါဏ်ခံ သံဃာမြတ်များအရေး
အကိုကြီးတို့အလိုကျပြောပေးခဲ့ပြီးသားပါ။

လယ်မြေအသိမ်းခံရပြီးထောင်ထဲအထည့်ခံရသော
ကျေးဇူးရှင်လယ်သမားကြီးတို့အရေး
စိတ်မဝင်စားသေးပါ။

မတရားဖမ်းဆီးထောင်ချခံ မီဒီယာသမားများ၊
တရုပ်ထိလို့ မတရားစွဲခံ တက်ကြွသူများအရေး
မေ့နေတုန်းပါ။

မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံ
မိမိဘက်တော်သားများအရေး
အမှန်တရားမတောင်းဆိုရဲပါ။

တိုင်းရင်းသားများအရေး
နားမလည်သေးပါ။

ဘာသာခြားများ၏ အသက်အိုးအိမ်စည်းစိမ်များနှင့်
သာသနိက အဆောက်အအုံများ
လုယက်သတ်ဖြတ်ဖျက်ဆီးမီးရို့ခံနေရသည့်အရေး၊
ဟတောင်မဟရဲပါ။

အားလုံးသည်
တရားဥပဒေစိုးမိုးမှုမရှိ၍ဖြစ်နေရသည်၊
တရားဥပဒေစိုးမိုးမှဖြစ်မည်ဆို၍
အကိုကြီးက
ထိုအလုပ်နေရာကိုဖန်တီးပေးထားသော်လည်း
အာဏာရမှသာဖြစ်မည်ဟုဆိုလာပြန်သည်။

သို့ပါ၍
လက်မှတ်ပေါင်းသန်းချီ၍ပေးပြီးပါပြီ။
အကောင်အထည် ဘယ်လိုဖော်ရမည်မှန်းမသိသေး။

ဟောအခုနောက်ဆုံး
ခံယူထားသည့်ပါတီအမည်မှအားမနာ၊
ဒီမိုကရေစီ၏ အခြေခံ
လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို
အမှန်တရားအတွက် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား
ရပ်တည်အကာအကွယ်မပေးနိုင်သည့်အပြင်
အဓမ မတရားမှုအတွက်စွန့်လွှတ်အလျော့ပေးလိုက်ပြန်ပါပြီ။

မြေခွေးနဲ့ဝံပလွေတွေကို ရွံရှာလို့
ခြင်္သေ့မင်း မှတ်ကာ အာကိုးမိပါတယ်၊
ပညာရှိယုန်သူငယ်ဖြစ်နေတယ်။

“ပိုနေမြဲ ကျားနေမြဲ ” ဟေ့။
ဒါပေမယ့်
Status Quo ကတော့ပြန်အဖတ်ဆယ်မရလောက်အောင်
ပျက်သုဉ်းသွားခဲ့တာကြာပြီပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: