မွတ်စလင်(မ်) အားလုံးကို…လက်နက်ကိုင်တော်လှန်ရေးအင်အားစုတစ်ခု ဆောင်ရွက်ဖြစ်လာအောင် တွန်းပို့လာနေပြီ

အကြမ်းဖက်မှုဆီသို့တစ်ကယ်ဦးတည်စေခဲ့ပြီလား?
============================
မြန်မာပြည်တွင်းမှာ…အကြမ်းဖက်သမားဆိုတဲ့ခေါင်းစဉ်တပ်ပေးပြီး
မွတ်စလင်(မ်)အများစုကိုအပြစ်မရှိအပြစ်ရှာဖမ်းဆီးလာနေပါတယ်…
အဲ့ဒီဖမ်းဆီးမှုတွေထဲမှာ…
(၁)ယင်းတော်ဒုက္ခသည်စခန်းတာဝန်ခံဟာဂျီဖိုးလုံးနှင့်အဖွဲ့ကိုလက်နက်မှု
တပ်ပြီးဖမ်းဆီးခဲ့ခြင်း။
(၂)မောင်မောင်လွင်နှင့်အဖွဲ့ကိုဖေါက်ခွဲရေးပုဒ်မတပ်ဖမ်းဆီးခြင်း။
(၃)မိုးနိုင်နှင့်အဖွဲ့ကိုလက်နက်မှုဖြင့်ဖမ်းဆီးခြင်း။
(၄)အာရ်ဗီကျောင်းသားပို့ရန်မြစ်ငယ်သို့လာသောဦးမူဆာနှင့်အဖွဲ့ကို
အကြမ်းဖက်သင်တန်းခေါင်းစဉ်ဖြင့်ဖမ်းဆီးခြင်း။
(၅)မင်္ဂလာဧည့်ခံပွဲသွားသောသတို့သား/သတို့သမီးနှင့်ချက်ပြုတ်ရေးအဖွဲ့
ကိုအကြမ်းဖက်များနှင့်ဆက်သွယ်သည်ဟူသောပုဒ်မဖြင့်ဖမ်းဆီးခြင်း။


(၆)အရောင်းအ၀ယ်ဖြင့်ခရီးသွားသူဟာဂျီယူစွတ်ဖ်ကိုဖေါက်ခွဲရေးသမား
အမည်တပ်ဖမ်းဆီးခြင်း။
(၇)မြစ်ကြီးနားမြို့နေအာနိုးဆိုသူကိုဖေါက်ခွဲရေးပုဒ်မဖြင့်ဖမ်းဆီးခြင်း။
(၈)အလုပ်လုပ်ရန်သွားသောဟာစံ(ခ)ရဲကိုနှင့်အဖွဲ့ကိုအကြမ်းဖက်
သမားများအဖြစ်အမည်တပ်ဖမ်းဆီးခြင်း။

အဲ့ဒီဖမ်းဆီးရမိသူတွေကိုစစ်ဆေးပေါ်ပေါက်ချက်အရဆိုပြီး
အခုလိုဆက်လက်ဖမ်းဆီးရန်ပြင်ဆင်နေကြောင်းသိရှိရပါတယ်…
(၁)ရန်ကုန်မြို့မှအာရ်ဗီဘာသာရေးစာသင်ကျောင်း(၆)ကျောင်းမှ
ကျောင်းဆရာနှင့်ကျောင်းသားများအားအကြမ်းဖက်နှင့်ဆက်သွယ်မှု
ခေါင်းစဉ်တပ်ဖမ်းဆီးရန်။
(၂)ဂျွန်းဗလီအတွင်းဂျေဟားဒ်တရားဟောပြီးဂျေဟားဒ်ကော်မတီဖွဲ့စည်း
ခဲ့သောမွဖ်သီစလင်း(ခ)မွဖ်သီအာရစ်ဖ်နှင့်အဖွဲ့ဝင်(၉)ဦးအားအကြမ်း
ဖက်ရေးလှုံ့ဆော်မှုဖြင့်ဖမ်းဆီးရန်။
(၃)မြစ်ကြီးနားမြို့နေကုန်သည်တစ်ဦးအားအကြမ်းဖက်သမားအဖြစ်
ဖမ်းဆီးရန်။
(၄)လက်ကိုင်ဖုန်းများအတွင်းဂျေဟားဒ်ဗွီဒီယိုဖိုင်ထားရှိသူများကို
အကြမ်းဖက်ခေါင်းစဉ်တပ်ဖမ်းဆီးရန်။

လက်ရှိအဖမ်းခံထားရတဲ့(၈)ဖွဲ့နဲ့ဆက်စပ်တရားခံဆိုပြီးဖမ်းဆီးထားသူ
မွတ်စလင်(မ်)ဦးရေ(၂၀၀)ကျော်ရှိသွားပြီဖြစ်ပါတယ်..ထပ်မံဖမ်းဆီး
ဦးမယ်ဆိုရင်တော့..ဘယ်လောက်အထိများပြားလာမယ်ဆိုတာ
ခန့်မှန်းလို့မရနိုင်တော့ပါဘူး…

လူမျိုးတုန်းသတ်ဖြတ်ခံနေရခြင်း၊ဖိနှိပ်ညှင်းဆဲခံရပြီးအကြမ်းဖက်ခံရ
ခြင်းများကြောင့်မွတ်စလင်(မ်)တိုင်းရဲ့စိတ်ထဲမှာတော့နာကျည်းမှုတွေ
အမြစ်တွယ်နေခဲ့ကြမှာဖြစ်ပေမယ့်…အကြမ်းဖက်မှုပုဒ်မတွေတပ်ရ
လောက်အောင်ဆောင်ရွက်ချက်တွေလည်းမရှိ၊သက်သေခံပစ္စှည်းလည်း
ဖမ်းဆီးရမိခြင်းမရှိပဲ..တရားမဲ့ဖမ်းဆီးနေခြင်းဟာ…မွတ်စလင်(မ်)
အားလုံးကို…လက်နက်ကိုင်တော်လှန်ရေးအင်အားစုတစ်ခု…
ဆောင်ရွက်ဖြစ်လာအောင်….တွန်းပို့လာနေပြီလို့သုံးသပ်နေကြပါတယ်..

အပြစ်မဲ့အဖမ်းခံရပြီး..ပြစ်ဒဏ်တွေပေးခံနေရတဲ့သာဓကတွေလည်း
ရှိခဲ့တာကြောင့်…အဖမ်းခံ..နှိပ်စက်ခံပြီး..အသေခံကြမလား..
တော်လှန်တိုက်ခိုက်ရင်းအသေခံကြမလားဆိုတဲ့..တော်လှန်ရေး
စိတ်ဓါတ်တွေဖြစ်ပေါ်လာကြတော့မယ်လို့လည်း…သုံးသပ်နေကြပါတယ်..

အဲ့ဒီတော့…
မဟုတ်မမှန်စွပ်စွဲခံပြီး…အဖမ်းခံနှိပ်စက်ခံနေကြမှာလား?
တော်လှန်တိုက်ခိုက်ကြမှာလား….ဆိုတာကိုတော့စောင့်ကြည့်ရတော့
မှာပေါ့နော်…

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: